အုတ်ကျင်း အတွင်း သို့ ရေဆင်းကူးသည့် ၅ တန်း ကျောင်းသား ၂ ဦး ရေနစ် သေဆုံးမှုဖြစ်ပွား

ပဲခူးမြို့သစ် (က) ရပ် ကွက်ရှိ အုတ်လုပ်ငန်းလုပ်ကိုင် ရန်တူးဖော်ထားသော ကျင်းအ တွင်း အလယ်တန်းကျောင်းသား ခြောက်ဦးရေဆင်းကူးရာမှ နှစ်ဦး သေဆုံးမှု ဖေဖော်ဝါရီ ၂၇ ရက် တွင် ဖြစ်ပွားခဲ့သည်။

အထကခွဲ (၃) အင်းဝင် ကျောင်းမှ ကျောင်းသားခြောက် ဦးသည် ပဲခူးမြို့သစ် (က) ရပ် ကွက်ရှိ အုတ်ဖုတ်ရန် အသုံးပြု သော အနက်ပေ ၃၀၊ အကျယ် ပေ ၅၀ ခန့်ရှိ မြေကျင်းအတွင်း ရေဆင်းကူးရာ နှစ်ဦးသေဆုံး ကြောင်း ရဲမှတ်တမ်းက ဖော်ပြ သည်။

‘‘သေမှုသေခင်းနဲ့အမှုဖွင့် ထားတယ်။ အကြောင်းရင်းကို တော့မသိသေးဘူးဗျ။ စစ်ဆေး နေတုန်းပဲ’’ ဟု ပဲခူးမြို့မရဲစခန်း မှ တာဝန်ကျရဲအရာရှိတစ်ဦးက ပြောသည်။

အုတ်ကျင်း အတွင်း သို့ ရေဆင်းကူးသည့် ၅ တန်း ကျောင်းသား ၂ ဦး ရေနစ် သေဆုံးမှုဖြစ်ပွား

ရေနစ်သေဆုံးသော ငါး တန်း ကျောင်းသားနှစ်ဦးသည်အသက် (၁၁) နှစ်အရွယ် မောင်ဥဿာဖြိုးနှင့် (၁၃) နှစ်အရွယ် မောင်တင့်ဝေထူးဖြစ်ပြီး ၎င်းတို့ နှင့်အတူ လိုက်ပါခဲ့သော ကျောင်း သားလေးဦး သေဆုံးခြင်းမရှိ ကြောင်း ရဲမှတ်တမ်းက ဖော်ပြ သည်။

အဆိုပါ ကလေးငယ်များ သည် မွန်းလွဲ ၁၂ နာရီခန့်တွင် ကျောင်းသို့မသွားဘဲ အုတ်ကျင်း သို့သွားရောက်ရေကူးရာ ရေနစ် ပျောက်ဆုံးသဖြင့် ရဲတပ်ဖွဲ့ဝင် များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ များနှင့်ကျောင်းသားမိဘများက လိုက်လံရှာဖွေရာ ညနေ ၄ နာရီ ခန့်၌ ကလေးနှစ်ဦး၏ ရုပ်အ လောင်းများ ဆယ်ယူရရှိသည်။

အုတ်ကျင်း အတွင်း သို့ ရေဆင်းကူးသည့် ၅ တန်း ကျောင်းသား ၂ ဦး ရေနစ် သေဆုံးမှုဖြစ်ပွား

ကျောင်းသားနှစ်ဦးရေနစ် သေဆုံးမှုကို ပဲခူးမြို့မရဲစခန်းက သေမှုသေခင်းဖြင့် အမှုဖွင့်ထား ပြီး ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်၊ မဟုတ်စုံစမ်းစစ်ဆေး လျက်ရှိသည်။

ခရစ်ဒက် – 7Day Daily

Add a Comment

Your email address will not be published. Required fields are marked *