လာမည့် ၅ ရက်အတွင်း စစ်ကိုင်း တိုင်းနဲ့ ပြည်နယ် ၃ ခုမှာ လေပြင်းတိုက်ခတ်နိုင်ကြောင်း သတိပေးချက်ထုတ်ပြန်


photo credit


photo credit


photo credit

Unicode

လာမည့် ၅ ရက် အတွင်း စစ်ကိုင်းတိုင်း နှင့် ပြည်နယ် ၃ ခုတွင် လေပြင်းတိုက်နိုင်ကြောင်း သတိပေးချက်ထုတ်ပြန်

စစ် ကိုင်း၊ ကချင်၊ ရှမ်းနဲ့ ချင်းပြည်နယ်တွေမှာ နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာ နိုင်တာကြောင့် အဲဒီအချိန်မှာ မိုးရွာတာနဲ့အတူ လေပြင်းတိုက်တာ၊ လေပြင်းနဲ့အတူ ထစ်ချုန်းတာ၊ မိုးကြိုးပစ်တာ၊ လျှပ်စီးလက်တာနဲ့မိုးသီးကြွေတာတွေပါ ဖြစ်နိုင်လို့ ပြည်သူတွေအနေနဲ့ သတိပြု နေထိုင်ဖို့ ထုတ်ပြန်ပါတယ်။

ဒါအပြင် မြန်မာနိုင်ငံမှာ နွေကာလဖြစ်တဲ့အားလျော်စွာ မတ်နဲ့ဧပြီလတွေမှာ နေအပူချိန်တိုးကာ အပူပျံတက်လို့ တိမ်တွေဖြစ်ထွန်းရာကနေ မိုးတိမ်တောင်တွေဖြစ်နိုင်တယ်လို့ သိရပါတယ်။

သူတို့ ရွေ့လျားရာတလျှောက် အခုလို မိုးလေဝသဖြစ်စဉ်ဟာ မွန်းလွဲနဲ့ညနေပိုင်းတွေမှာ ဖြစ်ပေါ်နိုင်တယ် လို့ သိရပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *