ကျွန်တော့်နှ လုံးသားကို.. ကိုင်လှုပ်နိုင်ခဲ့သော. ကျောင်းသားလေး..

ဘယ် ကနေ အမြစ် တည် လာမှန်း မသိတဲ့ အမှားကြီး တစ် ခု ရှိ တယ်.. ။လူအများစု ကတော့ အာဏာ နဲ့ ပါဝါရလာရင် ငွေပါ အလွဲ သုံးစားလုပ်ကြတယ် အဲ့ဒီအချိန်တွေ ပတ် ဝန်းကျင် မှာ ကျွန်တော် တို့ ကျင်လည်နေ ရတယ်ဆိုတာ အမှန်တရား တစ်ခု ပဲ မဟုတ်လား….။

စတု တ္ထတန်း စာမေးပွဲ ပထမနေ့ပြီးလို့ ဒုတိယနေ့ အတွက်လေ့ကျင့်ခန်းလုပ်နေချိန်ပေါ့ ကျောင်းသား တစ်ယေက်က ဆရာသားတစ်အခုလာက်မေးချင်လို့… အေး… မေးလေ သား…..သားတို့ကျောင်းနောက်ဆုံးနေ့ကျရင် ဆရာ ဆရာမတွေ ကန်တော့ချင်လို့ အဲ့ဒါရမလား ဆရာ…ရတာပေါ့ ..ဒါနှစ်တိုင်းဆရာတို့ကတော့နေကြ ပဲလေ အထူး အဆန်းမ ဟုတ်ပါဘူး ရပါ တယ် ။

မဟုတ်ဘူး ဆရာဆို​တော့ သူတစ်ခု ခုတင်ပြချင်နေတယ်ဆိုတာ ကျွန်တော်သိလိုက်တယ် အဲ့ဒါဆိုမင်းကဘယ်လိုကန်တော့ချင်တာတုန်း…. သားတို့”တစ်ကိုယ်ရည်သန့်ရှင်းရေးကရတဲ့ပိုက်ဆံ”ကိုသားစုထားတာ အဲ့ပိုက်ဆံနဲ့ ကန်တော့ချင်တာပါဆိုပြီး လွယ်အိပ်ထဲက သူစုထားတာတွေထုပ်ပြတယ်။ ကြည့်လိုက်တော့ ငါးဆယ်တန် တစ်ရာတန်လေးတွေ အထပ်လိုက်ကြွပ်ကြွပ်အိပ်ထဲမှာတွေ့ရတယ်။

ကျွန်တော့်နှ လုံးသားကို.. ကိုင်လှုပ်နိုင်ခဲ့သော. ကျောင်းသားလေး..

ကျွန်တော် အံအားလည်းသင့် ပိတိလည်းဖြစ် ခဲ့ရတယ်။ သူကတစ်ခြားသူမဟုတ်ပါဘူး ကျွန်တော်တို့နှစ်စက ဆရာ ဆရာမများနဲ့ ကျောင်းသူ/သားတွေ ရွေးခြယ်တင်မြှောက်လိုက်တဲ့ တစ်ကျောင်းလုံးခေါင်းဆောင်လေးပါ။ ကျွန်တော်တို့ကျောင်းမှာ တစ်ကိုယ်ရည်အတွက် တစ်ပတ်ကိုနှစ်ကြိမ် ခြေသည်း လက်သည်းစစ်ရတယ်၊ လက်သုတ်ပဝါလေးတွေ လူတိုင်းယူရတယ် တစ်လ တစ်ခါဆံပင်ညှပ်ရတယ်…။

ဒါတွေကိုကျောင်းသားခေါင်းဆောင်က ဦးဆောင်ပြီးလုပ်ရတယ် စည်းကမ်းမလိုက်နာသူကို ဒါဏ်ကြေး ၅၀/၁၀၀ ဆောင်ရမယ်လို့ ဆရာမကြီးက စည်းကမ်းထုတ်ထားတယ် ရတဲ့ပိုက်ဆံကို ဘုရားပန်းဝယ်၊ ဘုရားပန်းအိုး၊ ဆွမ်းတော်ပန်းကန်၊ လက်ဆေးဖို့ အတွက် ဆပ်ပြာဝယ်ရတယ် ။

ဒါတွေက နှစ်တိုင်းလုပ်နေရတဲ့လုပ်ငန်းတွေပါ ပိုက်ဆံဘယ်လောက်ရလဲ ဘယ်လောက်ပိုလည်း ကျွန်တော်တို့ မမေးသလို ဘယ်ကျောင်းသားခေါင်းဆောင်မှ လည်းဘာတွေလုပ်ထားတယ်ဆိုတာမတင်ပြကြပါဘူး သူ့ဟာနဲ့သူ အဆင်ပြေနေတော့လည်း ဒီတိုင်းလေးပဲ တစ်နှစ်ပြီးသွားတယ် အခုဆိုခြောက်နှစ်ရှိပြီ ဒီလိုလုပ်ဆောင်လာတာတဲ့ခေါင်းဆောင်မျိုး ဒီတစ်ခါတည်းပဲ မြင်ဘူးသေးတယ်။

စာမေးပွဲ နောက်ဆုံးနေ့မှာ ကျောင်းလုပ်သားအကိုကြီးလက်ထဲမှာ အအေးဘူးနဲ့ မုန့်နဲ့တွေ့တော့ အကိုကြီးစောစောစီးး အအေးဘူးနဲ့ပါလားလို့ နှုတ်ဆက်လိုက်တော့ မင်းကျောင်းသားတွေလေ မယူချင်ဘူးဆိုတာကို မရဘူးဆရာမကြီးအမျိုးသားအတွက်ပါ ထည့်ပေးလိုက်တယ်…ကျွန်တော် ပိတိ ပြုံးလေးပြုံးနေလိုက်တယ် ။

ရတဲ့ပိုက်ဆံအနည်းအကျင်းနဲ့ ဒီလိုထောင့်စေ့ အောင်လည်းလုပ်တတ်သေးတယ် ။ ဒီအသက်အရွယ်နဲ့ ကောင်းးစီမံခန့်ခွဲနိုင်ပြီးမွန်မြတ်တဲ့လုပ်ရပ်ကိုပါ လုပ်နိုင်တဲ့စတုတ္ထတန်းကျောင်းသားလေး မောင်အေးချမ်းကိုကို အား ဂုဏ်ပြုရင်း ကျွန်တော်တို့ ရွာ၊ မြို့နယ် ၊ နိင်ငံ မှာ ငွေကြေးအလွဲသုံးစား မလုပ်တဲ့ ခေါင်းဆောင်တွေ များးပေါ်ပေါက်ပါစေလို့ စုတောင်းလိုက်ပါ၏။

ကြယ်တာရာ

Add a Comment

Your email address will not be published. Required fields are marked *