ဖြစ်ပြန်ပီ …အမြန်လမ်းမကြီး တွင် HIJET တစ်စီး ဘီးပေါက်တိမ်းမှောက်မှု ဖြစ်ပွားပြီး ၆ ဦးသေဆုံး

နေပြည်တော်-မန္တလေး အမြန် လမ်းမကြီး တွင် HIJET တစ်စီး ဘီးပေါက်ကာ ယာဉ်တိမ်းမှောက်မှုကြောင့် ၆ ဦးသေဆုံးခဲ့မှု မတ်လ (၁) ရက် ညနေပိုင်းက ဖြစ်ပွားခဲ့ကြောင်း အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံး မှ သိရ သည် ။

အမြန်လမ်းမကြီး တွင် HIJET တစ်စီး ဘီးပေါက်တိမ်းမှောက်မှု ဖြစ်ပွားပြီး ၆ ဦးသေဆုံး

ဖြစ်စဉ်မှာ မတ်လ ၁ ရက် ညနေ ၄ နာရီ ၁၀ မိနစ်အချိန် နေပြည်တော်-မန္တလေးလမ်း မိုင်တိုင် ၃၂၉/၂-၃၂၉/၃ အကြားတွင် ယာဉ်မောင်း ကိုဇော်ဇော် မောင်းနှင်လာသည့် 3G/—- HIJET အဖြူရောင်ယာဉ်သည် ယာဘက်ရှေ့ ဘီးပေါက်ပြီး လမ်းလယ် ကျွန်းပေါ်တွင် တိမ်းမှောက် ရပ်တန့်ခဲ့ကြောင်း သိရသည် ။

အမြန်လမ်းမကြီး တွင် HIJET တစ်စီး ဘီးပေါက်တိမ်းမှောက်မှု ဖြစ်ပွားပြီး ၆ ဦးသေဆုံး

ထိုသို့တိမ်းမှောက်ခဲ့မှုကြောင့် ယာဉ်ပေါ်တွင် ပါရှိခဲ့သည့် ယာဉ်မောင်းပါ ကျား ၆ ဦး၊ မ ၇ ဦး စုစုပေါင်း ၁၃ ဦးအနက် ယာဉ်မောင်းပါ ကျား ၃ ဦး၊မ ၃ ဦး ပေါင်း ၆ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

အမြန်လမ်းမကြီး တွင် HIJET တစ်စီး ဘီးပေါက်တိမ်းမှောက်မှု ဖြစ်ပွားပြီး ၆ ဦးသေဆုံး
အမြန်လမ်းမကြီး တွင် HIJET တစ်စီး ဘီးပေါက်တိမ်းမှောက်မှု ဖြစ်ပွားပြီး ၆ ဦးသေဆုံး

ထို့ပြင် ကျား ၂ ဦး၊ မ ၃ ဦး စုစုပေါင်း ၅ ဦးဒဏ်ရာ (မစိုးရိမ်ရ ) ရရှိခဲ့သည့်အတွက် အမြန်လမ်းမကြီး ရဲတပ်ဖွဲ့ ပြင်စည်စခန်းမှ တပ်ဖွဲ့ဝင်များနှင့် အထောက်အကူပြု အဖွဲ့များ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

Add a Comment

Your email address will not be published. Required fields are marked *