ထိုင်းနိုင်ငံ တွင် လူသတ်ပြီးအလောင်းဖျောက်ရန် ခရီးဆောင်အိပ် အတွင်းထည့် ၍ မြစ်ထဲမျှော လိုက်သည့် လူသတ်မှုနှင့် ဆက်စပ်သည့်အလိုရှိ တရုတ်နိုင်ငံသားတရားခံ ၄ ဦးထဲမှ ၂ ဦးအား မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဖမ်းဆီး ရမိ

၂၀၂၀ မတ်လ ၃ ရက် ။ ။ ထိုင်းနိုင်ငံ ကမ်ဖဲဖစ်မြို့အနီးမှ ပင်းမြစ်ထဲ တွင် ဖေဖဝါရီလ ၁၂ ရက်နေ့က မျောပါလာသည့် ခရီးဆောင်အိပ်အတွင်း အသတ်ခံထားရသည့် လူသတ်မှုနှင့်ပါတ်သက်သည့် ဖမ်းဝရမ်း ထုတ်ထားသော အလိုရှိတရားခံ တရုတ်နိုင်ငံသား ၄ ဦး မှ ၂ ဦးကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဖမ်းဆီး ရမိခဲ့ကြောင်း ထိုင်းသတင်းများမှ ထုတ်ပြန်သွားခဲ့ ။

ထိုင်းနိုင်ငံ တခ်ခရိုင်မဲဆောက်မြိုနယ်ရဲတပ်ဖွဲ့မှုး ၊ ရဲမှူးကြီး ဖူဘေ့စ် ဆဲန်အာလမ် ၏အတည်ပြုပြောကြားချက်အရ မြန်မာနိုင်ငံဘက်ခြမ်း မြဝတီဘက်မှကနဦးဆက်သွယ်အကြောင်းကြားခဲ့သည်မှာ ထိုင်းနိုင်ငံတွင်အသက် ၃၀ အရွယ် မစ္စတာ ဝမ်ကျုံး အား စီးပွားရေးပြိုင်ဘက် တရတ်နိုင်ငံသား ၄ ဦးထဲမှပူးပေါင်းကြံစည်သတ်ဖြတ်ပြီး အလောင်းဖျောက်ရန်အတွက် ခရီးဆောင်အိပ် အတွင်းထိုးထည့်၍ ဇစ်ပိတ်ကာ မြစ်ထဲမျှောခဲ့ရာမှ ကမ်းစပ်တွင်တင်နေသဖြင့် ရွာသားများမှတွေ့ရှိခဲ့ပြီး သက်ဆိုင်ရာသို့အကြောင်းကြားခဲ့သဖြင့် ရဲတပ်ဖွဲ့မှခြေရာခံစုံစမ်းရာ ဆက်စပ်တရားခံ ၄ ဦးသည် အိမ်နီးချင်းမြန်မာနယ်စပ်ဘက်ဖြစ်သည့် မြဝတီဘက် ထွက်ပြေးသွားကြောင်း စုံစမ်းစစ်ဆေးသိရှိရသဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့သို့နယ်ခြားကော်မတီမှတဆင့်အကူအညီတောင်ခဲ့ရာ တရားခံ ၂ ဦးအား ဖမ်းဆီးထားမိပြီဖြစ်ကြောင်း သိရသည်ဟုဆိုသည် ။

ဖမ်းဆီးရမိသူ နှစ်ဦးမှာ Mr.Fan Gang Gang နှင့် Mr.Qin Miao နှင့်၎င်းတို့ကိုဦးဆောင်ခေါ်ဆောင်သွားသူ အသက် ၃၀ အရွယ် Aung Hlaing Win တို့ကို အငှားကားနှင့်အတူ ရန်ကုန်တိုင်း အင်းစိန်မြို့နယ် သင်္ဘောဆိပ် အနီးတွင်ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရ ။

လွတ်မြောက်နေဆဲဖြစ်သည့်တရားခံ ၂ ဦး မှာ Mr.XIAO XIANG YU နှင့် MR.HU ZHEANG XIONG တို့ဖြစ်ပြီးဆက်လက်ဖမ်းဆီးရမိနိုင်ရေး အတွက် ထိုင်းနိုင်ငံရဲတပ်ဖွဲ့နှင့်မြန်မာနိုင်ငံရဲတပ်ဖွဲ့ တို့ပူးပေါင်းဆောင်ရွက်နိုင်ရေး အတွက် အမှတ် ( ၆ ) ရဲတိုင်းတပ်ဖွဲ့ မှ ထိပ်တန်းရဲအရာရှိကြီးများ မဲဆောက် – မြဝတီနယ်စပ်သို့ သွားရောက်ဆွေးနွေးသွားမည်ဟု သိရ ။

သေဆုံးသူသည် တရုတ်နိုင်ငံသားသည် ချွန်ဘူရီပြည်နယ် ဖတ်ထယားမြို့တွင်နေထိုင်ပြီး နယ်စပ်တွင် ကာစီနိုလောင်းကစားရုံများ တွင်ရင်းနှီးမြှုပ်နှံထားသည့်အစုရှယ်ယာ ဝင် တစ်ဦးဖြစ်ကြောင်း သတင်း ရရှိပါသည် ။

Photo Crd

Credit-SiThu Maung ( လေးစားစွာဖြင့် နပန်းဆံ )

Add a Comment

Your email address will not be published. Required fields are marked *