တောင်ကိုရီးယား က ကိုရိုနာ ဗိုင်းရပ် စတင်ရာ ရှင်ချွန်ဂျီ ဘုရားကျောင်း တာဝန်ခံ တစ်နိုင်ငံလုံးကို ဝန်ချတောင်းပန်

တောင်ကိုရီးယားနိုင်ငံက ကိုရိုနာဗိုင်းရပ်စ် စတင် ပြန့်ပွားခဲ့ရာ ရှင်ချွန်ဂျီ ခရစ်ယာန်ဘုရားကျောင်း တာဝန်ခံက ဗိုင်းရပ်စ်ကူးစက် ပျံ့နှံ့ခဲ့မှုအတွက် သတင်းစာရှင်းလင်းပွဲမှာ တောင်းပန် ပြောကြား လိုက်ပါ တယ် ။

” စိတ်မကောင်း ပါဘူး…၊ ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာ မဟုတ်ပါဘူး..” ၊ စသည်..။ အားလုံးကို တောင်းပန်ပါတယ်… ” ဆိုပြီး ပြည်သူတွေကို ထိုင်ကတော့ပြီး တောင်းပန် တယ်..။

COVID-19 ကတော့ တစ်နိုင်ငံလုံး ပျံ့ပြီး လူတွေ ဒုက္ခရောက်သွားပြီ..။ သေတဲ့ သူကသေ၊ ကလေးတွေ ပညာမသင်ရ၊ ငတ်တဲ့သူကငတ်..။

ဘုရားကျောင်း တာဝန်ခံ တစ်နိုင်ငံလုံးကို ဝန်ချတောင်းပန်

ကိုရိုနာ ဗိုင်းရပ်စ် နဲ့ ပတ်သက်တဲ့ သတင်းစာ ရှင်းလင်းပွဲ မှာ ဘုရားကျောင်း တာဝန်ခံ ဟီမန်လီ က ဒူးထောက် တောင်းပန်ခဲ့တာပါ။ အခုဆိုရင် တောင်ကိုရီးယားမှာ Covid-19 နိုဗယ် ကိုရိုနာ ဗိုင်းရပ်စ် ကူးစက် ခံရသူ ၄၀၀၀ ကျော် ရှိနေပြီ ဖြစ်ပြီး၊ ကူးစက်ခံရသူ အများစု က အဆိုပါ ဘုရားကျောင်းအဖွဲ့ဝင်တွေ ဖြစ်ကြပါတယ်။

မတ်လ ၁ ရက်နေ့၊ တနင်္လာနေ့ က တောင်ကိုရီးယား နိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် သေဆုံး သူ ၂၆ ဦး ရှိပြီး၊ ကူးစက် ခံရသူ ၄၇၆ ဦး တိုးလာ ကြောင်း နဲ့ အခုဆိုရင် ၄၂၁၂ ဦးမှာ ကူးစက်ခံနေရပါတယ်။ ဒါဟာ ကိုရိုနာ ဗိုင်းရပ်စ် ဗဟိုချက် ဖြစ်ရာ တရုတ် နိုင်ငံ ပြင်ပမှာ လူဦးရေ အများဆုံး ကူးစက် ခံနေရတာလည်း ဖြစ်ပါတယ်။

“တောင်ကိုရီးယားက ကိုရိုနာဗိုင်းရပ်စ် လူနာ ၃၁ နဲ့ ရှင်ချွန်ဂျီ ခရစ်ယာန် ဘုရားကျောင်း”

၂၀၂၀ ပြည့်နှစ်၊ဖေဖော်ဝါရီလ ၁၆ ရက်အထိ တောင်ကိုရီးယားမှာ ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကူးစက်ခံရသူ အယောက် ၃၀ ပဲရှိပြီး သေသေချာချာ ကိုင်တွယ်နိုင်တယ်လို့ ကမ္ဘာက ချီးကျူးနေသေးတယ်..။

ပထမဆုံး လူနာလို့ အသတ်မှတ်ခံရတာ ၂၀၂၀ ဇန်နဝါရီလ ကုန်ပိုင်းကပေါ့…။ ဝူဟန်က ၁၉ ရက်နေ့ ပြန်လာပြီး ၂၀ ရက်နေ့ မှာ ချက်ချင်းသိတာပဲ..။ သူက တရုတ်လူမျိုး ..။ ကျန် ၂၉ ယောက်ကလည်း ဝူဟန်ကို သွားခဲ့တဲ့ တရုတ်လူမျိုးတွေနဲ့ ကိုရီးယား လူမျိုးတွေ များတယ်..။

ဖေဖော်ဝါရီလ ၁၉ ရက် ကစပြီး တောင်ကိုရီးယားမှာ ရုတ်တရက် မထင်မှတ်ဘဲ ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကူးစက်မှုနှုန်း မြင့်တက်သွားတယ်..။ တရားခံရှာလိုက်တော့ လူနာ နံပါတ် ၃၁ ..။ အသက် ၆၁ နှစ် အမျိုးသမီးကြီး..။

အမျိုးသမီးကြီး ကိုယ်တိုင်ကလည်း ဒီလိုနေမကောင်းဖြစ်ပေမယ့် ပျောက်အောင်အထိ ဆေးခန်း အသေအချာမပြခဲ့ဘူး..။ ရိုးရိုးဖျားတာပဲထင်ခဲ့တယ်..။ ဆုတောင်းရင် ပျောက်မယ်လို့ သူမ ယုံကြည်ခဲ့တယ်။ ခရစ်ယာန်ကျောင်းတစ်ခုကို သွားခဲ့တယ်..။

အဲဒီ လူနာနံပါတ် ၃၁ ကစတာပဲ..။ ကိုရိုနာ ဗိုင်းရပ်စ် ရှိနေတဲ့ လူနာနံပါတ် ၃၁ ဟာ ချောင်းတဟွတ်ဟွတ်နဲ့ ဒဲဂုမြို့က ရှင်းချွန်းဂျိ ခရစ်ယာန် ဘုရားကျောင်း ဆုတောင်းပွဲကို တက်ခဲ့တာပေါ့..။ အဲဒီ ဆုတောင်းပွဲက အတော်ကြီးတယ်..။ တောင်ကိုရီးယား အနယ်နယ်အရပ်ရပ်က ရှင်းချွန်းဂျိ အဖွဲ့ဝင်တွေ ရောက်လာပြီး ဆုတောင်းကြတာ..။ သူတို့ဟာ ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်ခံရပြီး တောင်ကိုရီးယား အနယ်နယ်အရပ်ရပ်က သူတို့ရဲ့ အိမ်ကိုပြန်ကြတယ်..။

နိုင်ငံခြားကပြန်လာတဲ့လူတွေကိုပဲ အာရုံစိုက်ပြီး စစ်နေတော့ အဲဒီ အမျိုးသမီးကြီး ကိုရိုနာရှိတာနေမယ်လို့ သတိမထားမိကြ…။

ပြည်သူတွေက မင်္သကာလို့ ရှင်းချွန်းဂျိ ဘုရားကျောင်း ဆိုရှယ်မီဒီယာ (website) ထဲဝင်ကြည့်တော့ ၂၀၁၉ ခုနှစ်ကုန်ပိုင်းက အုပ်စုလိုက် သူတို့ ဘုရားကျောင်းလက်ခွဲတွေ ရှိတဲ့ ဝူဟန်မြို့ အပါအဝင် တရုတ်ပြည် ခရီးစဉ် ကို သွားပြီး ဆုတောင်းပွဲတွေ လုပ်ခဲ့တယ်ဆိုပြီး ဓာတ်ပုံတွေနဲ့ တင်လာတယ်..။

ရှင်းချွန်းဂျိ ဘုရားကျောင်းဘက်ကလည်း မဟုတ်ပါဘူးလို့ ငြင်းတယ်..။ ဒဲဂုမြို့က ဒေသခံတွေ အတော့်ကို ဆူပူသွားကြတယ်..။ နောက်ပိုင်း ကိုရိုနာရှိတဲ့ လူနာတွေကို ဘယ်သွားခဲ့သလဲ စုံစမ်းလိုက်ရင် ဒဲဂုမြို့ ရှင်းချွန်းဂျိ ခရစ်ယာန် ဘုရားကျောင်းက အဆက်အနွယ်တွေ..။ ဒဲဂုမြို့က ရှင်းချွန်းဂျိ ခရစ်ယာန် ဘုရားကျောင်းကတော့ ကိုရိုနာဗိုင်းရပ်စ် ဖြန့်တယ်လို့ နာမည်ကြီးသွားတယ်..။

ဒဲဂုမြို့ကြီး တိတ်ဆိတ်သွားခဲ့ရပြီ..။

“လူတစ်ယောက်က မြို့လယ်ခေါင်မှာ ဗုံးခွဲလိုက်သလိုပဲ..။ အားလုံး ဖုတ်ကောင်တွေဖြစ်သွားတာ” ဒဲဂုမြို့သားတစ်ယောက်က ပြောတယ်..။

ဘုရားကျောင်း တာဝန်ခံ တစ်နိုင်ငံလုံးကို ဝန်ချတောင်းပန်

အဲဒီ ရှင်းချွန်းဂျိ ခရစ်ယာန် ဘုရားကျောင်းကလူ (လူနာ ၃၁ မဟုတ်ပါ) တယောက် သေသွားတော့ ရှင်းချွန်းဂျိ ခရစ်ယာန်အဖွဲ့ဝင်တွေက အသုဘပို့ရင်း ထပ်ကူးကြပြန်တယ်..။

ဒီလောက်တားနေတဲ့ကြကတောင် သူတို့ ဂရုမစိုက်ကြ..။ ကိုရိုနာဗိုင်းရပ်စ် ဆေးပေါ်ရင်တောင် ရှင်းချွန်းဂျိ ဗိုင်းရပ်စ် (S- Virus) အတွက် ဆေးပေါ်မှာ မဟုတ်ပါ..။ S- Virus ဆိုတာ ရှင်းချွန်းဂျိ ခရစ်ယာန် ကျောင်းလက်အောက်က အဖွဲ့ဝင်တွေကိုဆိုလိုတယ်..။

S- Virus က ကိုရိုနာဗိုင်းရပ်စ်ကို ဆက်ဖြန့်ပြီး တောင်ကိုရီးယားကို ကိုင်လှုပ်လိုက်ပြီ…။

ကိုရိုနာဗိုင်းရပ်စ်က ၂၀၁၉ ခုနှစ်မှ ပျံ့နှံ့သွားတာ…ရှင်းချွန်းဂျိ ဗိုင်းရပ်စ် (S- Virus) ကတော့ ၁၉၈၄ ခုနှစ်ကတည်းက ၃၆ နှစ်လုံးလုံး တောင်ကိုရီးယားမှာလျှို့ဝှက်စွာ ပျံ့နှံ့နေခဲ့တာဖြစ်တယ်..။ အခုတော့ တောင်ကိုရီးယားမှာတင်မဟုတ် ပဲ အခြားနိုင်ငံတွေမှာပါပျံ့နေပြီ ..။ မြန်မာပြည်မှာလည်း ရှိနေပြီလား မသိပါ..။

ကိုရိုနာဗိုင်းရပ်စ်ဟာ နေရာအနှံ့အပြားမှာ လျှို့ဝှက်စွာ ရှိနေသလိုပဲပေါ့..။ ရှင်းချွန်းဂျိ ခရစ်ယာန်ကျောင်းက အဖွဲ့ဝင်တွေဟာ နေရာအနှံ့အပြားမှာ လျှို့ဝှက်စွာရှိနေကြတယ်..။ ဒါကြောင့် တောင်ကိုရီးယားမှာ S- Virus ဟာလည်း ကိုရိုနာဗိုင်းရပ်စ်လို လျှို့ဝှက်စွာပျံ့နှံ့နေလေရဲ့..။

ပို အံ့ဩဖို့ကောင်းတာက ရှင်းချွန်းဂျိ ခရစ်ယာန်ကျောင်းကို ယုံကြည်တဲ့သူတွေ မယုံနိုင်စရာကောင်းလောက်အောင်များပြားလှတယ်..။ သိန်းနဲ့ချီတယ်..။ ရှင်းချွန်းဂျိ ခရစ်ယာန်ကျောင်း အဖွဲ့အစည်းလက်အောက်ကို ရောက်တဲ့သူတွေ တစ်လကိုလူ ၂ ထောင်နီးပါးရှိတယ်လို့ဆိုတယ်..။ တစ်နှစ်ကို လူ ၂ သောင်းကျော်..။

ခရစ်ယာန် စတဲ့ဘာသာရေးတစ်ခုကို ယုံကြည်ခြင်း၊ မယုံကြည်ခြင်းဟာ သူတို့ရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ဖြစ်ပါတယ်..။ ပြဿနာတစ်ခုမဟုတ်ပါ..။ ပြဿနာက ရှင်းချွန်းဂျိ ခရစ်ယာန် ကျောင်းဖြစ်တယ်..။ ရှင်းချွန်းဂျိက သီးခြား အဖွဲ့တစ်ခုပေါ့..။

ဘုရားကျောင်း တာဝန်ခံ တစ်နိုင်ငံလုံးကို ဝန်ချတောင်းပန်

ရှင်းချွန်းဂျိ ခရစ်ယာန်ကျောင်းကလူတွေဟာ စာအုပ်သေးသေးလေးတွေကိုင်ပြီး လမ်းပေါ်မှာ လူတကာလက်ကိုအတင်းဆွဲ… မရ ရအောင် တရားဆွယ်ကြတာပဲ..။ လမ်းပေါ်မှာ လူမရှိရင် အိမ်တံခါးလာခေါက်တယ်..။ ဖွင့်ပေးမိရင် သွားပြီ..။ အားနာတတ်ရင် ပိုဆိုး..။

ဒီနေ့ခေတ်မှာတော့ သူတို့ နည်းလမ်းပြောင်းသွားပြီ..။ ရှင်းချွန်းဂျိ ခရစ်ယာန်ကျောင်းက ၁၀ နှစ်ကျော် အထူးလေ့ကျင့်ထားတဲ့ သာသနာပြုနည်းလမ်းသစ်တွေနဲ့ လူတွေကိုဆွဲဆောင်နိုင်တယ်လို့ ရှင်းချွန်းဂျိ ခရစ်ယာန် ကျောင်းက လွတ်မြောက်လာသူတွေက ပြောပြတယ်..။ ဒါကြောင့် တစ်လကို အဖွဲ့ဝင် ၂၀၀ နီးပါး ပုံမှန်ရနေတယ်…။

ရှင်းချွန်းဂျိ ခရစ်ယာန်ကျောင်း အဖွဲ့ဝင်ဆို တောင်ကိုရီးယားကလူတွေက အံ့ဩတကြီး ရှောင်ကြတယ်..။ ရုပ်မြင်သံကြား၊ စာစောင်တွေ၊ လူမှုကွန်ယက်တွေထဲမှာ သတိပေးကြေငြာထားတဲ့ နာမည်ပျက် အုပ်စုကိုး..။ တောင်ကိုရီးယားမှာ ရှင်းချွန်းဂျိ ခရစ်ယာန်ကျောင်းရဲ့ ဦးနှောက် အဆေး (brainwashing) ခံရတဲ့ လူငယ်တွေ ပြန်လည်ကယ်တင်ရေး အဖွဲ့တွေတောင် ဖွဲ့စည်းထားရတယ်..။

ဒီလိုပြောလို့ ရှင်းချွန်းဂျိ ခရစ်ယာန်ကျောင်း အဖွဲ့ဝင်တွေဆိုလို့ အထင်မသေးပါနဲ့ …။ ဉာဏ်ကောင်းတဲ့ လူလတ်ပိုင်း အသက် ၂၀ ကနေ ၃၀ အတွင်း အများဆုံး..။ လူချမ်းသာတွေ ၊ ပါမောက္ခတွေ ၊ ပညာတတ်၊ ရုပ်ရှင်သရုပ်ဆောင်၊ အဆိုတော်၊ ဆရာဝန်တွေ၊ နိုင်ငံရေးသမား၊ အို… အစုံပါပဲ..။

ရှင်းချွန်းဂျိ ခရစ်ယာန် အဖွဲ့ဝင်ဖြစ်ဖို့ဆိုတာလည်း လွယ်လှတာမဟုတ်..။ သူတို့တတွေဟာ သမ္မာကျမ်းစာကို တနင်္လာနေ့၊ အင်္ဂါနေ့၊ ကြာသပတေးနဲ့ သောကြာ ၄ ရက်သင်ရတယ်..။ တစ်ရက်သုံးနာရီ..။ အားလုံး ခုနစ်လ….။ ပြီးရင် မေးခွန်း ၁၀၀ ရှိတဲ့ စာမေးပွဲစစ်တယ်..။ စာမေးပွဲမအောင်ရင် အဖွဲ့ဝင်မဖြစ်ဘူး..။ အဲဒီစာမေးပွဲအောင်ပြီး ဘွဲ့ရတော့မှ အဖွဲ့ဝင် စစ်စစ်..။

ကိုရိုနာ ဗိုင်းရပ်စ်လိုပဲ သူတို့ဟာ ဘုမသိ ဘမသိဘဲ ရှင်းချွန်းဂျိ ခရစ်ယာန် ကျောင်းထဲ ဝင်မိနေကြပြီး စာမေးပွဲအောင် ဘွဲ့ရတော့မှ သူတို့ကိုယ်သူတို့ ရှင်းချွန်းဂျိ ခရစ်ယာန် အဖွဲ့ဝင်ဆိုတာ သိလိုက်ရတာပဲ…။ တချို့ကိုကြတော့ ဘွဲ့မရခင် အသိပေးတယ်..။

ကိုရိုနာဗိုင်းရပ်စ် နဲ့ မတူတာက S -Virus သမားတွေဟာ သူတို့ကိုယ်သူတို့သိတဲ့ အချိန် သူတို့ ပျော်ပျော်ပဲ လက်ခံလိုက်ကြတယ်..။ သူတို့ကို ရှင်းချွန်းဂျိကိုခေါ်လာတဲ့ လူ အဆင့်ဆင့်ကို ကျေးဇူးတောင်တင်ကြသေး..။

အားလုံး နောက်ကျသွားပြီလေ..။ သူတို့ ဦးနှောက် အဆေး (brainwashing) ခံလိုက်ရပြီ..။ ရှင်းချွန်းဂျိ ခရစ်ယာန် ကျောင်းလက်ခွဲတွေဟာ လျှို့ဝှက်စွာနဲ့ အဖွဲ့အစည်းတွေ အများကြီးဖွဲ့စည်းထားတယ်..။ ၅ ယောက်အဖွဲ့လေးတွေကစပြီး ပိရမစ်တစ်ခုလို အဆင့်ဆင့်ဖွဲ့ထားတာ..။

လူတစ်ယောက်ကို အဖွဲ့ဝင်ဖြစ်အောင်စည်းရုံးမယ်ဆို အဲဒီလူအကြောင်းကို အရင်စုံစမ်းကြတယ်။ အဲဒီလူနဲ့ပတ်သက်ပြီး လျှောက်လွှာစာမျက်နှာ ၄-၅ မျက်နှာလောက်ရေးပြီး အထက်ကိုတင်ရတယ်။ အထက်ဆိုတာ ပိရမစ် အောက်ဆုံး ၅ ယောက်အဖွဲ့လေးတွေရဲ့ ခေါင်းဆောင်ပေါ့…။ အဲဒီ လူက ဘာကိုကြိုက်တတ်တယ်..။ သူ့ဘဝမှာဘာတွေ လိုအပ်နေတယ်။ သူ့ကိုလေ့လာချင်တဲ့ဟာက ဘာဖြစ်တယ်။အသေးစိတ်ရေးပြီး တင်ပြရတယ်..။

ဥပမာ- အင်္ဂလိပ်စာ လေ့လာချင်နေတဲ့ကလေးတစ်ယောက်ကို တကယ်နိုင်ငံခြားမှာ ကြီးပြင်းလာပြီး အင်္ဂလိပ်စာကျွမ်းကျင်တဲ့ ရှင်းချွန်းဂျိ အဖွဲ့ဝင်ကို ရှာချိတ်ပေးတယ်..။

ဥပမာ- အထက်တန်းကျောင်းသားတစ်ယောက် တက္ကသိုလ်ကောင်းကောင်းတက်ချင်ရင် ရှင်းချွန်းဂျိ အဖွဲ့ဝင် တကယ့်ကျူရှင် ဆရာကောင်းကောင်းနဲ့ အခမဲ့သင်ပေးတယ်..။ အနုပညာဆိုလည်း အနုပညာလိုင်းပေါ့..။ လူတွေ သူတို့ အသင်းဝင်တွေဖြစ်ဖို့…ပျော်ရွှင်စေဖို့ လှည့်ကွက်အမျိုးမျိုးကိုသုံးတယ်..။

CBS ရုပ်မြင်သံကြားမှာလာသွားတဲ့ လူငယ်လေးဆို အဖြစ်က ဒီလို..။ လူငယ်လေးက တက္ကသိုလ်ကျောင်းသား..။ စစ်မှုထမ်းပြီးကာစ..။ သူက ခင်တဲ့ သူငယ်ချင်းကို “ ငါ *** ဝယ်ချင်လိုက်တာ ပိုက်ဆံမရှိဘူး” ပြောမိတယ်..။ (အဲဒီသူငယ်ချင်းက လှို့ဝှက် ရှင်းချွန်းဂျိ အဖွဲ့ဝင်ဆိုတာ သူနောက်မှ သိခဲ့ရတာ..။ ) တစ်ပတ်လောက်ကြာတော့ ဖုန်းလာတယ်..။ “မဂ္ဂဇင်းတိုက်ကပါ လူငယ်တွေကိုအင်တာဗျူးချင်လို့..။ အင်တာဗျူးရင် *** လက်ဆောင်ပေးမယ်”

လူငယ်လေးဟာ သူ လိုချင်တာနဲ့တိုက်တိုက်ဆိုင်ဆိုင်ဖြစ်နေတော့ အံ့ဩပြီးတော့ပျော်သွားတယ်။ အဲဒီတော့လူငယ်လေးက အင်တာဗျူးသွားတယ်။ အင်တာဗျူးတော့သူ့ရဲ့မိဘ၊ သူ့ရဲ့ဘဝ၊ သူဖြစ်ချင်တာတွေ ကိုပြောတယ်..။ သူ အင်တာကနေပြန်လာတော့ နောက်ထပ်အင်တာဗျူးမယ့်လူတစ်ယောက်ကစောင့်နေတာကိုတွေ့တယ် ..။ သူက သူ့ကိုယ်သူ စိတ်ပညာပါမောက္ခ လို့မိတ်ဆက်တယ်..။ “ မင်းမှာပြဿနာတစ်ခုခုဖြစ်ရင် …မင်းမှာရင်ဖွင့်ချင်တာရှိရင်ငါဆီကိုလာခဲ့နော်..။ ငွေ မယူပဲ ကူညီမယ်လို့ပြောတယ်…အဲဒါနဲ့ကျွန်တော်လည်းဝမ်းသာပါတယ်ကျွန်တော်သူ့ဆီကိုသွားဖြစ်တယ်။သူနဲ့ခင်သွားတယ်။”

ပါမောက္ခဆိုသူက ရှင်းချွန်းဂျိ အဖွဲ့ဝင်..။ သူ့အကြောင်းတွေအကုန်သိထားပြီးပြီလေ..။ သူ့အကြောင်းကို သိလွန်းလှတဲ့ လူငယ်လေးက တော်တော်အံ့ဩပြီး ပါမောက္ခကို ယုံကြည်သွားတယ်။ နောက်ပြီးလူငယ်လေးဖြစ်ချင်တာကိုပါမောက္ခအကုန်လုံးလိုက်ကူညီပေးတယ်..။ သူ ဒီလို ပိုက်ဆံမယူဘဲနဲ့ကူညီတာ တခြားငွေယူပြီးသင်ပေးတဲ့ လူတွေသိ သွားရင် အားနာလို့ဘယ်သူ့ကိုမှမပြောနဲ့လို့ ပါမောက္ခက တောင်းဆိုတယ်။ မိဘကိုတောင် မပြောပါနဲ့လို့…။ အဲဒီလို ပုံစံအမျိုးမျိုး နည်းအမျိုးမျိုးနဲ့ ရှင်းချွန်းဂျိ …။ ( နောက်တော့မှ သိရတာ အားလုံး အလိမ်တွေ..။ မဂ္ဂဇင်းအင်တာဗျူးက အစ ပါမောက္ခ အထိ..)

တဖြည်းဖြည်းနဲ့ ဆုတောင်းတာတွေ ဘာတွေ လုပ်လာတယ်..။ နောက်တော့ ကျမ်းစာ ဖတ်ကြည့်ရအောင် ဘာညာပြောလာတယ်…။

ချစ်ရတဲ့၊လေးစားရတဲ့၊ လိုချင်တွေဝယ်ပေး၊ ထမင်းကျွေး၊ ပညာတွေသင်ပေး၊အကူအညီပေးနေတဲ့ ဆရာတွေက လူငယ်တွေကို ဒီလို ကျမ်းစာဖတ်တဲ့အကြောင်း မိဘတွေကို မပြောဖို့ ကတိတောင်းတဲ့အခါ လူငယ်တွေက ဂတိပေးကြတယ်..။ များသောအားဖြင့် ဂတိတည်ကြတယ်..။

“ ဒါဟာ ငါတို့ရဲ့ လျှို့ဝှက်ချက်ပဲ..။ ဆရာက မင်းကိုကောင်းစေချင်လွန်းလို့ ဆုတောင်းပေးပေမဲ့ မိဘတွေက အထင်လွဲနိုင်တယ်..။”

နောက်ပိုင်း ကိုယ့်ကိုယ်ကိုတောင် သတိမထားမိတဲ့အချိန် မိဘ၊ ဆွေမျိုးတွေကို လိမ်တာ၊ ဆုတောင်းတာ၊ ကျမ်းစာဖတ်တာတွေဟာ နိစ္စဓူဝ အကျင့်တစ်ခုလိုဖြစ်သွားကြတယ်..။ အုပ်စုထဲမှာ ကိုယ်သဘောကျနေတဲ့သူရှိရင် ပိုဆိုးသေး…။

သူတို့ သင်တဲ့ “ ကျမ်းစာ” ဆိုတာ ဒီလို..။

တကယ့် သမ္မာ ကျမ်းစာကိုဖတ်ပြ..။ အဲဒါ မူရင်းမဟုတ်ဘူး။ လှို့ဝှက် မက်ဆေ့ခ်ျတွေဖြစ်တယ်ဆိုပြီး ပုံတွေဆွဲပြ … လှို့ဝှက် အထာတွေ ဖွင့်ပြ… မူလကျမ်းစာနဲ့ လုံးလုံး လွဲတော့တာပဲ..။

ဒါကြောင့် သူတို့အဖွဲ့ဟာ ယေဟောဝါ ယုံကြည်သူများအဖွဲ့၊ ဒါမှမဟုတ် အခြားခရစ်ယာန် အဖွဲ့တစ်မျိုး ဆိုတာထက် သူတို့ဘာသာ သူတို့ တီထွင်ထားတဲ့ သီးခြားအဖွဲ့တစ်ဖွဲ့ပေါ့..။

ထူးခြားတာက အဲဒါ သိပ်စိတ်ဝင်စားဖို့ကောင်းတယ်..။ ဒီလိုသိရတာ၊ သင်ရတာ ကိုယ့်ကိုယ်ကို သိပ်တော်တဲ့သူလို့ ထင်မြင်လာစေတယ်..။

သူတို့ ကျမ်းစာကို လက်ခံပြီ…ခိုင်ပြီဆိုတော့မှ သူတို့က ဒီလိုပြောလာတယ်..။ စင်တာကိုသွားချင်ရင် စာမေးပွဲဖြေ..။ ဘွဲ့ရရင် အတည် အဖွဲ့ဝင်ဖြစ်ပြီ..။

အဖွဲ့ဝင်ဖြစ်ရင် နိဗ္ဗာန်ရောက်ဖို့ သေချာသလောက်ဖြစ်ပြီ..။

နောက်ပြီး စင်တာမှာ တကယ့် အထက်တန်းလွှာတွေနဲ့ ခင်မင်ခွင့်ရမယ်.. အလုပ်ကောင်းကောင်းရနိုင်တယ်..။ နေရာကောင်းကောင်းရနိုင်တယ် ပြောလာတယ်..။

သူတို့ စင်တာရောက်တော့ တကယ်ပဲ အဆက်အသွယ်ကောင်းတွေ့ပြီး အလုပ်ကောင်းကောင်း၊ နေရာကောင်းကောင်းရသွားကြတယ်..။ များသောအားဖြင့်ချမ်းသာသွားကြတယ်..။

သူတို့ ရှင်းချွန်းဂျိ ခရစ်ယာန် အဖွဲ့ဝင်အဖြစ် ပျော်ပျော်ကြီး ခံယူလိုက်ကြတယ်..” ဘုရားသခင်က ကောင်းချီးပေးတယ်လို့…” ။

နိဗ္ဗာန်လည်းရောက်ဖို့သေချာ၊ ဘဝမှာလည်း ကိုယ် ဖြစ်ချင်တာတွေ ဖြစ်သွားကြလို့ ရှင်းချွန်းဂျိ (New Heaven and New Earth) လို့ခေါ်ကြတယ်..။

သူတို့ ချမ်းသာ၊ ပညာတတ်သွားတော့ အထက်က တရားဆွယ်တဲ့ပညာတွေ သင်ပေးပြီး ရာထူးတိုးပေးတယ်..။

သူတို့ ရှင်းချွန်းဂျိ ခရစ်ယာန်ကျောင်းက အထက်ပိုင်းမှာ နေရာတွေရကုန်တယ်..။

ဘုရားကျောင်းက သူတို့ကို ငွေရတော့ သူတို့ ပိုချမ်းသာသွားကြတယ်..။

သူတို့ နောက်အဖွဲ့ဝင်သစ်လေးတွေကို ဆက်ပြီးဆွယ်ကြတယ်..။

ဒီလိုနဲ့ S-Virus ကို အသက်ဆက်တယ်..။

ရှင်းချွန်းဂျိ ခရစ်ယာန်ကျောင်း အသင်းဝင်တွေက သူတို့ဝင်ငွေရဲ့ ၁၀ % ကို ဘုရားကျောင်းကို လှူတယ်..။ အခြားစီးပွါးရေးတွေလည်း ရင်းနှီးလုပ်ကိုင်ကြတယ်..။

ရှင်းချွန်းဂျိ ခရစ်ယာန်ကျောင်း အထက်ပိုင်းကလူတွေ ပိုပိုပြီး ချမ်းသာသွားတယ်..။

ရှင်းချွန်းဂျိ အဖွဲ့ဝင်တွေဟာ အခြားဘာသာဝင်တွေထက် ကျမ်းစာကို စိတ်ဝင်စားပြီး.. ကျမ်းစာကို သေချာ မသိသေးတဲ့ ခရစ်ယာန် ဘာသာဝင် အချင်းချင်းကို ဆွယ်တာများတယ်..။

အသက် ၂၀ ကျော် ဉာဏ်ကောင်း၊ ကျမ်းမာ၊ ရုပ်ရည်ချောမော တဲ့ လူလတ်တန်းစားတွေကို ပစ်မှတ်ထားတယ်..။

ဒုတိယပစ်မှတ်က လူချမ်းသာတွေ..။

ရှင်းချွန်းဂျိ အဖွဲ့အစည်းထဲ ဝင်လိုက်မိရင် ထွက်ပေါက်ရဖို့ အတော့်ကိုခက်ခဲတယ်လို့ဆိုတယ်..။

ရှင်းချွန်းဂျိအဖွဲ့က တစ်ခါထွက်လိုက်ရင်ဘယ်တော့မှ ပြန်လက်မခံတော့တဲ့အပြင် သေချာပေါက် ငရဲကျမယ်လို့ဆိုကြတယ်..။

ဘာသာရေးကိုင်းရှိုင်းပြီး ခရစ်ယာန်ကျမ်းစာကို ကောင်းကောင်းလေ့လာထားတဲ့သူတွေတောင် ရှင်းချွန်းဂျိ ခရစ်ယာန် ကျောင်းရဲ့ ကျမ်းစာရှုထောင့်ကို တွေဝေသွားတတ်တယ်..။

Brainwashing သိပ်တော်တဲ့ ရှင်းချွန်းဂျိ ခရစ်ယာန်ကျောင်း..။

“ မင်းတို့မိသားစုက ငါတို့ ရှင်းချွန်းဂျိ ခရစ်ယာန် အဖွဲ့ဝင်တာ သိသွားလို့သဘောမတူရင် အမြန်ဆုံးဆက်သွယ်ပါ…။ မင်းကို အဖွဲ့က အမြန်ဆုံးလာခေါ်မယ်..။”

ရှင်းချွန်းဂျိ ခရစ်ယာန်အဖွဲ့က လူကြီးတွေ ပြောနေကျစကား..။

မိဘတွေက ရှင်းချွန်းဂျိ ခရစ်ယာန် အဖွဲ့ဝင်တာ တားဆီးရင်၊ အိမ်တံခါးပိတ်ထားရင် ရှင်းချွန်းဂျိ အဖွဲ့က ရဲနဲ့တိုင်ပြီး လာခေါ်ပေးတယ်..။

အသက်ပြည့်တဲ့သူတွေမို့ မိဘတွေက တံခါးသော့ခတ်ပိတ်ထားခွင့်မရှိဘူးလေ..။

ဒါကြောင့် ရှင်းချွန်းဂျိ ခရစ်ယာန် အဖွဲ့ဝင်ဖြစ်တာ မိသားစုက သဘောမတူတဲ့အခါ…

မိခင်က သားသမီးတွေကို ပစ်သွားကြတယ်..

ဖခင်က သားသမီးတွေကို ပစ်သွားကြတယ်..။

သားသမီးတွေက မိဘအိမ်က ထွက်ပြေးသွားကြတယ်..။

ရှင်းချွန်းဂျိအဖွဲ့ ကို တည်ထောင်ခဲ့သူက Lee Man-hee တဲ့ ..။ အခုဆို အသက် ၈၉ နှစ်တောင်ရှိပြီ..။

၂၀၀၄ ခုနှစ် တုန်းက ရှင်းချွန်းဂျိ ခရစ်ယာန်ရေးရာဌာနမှူး Kyung-jae Lee ဆိုသူက အမျိုးသမီး သမ္မတ ဘာ့ခ် ဂွန်း ဟဲ (Park Geun-hye) သမ္မတတင်ဖို့ မဲဆွယ်စခန်းဖွင့်ခဲ့သေးတယ်..။

အဲဒီနေရာကလည်း ဒဲဂုမြို့ ရှင်းချွန်းဂျိ ခရစ်ယာန်ကျောင်းပဲ..။

သမ္မတ ဘာ့ခ် ဂွန်း ဟဲ (Park Geun-hye)က ရှင်းချွန်းဂျိအဖွဲ့ ကို စတင် တည်ထောင်ခဲ့တဲ့သူ Lee Man-hee နဲ့ မကြာခဏတွေ့ကြ..ရင်းနှီးကြသူတွေပေါ့..။

အမျိုးသမီး သမ္မတ ဘာ့ခ် ဂွန်း ဟဲ သမ္မတဖြစ်တာ သူတို့ အကူအညီတွေ အများကြီးတဲ့..။ သူတို့ စကားအရဆို ဆုတောင်းပေးတာပေါ့..။

ဒဲဂုမြို့ ရှင်းချွန်းဂျိ က အဲဒီလို ပညာရှင်တွေ၊ နိုင်ငံရေးသမားတွေ၊ လွှတ်တော်က အမတ်တွေအထိ မွေးထုတ်ပေးတဲ့ မြင့်မြတ်သော မြေနေရာ လို့ ဂုဏ်ယူကြတယ်..။

အဲဒီနေ့ကလည်း ကိုရိုနာ ဗိုင်းရက်ပျံ့နေလို့ လူမစုကြပါနဲ့လို့ တောင်ကိုရီးယား သတင်းထဲ ခဏခဏ သတိပေးပေမဲ့ သူတို့ အထက်က ဆုတောင်းပွဲလုပ်မယ်ဆိုတော့ တစ်ခါတည်း သွားကြတာပဲ..။

မိဘ၊ သားသမီး တွေတောင် တားမရတဲ့သူတွေ ..၊ ဘယ်သူက တားနိုင်မလဲ..။

သူတို့ ဒဲဂုမြို့ ဘုရားကျောင်းက မြင့်မြတ်သောနေရာကိုသွားပြီး ဆုတောင်းကြတယ်..။

အဲဒီမှာ လူနာနံပါတ် ၃၁ က ကိုရိုနာ ပေးလိုက်တာပဲ..၊

ဒီလို ရှင်းချွန်းဂျိ ခရစ်ယာန်အဖွဲ့ဝင် မဖြစ် ချင်ရင် သတိထားရမယ့် အချက်တွေရှိတယ်..။

တစ်စုံတစ်ယောက်ကသင့်ကိုမျက်နှာသာပေးရင် သံသယဝင်ရမယ်..။ (လက်တွေ့မှာ မလွယ်ကူပါ)

သမ္မာကျမ်းစာကို ကော်ဖီဆိုင်၊ အအေးဆိုင်တွေမှာ သင်ကြားရှင်းပြတယ်..။( တကယ့် ခရစ်ယာန်တွေက များသောအားဖြင့်ဘုရားကျောင်းမှာ ကျမ်းစာဆွေးနွေးလေ့ရှိတယ်။ )

သူတို့က ပျော်ဖို့ကောင်းတဲ့ အသင်းတစ်ခုခုကို ဝင်ခိုင်းလိမ့်မယ်..။ စက်ဘီးစီးအသင်း၊ ယိုးဂ၊ Kpop အကသင်တန်း စသည်..။

သူတို့တွေစုတဲ့နေရာက အခြား ခရစ်ယာန်ကျောင်းတွေနဲ့ မတူပါ..။ ခရစ်ယာန်ကျောင်း လိုလို ၊စာသင်ကျောင်းတွေလို ကျောက်သင်ပုန်းစတဲ့ အသွင်အပြင် ရှိနေတတ်တယ်..။ ကျမ်းစာသင်ဖို့..။

အခုတော့ ရှင်းချွန်းဂျိ ဗိုင်းရပ်စ်ဆိုတဲ့ S-Virus ကို ကမ္ဘာကသိပြီ…။

ဖေဖော်ဝါရီလ ၂၄ ရက်မှာ တောင်ကိုရီးယားနိုင်ငံကို နိုင်ငံပေါင်း ၁၅ နိုင်ငံက ခရီးသွားလာခွင့် ပိတ်လိုက်ရတယ်..။

အခုတော့ တောင်ကိုရီးယား ကျန်းမာရေးဝန်ထမ်းတွေက ဒဲဂုမြို့ ရှင်းချွန်းဂျိ ခရစ်ယာန် ဘုရားကျောင်းရှေ့မှာ အကာအကွယ် ဝတ်စုံဖြူတွေနဲ့ပိုးသတ်ဆေး ဖြန်းနေကြရတယ်..။

S ဗိုင်းရပ်စ်ကတော့ ပျောက်ကွယ်သွားမှာ မဟုတ်ပါ..။

တောင်ကိုရီးယားမှာ လူတွေသေတာ ဒီနေ့အထိဆိုအယောက် ၂၀ ကျော်ရှိပြီ..။

တိုင်းပြည် စီးပွါးရေးကျ..။

ဆေးရုံရောက်နေတဲ့ ကိုရိုနာ လူနာတွေအတွက် မျက်ရည်ကျနေကြတဲ့ မိသားစုတွေ ရပ်ကွက်ထဲပြန်ရောက်ရင် မျက်နှာငယ်ရ..။

တစ်ယောက်နဲ့တစ်ယောက် မသင်္ကာတဲ့မျက်လုံးတွေနဲ့ကြည့်ကြ..။

တစ်ယောက်နဲ့တစ်ယောက် စကားမပြောနိုင်ကြ။

ဆိုင်တွေပိတ်..။

ကျောင်းတွေပိတ်..။

ဆင်းရဲသားတွေ အလုပ်လက်မဲ့ … ငတ်ပြတ်…။

သူတို့ကတော့ ဆုတောင်းတုန်း..။

မရွှေမိုး (ကိုရီးယား)

လေးစားစွာဖြင့် –ခရက်ဒစ်ပေးပါသည် ( နပန်းဆံ )

Add a Comment

Your email address will not be published. Required fields are marked *