ျပည္ နယ္ ႏွင့္တိုင္း ၆ ခုတြင္ အခ်ိန္ အခါ မဟုတ္ မိုးရြာ နိုင္

စစ္ ကိုင္း ၊ တ နသၤာရီနဲ႔ မေကြး တိုင္း၊ ကခ်င္၊ ရွမ္းနဲ႔ ခ်င္းျပည္နယ္ တို႔မွာ ဒီေန႔ မိုးရြာနိုင္တယ္လို႔ မိုးေလဝသနဲ႔ ဇလေဗဒညႊန္ၾကားမႈ ဦးစီးဌာနက ထုတ္ျပန္ပါတယ္။

photo credit

ဒီေန႔ညေန အထိအတြက္ ခန႔္မွန္းထုတ္ျပန္တာျဖစ္ၿပီး စစ္ကိုင္းတိုင္း အထက္ပိုင္းနဲ႔ ကခ်င္ျပည္နယ္တို႔ မွာ ေနရာက်ဲက်ဲ၊ စစ္ကိုင္းတိုင္းေအာက္ပိုင္း၊ မေကြးတိုင္း၊ တနသၤာရီတိုင္း၊ ရွမ္းနဲ႔ ခ်င္း ျပည္နယ္တို႔မွာ ေနရာကြက္က်ား မိုးထစ္ခ်ဳန္းရြာမွာျဖစ္ၿပီး ရြာနိုင္ေၿခ ရာခိုင္ႏႈန္း ၈၀ ရွိတယ္လို႔ ဆိုပါတယ္။

photo credit

က်န္တဲ့ တိုင္းနဲ႔ ျပည္နယ္တို႔မွာေတာ့ တိမ္အသင့္အတင့္ ျဖစ္ထြန္းနိုင္ပါတယ္။ေနာက္ ၂ ရက္အတြင္းမွာလည္း စစ္တိုင္းတိုင္းနဲ႔ ကခ်င္ျပည္နယ္တို႔မွာ ေနရာက်ဲက်ဲ မိုးထစ္ခ်ဳန္း ရြာနိုင္တယ္လို႔ ဆိုပါတယ္။ ပင္လယ္ျပင္အေျခအေနကေတာ့ ျမန္မာ့ကမ္းရိုးတန္းတေလၽွာက္မွာ ဒီေန႔ မြန္းတည့္ကေန ေနာက္ ၂၄ နာရီအတြင္း ေရျပင္ေလဟာ ၁ နာရီကို ပင္လယ္မိုင္ ၅ မိုင္ကေန ၁၀ မိုင္ တိုက္ခတ္နိုင္ၿပီး

photo credit

တခါတရံမွာေတာ့ ၂၅ မိုင္အထိ တိုက္ခတ္နိုင္ပါတယ္လွိုင္းကေတာ့ အသင့္အတင့္ ရွိမယ္လို႔ဆိုၿပီး အျမင့္ ၈ ေပေလာက္ထိ ရွိနိုင္တယ္လို႔ ခန႔္မွန္းထားပါတယ္။

Unicode

စစ်ကိုင်း၊ တ နင်္သာရီနဲ့ မကွေး တိုင်း၊ ကချင်၊ ရှမ်းနဲ့ ချင်းပြည်နယ် တို့မှာ ဒီနေ့ မိုးရွာနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ပါတယ်။

ဒီနေ့ညနေ အထိအတွက် ခန့်မှန်းထုတ်ပြန်တာဖြစ်ပြီး စစ်ကိုင်းတိုင်း အထက်ပိုင်းနဲ့ ကချင်ပြည်နယ်တို့ မှာ နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မကွေးတိုင်း၊ တနင်္သာရီတိုင်း၊ ရှမ်းနဲ့ ချင်း ပြည်နယ်တို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာမှာဖြစ်ပြီး ရွာနိုင်ခြေ ရာခိုင်နှုန်း ၈၀ ရှိတယ်လို့ ဆိုပါတယ်။

ကျန်တဲ့ တိုင်းနဲ့ ပြည်နယ်တို့မှာတော့ တိမ်အသင့်အတင့် ဖြစ်ထွန်းနိုင်ပါတယ်။နောက် ၂ ရက်အတွင်းမှာလည်း စစ်တိုင်းတိုင်းနဲ့ ကချင်ပြည်နယ်တို့မှာ နေရာကျဲကျဲ မိုးထစ်ချုန်း ရွာနိုင်တယ်လို့ ဆိုပါတယ်။ ပင်လယ်ပြင်အခြေအနေကတော့ မြန်မာ့ကမ်းရိုးတန်းတလျှောက်မှာ ဒီနေ့ မွန်းတည့်ကနေ နောက် ၂၄ နာရီအတွင်း ရေပြင်လေဟာ ၁ နာရီကို ပင်လယ်မိုင် ၅ မိုင်ကနေ ၁၀ မိုင် တိုက်ခတ်နိုင်ပြီး

တခါတရံမှာတော့ ၂၅ မိုင်အထိ တိုက်ခတ်နိုင်ပါတယ်လှိုင်းကတော့ အသင့်အတင့် ရှိမယ်လို့ဆိုပြီး အမြင့် ၈ ပေလောက်ထိ ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *