ပရက္ရွာကြတ္ကာ ေပါင္းအိုးထိပ္ဖူး လြင့္စင္ထိမွန္ကာ အမ်ိဳးသမီးတစ္ဦး မ်က္စိကြယ္…အိမ္ရွင္မမ်ား သတိထားဖုိ့ပါ

အိမ္ရွင္မမ်ား သတိထားဖို႔ပါ..ငါးသေလာက္နဲ႔ ဝက္ေျခေထာက္တို႔လို အသားေတြကို ႏူးအိေနေအာင္ အသားေပါင္းအိုးနဲ႔ မၾကာခဏေပါင္းတတ္တဲ့ အိမ္ရွင္မေတြ အထူးသတိျပဳသင့္ပါတယ္။

အသက္ ၅၇ ႏွစ္အ႐ြယ္ အမ်ိဳးသမီးတစ္ဦးဟာ မိသားစုေတြအတြက္ ပရက္ရွာကြတ္ကာ(အသားေပါင္းအိုး) သုံးၿပီး ခ်က္ျပဳတ္ေနစဥ္ ေပါင္းအိုး၏ ထိပ္ဝမွ ေရဆူလာလွ်င္ အေငြ႕ထြက္ကာ ဝီစီသံျပဳတတ္တဲ့ သံထိပ္ဖုံး(ဒုံက်ည္)အစို႔ေလး လြင့္ထြက္ခဲ့တာေၾကာင့္ သူမရဲ႕ ဘယ္ဘက္မ်က္လုံးကို ထိုးေဖာက္ကာ ဦးေခါင္ခြံထဲထိ စိုက္ဝင္သြားခဲ့ပါတယ္။

အမ်ိဳးသမီးဟာ ေပါင္းအိုးကို ဂက္စ္မီးဖိုနဲ႔ တည္ထားခဲ့ရင္း ေနာက္ေဖးၿခံထဲမွာ ျမက္ရွင္းဖို႔ ထြက္သြားခဲ့ပါတယ္။ ေနာက္ထပ္ တစ္နာရီေလာက္ၾကာေတာ့မွ ၿခံထဲမွာ အလုပ္ေတြလုပ္ေနရင္း ဟင္းအိုးတည္ထားခဲ့တာကို သတိရသြားခဲ့ပါတယ္။

အဲဒီေနာက္ မီးဖိုထဲအျမန္ေျပးဝင္ၿပီး ေပါင္းအိုးကို မီးဖိုေပၚကေန ခ်လိုက္တဲ့အခ်ိန္မွာ အရမ္းဆူပြက္ၿပီး အေငြ႕ေတြထြက္ေနတဲ့ ထိပ္ဝက သံအစို႔ဟာ ကန္ထြက္ၿပီး သူမရဲ႕ မ်က္လုံးကို ေဖာက္ဝင္သြားခဲ့ပါတယ္။

ေဆး႐ုံကို အျမန္တင္ပို႔ခဲ့ရၿပီး ဆရာဝန္ေတြက သူမရဲ႕မ်က္လုံးထဲက က်ည္ဆံအ႐ြယ္အေစားေလာက္ ရွိတဲ့ ေပါင္းအိုးထိပ္ဖူးကို ခြဲစိတ္ၿပီး ထုတ္ေပးခဲ့ရပါတယ္။ အမ်ိဳးသမီးက အသက္ရွင္ခဲ့ေပမယ့္ သူမရဲ႕ ဘယ္ဘက္မ်က္လုံး ကေတာ့ ပ်က္ဆီးဆုံးရႈံးသြားခဲ့ပါတယ္။

အဆိုပါ မေတာ္တဆမႈဟာ အိႏၵိယႏိုင္ငံ ခြန္တီစီရင္စုမွာ ၿပီးခဲ့တဲ့ ဗုဒၶဟူးေန႔က ျဖစ္ပြားခဲ့တာျဖစ္ပါတယ္။ ဒါေၾကာင့္မို႔ အိမ္ရွင္မေတြအေနနဲ႔ ပရက္ရွာကြတ္ကာေတြကို သတိထားၿပီး ေဘးအႏၲရာယ္မျဖစ္ေအာင္ ဆင္ျခင္သုံးစြဲၾကဖို႔ ေဝမွ်လိုက္ရပါတယ္။ ေလးစားစြာျဖင့္ ခရစ္ဒက္ ……ပုိပုိေလး

Unicode

အိမ်ရှင်မများ သတိထားဖို့ပါ..ငါးသလောက်နဲ့ ဝက်ခြေထောက်တို့လို အသားတွေကို နူးအိနေအောင် အသားပေါင်းအိုးနဲ့ မကြာခဏပေါင်းတတ်တဲ့ အိမ်ရှင်မတွေ အထူးသတိပြုသင့်ပါတယ်။

အသက် ၅၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးဟာ မိသားစုတွေအတွက် ပရက်ရှာကွတ်ကာ(အသားပေါင်းအိုး) သုံးပြီး ချက်ပြုတ်နေစဉ် ပေါင်းအိုး၏ ထိပ်ဝမှ ရေဆူလာလျှင် အငွေ့ထွက်ကာ ဝီစီသံပြုတတ်တဲ့ သံထိပ်ဖုံး(ဒုံကျည်)အစို့လေး လွင့်ထွက်ခဲ့တာကြောင့် သူမရဲ့ ဘယ်ဘက်မျက်လုံးကို ထိုးဖောက်ကာ ဦးခေါင်ခွံထဲထိ စိုက်ဝင်သွားခဲ့ပါတယ်။

အမျိုးသမီးဟာ ပေါင်းအိုးကို ဂက်စ်မီးဖိုနဲ့ တည်ထားခဲ့ရင်း နောက်ဖေးခြံထဲမှာ မြက်ရှင်းဖို့ ထွက်သွားခဲ့ပါတယ်။ နောက်ထပ် တစ်နာရီလောက်ကြာတော့မှ ခြံထဲမှာ အလုပ်တွေလုပ်နေရင်း ဟင်းအိုးတည်ထားခဲ့တာကို သတိရသွားခဲ့ပါတယ်။

အဲဒီနောက် မီးဖိုထဲအမြန်ပြေးဝင်ပြီး ပေါင်းအိုးကို မီးဖိုပေါ်ကနေ ချလိုက်တဲ့အချိန်မှာ အရမ်းဆူပွက်ပြီး အငွေ့တွေထွက်နေတဲ့ ထိပ်ဝက သံအစို့ဟာ ကန်ထွက်ပြီး သူမရဲ့ မျက်လုံးကို ဖောက်ဝင်သွားခဲ့ပါတယ်။

ဆေးရုံကို အမြန်တင်ပို့ခဲ့ရပြီး ဆရာဝန်တွေက သူမရဲ့မျက်လုံးထဲက ကျည်ဆံအရွယ်အစေားလောက် ရှိတဲ့ ပေါင်းအိုးထိပ်ဖူးကို ခွဲစိတ်ပြီး ထုတ်ပေးခဲ့ရပါတယ်။ အမျိုးသမီးက အသက်ရှင်ခဲ့ပေမယ့် သူမရဲ့ ဘယ်ဘက်မျက်လုံး ကတော့ ပျက်ဆီးဆုံးရှုံးသွားခဲ့ပါတယ်။

အဆိုပါ မတော်တဆမှုဟာ အိန္ဒိယနိုင်ငံ ခွန်တီစီရင်စုမှာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်မို့ အိမ်ရှင်မတွေအနေနဲ့ ပရက်ရှာကွတ်ကာတွေကို သတိထားပြီး ဘေးအန္တရာယ်မဖြစ်အောင် ဆင်ခြင်သုံးစွဲကြဖို့ ဝေမျှလိုက်ရပါတယ်။ လေးစားစွာဖြင့် ခရစ်ဒက် ……ပိုပိုလေး

Add a Comment

Your email address will not be published. Required fields are marked *