တစ္ ကမာၻလုံး နီးပါးပ်ံႏွံေနတဲ့ ကိုရိုနာဗိုင္းရပ္စ္ လံုးဝ မေတြ႕ရိွရေသးဘူးဆိုတဲ့ တရုတ္နဲ႕ ကပ္ေနတဲ့ ႏိုင္ငံ (၅) ႏိုင္ငံ

ပီး ခဲ့တဲ့ ေဖေဖာ္ဝါရီ ၂၈ ရက္ေန႔ကတည္းက Time သတင္းစာ အြန္လိုင္း စာမ်က္ႏွာမွာ ကို႐ိုနာဗိုင္းရပ္စ္နဲ႔ ပတ္သက္ၿပီး သတင္းတစ္ပုဒ္ တက္ေနတယ္။ အဲဒီသတင္းမွာ တ႐ုတ္နဲ႔ ကပ္ေနတဲ့ ႏိုင္ငံ ငါးခုမွာ ဒီဗိုင္းရပ္စ္ လူနာ လုံးဝမေတြ႕ေသးလို႔ ပညာရွင္ေတြ အံ့ၾသစိုးရိမ္ေနၾကသတဲ့။ အဲဒီႏိုင္ငံေတြကေတာ့ ျမန္မာ၊ ကေမာၻဒီးယား၊ ဘ႐ူႏိုင္း၊ အင္ဒိုနီးရွားနဲ႔ လာအိုပါ။ အင္ဒိုနီးရွားကေတာ့ မေန႔ကပဲ ဗိုင္းရပ္စ္လူနာ (၂)ေယာက္ အတည္ျပဳလိုက္လို႔ (၄)ႏိုင္ငံပဲက်န္တယ္။

တ႐ုတ္နဲ႔ မိုင္ေလးေထာင္ေလာက္ နယ္စပ္ထိစပ္ေနၿပီး ေလေၾကာင္းပ်ံသန္းမႈေတြ အေတာ္ေနာက္က်တဲ့အထိ မပိတ္ဘဲ ရွိေနတဲ့အျပင္ နယ္စပ္ဝင္ေပါက္ေတြကိုလည္း ေသခ်ာ စနစ္က်ေအာင္ ပိတ္ထားတာမ်ိဳး မရွိတဲ့ ျမန္မာျပည္မွာ အခုထိ ကို႐ိုနာဗိုင္းရပ္စ္ လူနာ မေတြ႕ေသးတာကို ပညာရွင္ေတြ အံ့ၾသေနၾကတာပါ။

တစ္ဆက္တည္းမွာ ေခတ္မီတဲ့ စမ္းသပ္စစ္ေဆးမႈေတြ၊ တိက်ေသခ်ာ လုံၿခဳံတဲ့ ကာကြယ္ေရးစနစ္ေတြ၊ ဒီေရာဂါအေၾကာင္း ျပည္သူလူထု ေအာင္ က်ယ္က်ယ္ျပန႔္ျပန႔္ ပညာေပး၊ အသိေပးတာေတြ၊ လူစုလူေဝးေတြကအစ တားျမစ္ကန႔္သတ္မိန႔္ထုတ္ျပန္တာေတြ အစရွိတဲ့ အေရးတယူ၊ ဂ႐ုတစိုက္၊ ေလးေလးနက္နက္၊ ေသေသခ်ာခ်ာ၊ စိုးရိမ္တႀကီး ကာကြယ္ေဆာင္႐ြက္တာမ်ိဳးမွာ အားနည္းခ်က္ေတြ ရွိေနႏိုင္တဲ့ ျမန္မာ၊ ကေမာၻဒီးယား၊ လာအို ေလးႏိုင္ငံအတြက္ စိုးရိမ္စိတ္ေတြ ရွိေနၾကပါသတဲ့။ သူတို႔စိုးရိမ္တာက မေဝးတဲ့ မၾကာမတင္ ကာလမွာ ဗိုင္းရပ္စ္ ကူးစက္ခံရတဲ့ လူအစုလိုက္ အၿပဳံလိုက္ တခ်ိန္တည္း ေတြ႕လာမွာကိုပါပဲ။ အဲဒီအတြက္ သက္ဆိုင္ရာ ႏိုင္ငံအစိုးရေတြမွာ စနစ္က်ၿပီး အားကိုးအားထားျပဳထိုက္တဲ့ အစီအမံေတြ ရွိမေနမွာကိုလည္း ထပ္ဆင့္ စိုးရိမ္ေနၾကတယ္။

သတင္းမွာပါတာကို အၾကမ္းဖ်င္း မွ်ေဝတာပါ။ ျမန္မာႏိုင္ငံ က်န္းမာေရးဝန္ႀကီးကေတာ့ အခုအခ်ိန္အထိ သိပ္ကို ယုံၾကည္မႈ ရွိေနတုန္းပဲလို႔ ယူဆရတာပဲ။ တစ္ကမာၻလုံး ဒီဗိုင္းရပ္စ္ရဲ႕ ႐ိုက္ခတ္မႈ သိပ္ႀကီးေနတဲ့အခ်ိန္မွာေတာင္ ကက္ဘိနက္အစည္းအေဝး သီးသန႔္ေခၚၿပီး တျခားဝန္ႀကီးဌာနေတြနဲ႔၊ WHO လို UN အဖြဲ႕အစည္းေတြနဲ႔ လူထုက်န္းမာေရးနဲ႔ ဆက္စပ္ေနတဲ့ INGO ေတြ၊ NGO ေတြ၊ ရပ္႐ြာအေျချပဳ အဖြဲ႕အစည္းေတြ၊ သတင္းမီဒီယာေတြနဲ႔ ဘယ္လိုပူးေပါင္း၊ ခ်ိတ္ဆက္၊ ေဆာင္႐ြက္ၾကမယ္ဆိုတာ ဒီေန႔အထိ အထူးအစည္းအေဝးေခၚတာ၊ ညႇိႏႈိင္းတာ၊ ထုတ္ျပန္အသိေပးတာ မေတြ႕ရေသးေတာ့။ ဒါေတြ အကုန္လုပ္ထားၿပီးသားလို႔ ထင္တယ္။ စီးပြားေရးကလည္း တစ္ႏြယ္ငွင္တစ္စင္ပါ ႐ိုက္ခတ္မွာမို႔ ဒီအတြက္လည္း အစီအမံေတြ၊ အစီအစဥ္ေတြ ရွိေနမယ္လို႔ ထင္တယ္။

အဲဒါေတြ မလုပ္ရေသးဘူးဆိုရင္ သိပ္ေနာက္မက်ခင္ အျမန္လုပ္ေစခ်င္ပါတယ္။ သတိဆိုတာ ပိုတယ္မရွိဘူးမဟုတ္လား။ ဘာရယ္မဟုတ္ဘူး က်ေနာ္လည္း ပညာရွင္ေတြ စိုးရိမ္တယ္ဆိုလို႔ ေတြးၾကည့္ၿပီး စိုးရိမ္လို႔ပါ။ က်ိဳးေၾကာင္းက် ေဝဖန္ဖို႔၊ လြတ္လြတ္လပ္လပ္၊ ယဥ္ယဥ္ေက်းေက်း၊ လူႀကီးလူေကာင္းဆန္ဆန္ သေဘာကြဲဖို႔နဲ႔ ဆင္ျခင္သတိျပဳမိၾကဖို႔ပါ။ Kyaw Min Swe

Unicode

ပီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့ကတည်းက Time သတင်းစာ အွန်လိုင်း စာမျက်နှာမှာ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး သတင်းတစ်ပုဒ် တက်နေတယ်။ အဲဒီသတင်းမှာ တရုတ်နဲ့ ကပ်နေတဲ့ နိုင်ငံ ငါးခုမှာ ဒီဗိုင်းရပ်စ် လူနာ လုံးဝမတွေ့သေးလို့ ပညာရှင်တွေ အံ့သြစိုးရိမ်နေကြသတဲ့။ အဲဒီနိုင်ငံတွေကတော့ မြန်မာ၊ ကမ္ဘောဒီးယား၊ ဘရူနိုင်း၊ အင်ဒိုနီးရှားနဲ့ လာအိုပါ။ အင်ဒိုနီးရှားကတော့ မနေ့ကပဲ ဗိုင်းရပ်စ်လူနာ (၂)ယောက် အတည်ပြုလိုက်လို့ (၄)နိုင်ငံပဲကျန်တယ်။

တရုတ်နဲ့ မိုင်လေးထောင်လောက် နယ်စပ်ထိစပ်နေပြီး လေကြောင်းပျံသန်းမှုတွေ အတော်နောက်ကျတဲ့အထိ မပိတ်ဘဲ ရှိနေတဲ့အပြင် နယ်စပ်ဝင်ပေါက်တွေကိုလည်း သေချာ စနစ်ကျအောင် ပိတ်ထားတာမျိုး မရှိတဲ့ မြန်မာပြည်မှာ အခုထိ ကိုရိုနာဗိုင်းရပ်စ် လူနာ မတွေ့သေးတာကို ပညာရှင်တွေ အံ့သြနေကြတာပါ။

တစ်ဆက်တည်းမှာ ခေတ်မီတဲ့ စမ်းသပ်စစ်ဆေးမှုတွေ၊ တိကျသေချာ လုံခြုံတဲ့ ကာကွယ်ရေးစနစ်တွေ၊ ဒီရောဂါအကြောင်း ပြည်သူလူထု အောင် ကျယ်ကျယ်ပြန့်ပြန့် ပညာပေး၊ အသိပေးတာတွေ၊ လူစုလူဝေးတွေကအစ တားမြစ်ကန့်သတ်မိန့်ထုတ်ပြန်တာတွေ အစရှိတဲ့ အရေးတယူ၊ ဂရုတစိုက်၊ လေးလေးနက်နက်၊ သေသေချာချာ၊ စိုးရိမ်တကြီး ကာကွယ်ဆောင်ရွက်တာမျိုးမှာ အားနည်းချက်တွေ ရှိနေနိုင်တဲ့ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို လေးနိုင်ငံအတွက် စိုးရိမ်စိတ်တွေ ရှိနေကြပါသတဲ့။ သူတို့စိုးရိမ်တာက မဝေးတဲ့ မကြာမတင် ကာလမှာ ဗိုင်းရပ်စ် ကူးစက်ခံရတဲ့ လူအစုလိုက် အပြုံလိုက် တချိန်တည်း တွေ့လာမှာကိုပါပဲ။ အဲဒီအတွက် သက်ဆိုင်ရာ နိုင်ငံအစိုးရတွေမှာ စနစ်ကျပြီး အားကိုးအားထားပြုထိုက်တဲ့ အစီအမံတွေ ရှိမနေမှာကိုလည်း ထပ်ဆင့် စိုးရိမ်နေကြတယ်။

သတင်းမှာပါတာကို အကြမ်းဖျင်း မျှဝေတာပါ။ မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးကတော့ အခုအချိန်အထိ သိပ်ကို ယုံကြည်မှု ရှိနေတုန်းပဲလို့ ယူဆရတာပဲ။ တစ်ကမ္ဘာလုံး ဒီဗိုင်းရပ်စ်ရဲ့ ရိုက်ခတ်မှု သိပ်ကြီးနေတဲ့အချိန်မှာတောင် ကက်ဘိနက်အစည်းအဝေး သီးသန့်ခေါ်ပြီး တခြားဝန်ကြီးဌာနတွေနဲ့၊ WHO လို UN အဖွဲ့အစည်းတွေနဲ့ လူထုကျန်းမာရေးနဲ့ ဆက်စပ်နေတဲ့ INGO တွေ၊ NGO တွေ၊ ရပ်ရွာအခြေပြု အဖွဲ့အစည်းတွေ၊ သတင်းမီဒီယာတွေနဲ့ ဘယ်လိုပူးပေါင်း၊ ချိတ်ဆက်၊ ဆောင်ရွက်ကြမယ်ဆိုတာ ဒီနေ့အထိ အထူးအစည်းအဝေးခေါ်တာ၊ ညှိနှိုင်းတာ၊ ထုတ်ပြန်အသိပေးတာ မတွေ့ရသေးတော့။ ဒါတွေ အကုန်လုပ်ထားပြီးသားလို့ ထင်တယ်။ စီးပွားရေးကလည်း တစ်နွယ်ငှင်တစ်စင်ပါ ရိုက်ခတ်မှာမို့ ဒီအတွက်လည်း အစီအမံတွေ၊ အစီအစဉ်တွေ ရှိနေမယ်လို့ ထင်တယ်။

အဲဒါတွေ မလုပ်ရသေးဘူးဆိုရင် သိပ်နောက်မကျခင် အမြန်လုပ်စေချင်ပါတယ်။ သတိဆိုတာ ပိုတယ်မရှိဘူးမဟုတ်လား။ ဘာရယ်မဟုတ်ဘူး ကျနော်လည်း ပညာရှင်တွေ စိုးရိမ်တယ်ဆိုလို့ တွေးကြည့်ပြီး စိုးရိမ်လို့ပါ။ ကျိုးကြောင်းကျ ဝေဖန်ဖို့၊ လွတ်လွတ်လပ်လပ်၊ ယဉ်ယဉ်ကျေးကျေး၊ လူကြီးလူကောင်းဆန်ဆန် သဘောကွဲဖို့နဲ့ ဆင်ခြင်သတိပြုမိကြဖို့ပါ။ Kyaw Min Swe

Add a Comment

Your email address will not be published. Required fields are marked *