ရေ( သို့ )ဆေး ကို (၃) ခေါက်ရွတ် ပြီး သောက်က ဆေး အာနိသင် အစွမ်းပို စေသည့်.. ” ဂါထာတော် “

သင်္ဂင်္ဟဂါထာ ( သို့မဟုတ် ) ဝေဒါသာကု

ဤ ဂါထာတော်ကြီး ကို မန္တလေးတိုင်း အမရပူရမြို့ သတ္တမမြောက် ကျော်အောင်စံထား ဆရာတော်ကြီး မှတ်တမ်းတွင်.. တန်ပြန် ဂါထာဟု့၎င်း သရဖူဆောင်း ဂါထာ ဟု၎င်းဖော်ပြပါ ရှိသည် ။

ဂါထာတော် ၏ အစွမ်းနှင့် အသုံးပြု့ပုံ မှာ..

ရေ (သို့ ) ဆေး ကို ၃ ခေါက်ရွတ် ပြီး သောက်က ဆေးအာနိသင် ထက်မြတ်စေ၏ ။၎င်း ဂါထာ အား ကျောက်စရစ်ခဲ လုံး ကို(၃၇) ခေါက်ရွတ်ဆို ပြီး အိမ်ပေါက်ဝ ထားက သူခိုး ဓားပြ အန္တ ရာယ် ကင်းဝေး ၏ ။ ည အိပ်ရာဝင် ( ၇ ) ခေါက် ရွတ်ပြီး အိပ် က လောကီအစီ အရင် စုန်း နတ် ပယောဂ ကင်း၏ ။

သင်္ဂင်္ဟဂါထာ ( ဂါထာပြန် )

ဝေ ၊ ဒါ ၊ သာ ၊ ကု ၊ ကု၊ သာ ၊ ဒါ ၊ ဝေ

ဒါ ၊ ယ ၊ သာ ၊ တ ၊ တ ၊ သာ ၊ ယ ၊ ဒါ

သာ ၊ သာ ၊ ဓိ ၊ ကု ၊ ကု ၊ ဓိ ၊ သာ ၊ သာ

ကု ၊ တ ၊ ကု ၊ ဘု ၊ ဘု ၊ ကု ၊ တ ၊ ကု ၊

ဂါထာ အနက်

(၁)ဝေ ၊ ဒါ ၊ သာ ၊ ကု ၊ ကု၊ သာ ၊ ဒါ ၊ ဝေ

ငါ ၏ ရန်သူ ဟူသမျှ တို့ သည် ဝေးစွာသော အရပ် သို့ လျင်မြန်စွာ ပြေးစေကုန်းသတည်း/ငါ့ အား မကောင်း သဖြင့် ကြံစည်သူတ်ု့သည် မိမိ အလို ကို အကြံအစည် ပျက်သော အားဖြင့် ပျောက်စေကုန်သတည်း ။

(၂) ဒါ ၊ ယ ၊ သာ ၊ တ ၊ တ ၊ သာ ၊ ယ ၊ ဒါ

ငါ၏ ဒါန စေတနာ ကြောင့် အခြံအရံ အကျော်စော တို့သည် ပွားများစေကုန်သတည်း ငါပြု့မိသော အကုသိုလ် (၁၀) ပါး တ်ို့သည် ငါ ပြု့မိသော ကုသိုလ် (၁၀) ပါး ၏ တန်ခိုး အားတော်ကြောင့် ပြေပျောက်စေကုန်သတည်း ။

(၃) သာ ၊ သာ ၊ ဓိ ၊ ကု ၊ ကု ၊ ဓိ ၊ သာ ၊ သာ

စက်ဆုပ်ဖွယ်သော သူတို့အား ၎င်းအမျက် မာန ဒေါသ ရှိသောသူတို့အား၎င်း ဆုံးမ သြဝါဒ ပေးခြင်း ဖြင့်သာလျှင်အောင်မြင်စေသတည်း ထိုသို့သော အမျက်မာန မာန်တက်သူတို့နှင့် ရှည်မြင့်စွာ မပေါင်းဖော်ရသည် ဖြစ်ပါစေသတည်း ။

(၄) ကု ၊ တ ၊ ကု ၊ ဘု ၊ ဘု ၊ ကု ၊ တ ၊ ကု ၊

ကုသိုလ် ပြု့ စရိုက် ပြု့ကျင့်လေ့ ရှိသော သူတော်ကောင်း တို့နှင့်သာလျှင် ဖြစ်လေရာ သံသရာ ဘဝအဆက်ဆက်၌ တွေ့ဆုံပေါင်းဖော်ခြင်း ကို ပြု့ရပါစေသတည်းအကုသိုလ် ဒု့စရိုက် ပွားများသူတ်ု့နှင့် ဖြစ်လေ ရာ သံသရာ ဘဝအဆက်ဆက်၌ အခါ ခပ်သိမ်း တွေ့ဆုံ ပေါင်းဖော်ခြင်းမပြု့ရသည် ဖြစ်ပါစေသတည်း ။၎င်းး ဂါထာ ကို နေ့ည မပြက် ရွတ်ဖတ် ပုတီးစိပ် က ဘုန်းတန်ခိုး အာနုဘော် ကြီးစေ၏ ။ကျက်သရေ တိုးစေ၏ ။ လူ နှင့် နတ်များ ချစ်ခင်၏ ။ သူတစ်ပါး မကောင်း မကြံစည်နိုင်။ရောင်းကုန်စွံလိုလျှင် ရောင်းလိုသောပစ္စည်း အား ထိုဂါထာရွတ်ဖတ်ထားသော ရေ သနပ်ခါး ဖြင့် ပက်ဖြန်းပါ။၎င်း ဂါထာတော်သည် တာဝတိံသာ ဝေဇယန္တာနန်းမြို့လေးထောင့် တွင် စိုက်ထားသော ကျောက်တိုင်လေး တိုင် တွင် ရေး သား ထား သည့်ဂါ ထာ ဖြစ်လေ သည်။

မြန်မာသက္ကရာဇ် ( ၁၂၄၈) ခု့ နှစ်ခန့်က အထက်ချင်းတွင်း (မုံရွာ ) အလုံ မြို့နယ် ရှိ တစ်ခု့ ထဲသော တောရကျောင်းတွင် သီတင်းသုံး နေထိုင်သော ဘုန်းတော်ကြီး တစ်ပါး သည် ထို ဂါထာ ကိုနေ့ ည မပြက် ပုတီးစိပ်လေသည်။ရပ်ရွာ ဒကာ / မ များ သည် ဘုရားတည်ရန်ငွေများ ကို ဆရာတော် ထံ အပ်နှံထား ၏ ။ထိုငွေများ အား တိုက်ခိုက်ရန် ဓားပြ များ ကျောင်း ကို ရှာသော်လည်း တညလုံး ရှာမရ ဖြစ်ခဲ့၏အရုဏ် တက်မှသာ ကျောင်း၏ နေရာမှန်ကို တွေ့ ကြ ၍ ဆရာတော် အား ထိုဓားပြများမှတောင်းပန်လျှောက်ထား ခဲ့လေ သည်။

ဖတ်မှတ်ခဲ့သောစာစု့များ မှ

ဝေမျှကုသိုလ် ( မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ်ပေးပါသည် )

Add a Comment

Your email address will not be published. Required fields are marked *