“ သံဃႆ ေဒမ ” လို႔ ေျပာလႉတဲ့ အလႉရွင္မ်ား သိေစရန္ – ( ဖားေအာက္ေတာရ ဆရာေတာ္ဘုရားႀကီး)

ဒကာႀကီး ဒကာမႀကီးေတြဘက္က သတိရွိဖို႔ေလး တစ္ခု ဘုန္းႀကီးေျပာခ်င္ပါတယ္..။ ဆြမ္းေလာင္းၿပီးရင္ သံဃာ့ဂုဏ္ရည္ကိုရည္ၫႊန္းၿပီး သံဃာေတာ္ဟူေသာ အမွတ္သညာျဖင့္ေလာင္းလႉရင္ ဘာမွမျဖစ္ပါဘူး..။ သို႔ေသာ္ ပါးစပ္ကလည္း “သံဃႆ ေဒမ”ဆိုၿပီး ဆိုလိုက္ေသးတယ္..။ “သံဃႆ ေဒမ”ဆိုတဲ့ပစၥည္းသည္ ဝိနည္းေၾကာင္းအရ ဘယ္လိုျဖစ္လာလဲ?..

ဝိနည္းေဒသနာေတာ္ဘက္ေရာက္လာလွ်င္ အလႉရွင္ႏႈတ္က ေျပာဆိုေသာစကားသည္သာလွ်င္ ပမာဏျဖစ္တယ္.. ။အလႉရွင္က”သံဃႆ ေဒမ”လို႔ေျပာလႉလွ်င္ သူလႉလိုက္တဲ့ “သံဃႆ ေဒမ”က မုန႔္ေလးတစ္ပြဲပဲ.. အဲဒီမုန႔္ေလးတစ္ပြဲကို ႐ြာထဲမွာျဖစ္ခဲ့မယ္ဆိုလွ်င္ တစ္ဆယ့္ႏွစ္ေတာင္အတြင္းမွာ အျခားသံဃာမရွိေသးဘူးဆိုလွ်င္ အဲ့ခ်ိန္အခါမွာ အလႉခံရေသာသံဃာက
“ဤ ပစၥည္းသည္ ငါ့အားေရာက္၏”ဟု အဓိ႒ာန္ရပါတယ္.. ဒီလိုဆိုလွ်င္ သူစားထိုက္ပါတယ္..

တစ္ဆယ့္ႏွစ္ေတာင္အတြင္းမွာ အျခားသံဃာက ရွိေနခဲ့လွ်င္ အဲ့ဒီသံဃာကို ခြဲျခားေဝဖန္မႈမျပဳခဲ့ပဲ ဒီရဟန္းေတာ္ကစားလိုက္လွ်င္ သံဃိကပစၥည္းကို မတရားသုံးစြဲသည္မည္ပါတယ္..။ ဒါက အာပတ္သင့္႐ုံတင္မကဘူး အဲဒီမုန႔္က ပါရာဇိကက်နိဳင္ေလာက္ေအာင္ တန္ဖိုးရွိခဲ့လွ်င္ ဒီရဟန္းေတာ္က အဲ့ဒီရဟန္းေတာ္က အဲ့ဒီေနရာတြင္ပင္ ပါရာဇိကက်နိဳင္ပါတယ္..။

ေနာက္တစ္ခု ေက်ာင္းဝန္းအတြင္း”သံဃႆ ေဒမ”လို႔ဆိုၿပီး အလႉရွင္က လႉတယ္.. ဒါဆိုေက်ာင္းတိုက္အတြင္း သံဃာငါးရာရွိလွ်င္ ငါးရာလုံးကိုရတဲ့သံဃာက လိုက္ၿပီးခြဲေဝရမွာျ ဖစ္ တယ္..။ျဖစ္ပါ့မလား..စဥ္းစားၾကည့္.. ဘယ္ကိုယ္ေတာက ဘယ္ႂကြမွန္းမသိ သူလႉတဲ့မုန႔္ကို အပုံငါးရာေက်ာ္ပုံဖို႔လည္း အခ်ိန္ရွိဦးမလား..အဲ့ဒါေၾကာင့္ နည္းနည္းလည္းစဥ္းစားၾကည့္.. ဘယ္သူကမ်ား သင္ေပးလိုက္လဲမသိဘူး..

ဒီအစဥ္အလာက ဆြမ္းေလာင္းတဲ့အခါ “သံဃႆ ေဒမ”တဲ့. ရင္းႏွီးတဲ့သူေတြဆိုလွ်င္ေတာ့ “ဒကာႀကီးျပန္ယူသြား ဘုန္းႀကီးမေဝနိုင္ဘူး”ဆိုၿပီး ရွင္းရွင္းပဲေျပာလိုက္တယ္..ဒါက သံဃာ့ဂုဏ္ကို အာ႐ုံျပဳၿပီးသာ လႉဒါန္းရမွာျဖစ္ပါတယ္.. “သံဃႆ ေဒမ”လို႔ ႏႈတ္ကေျပာဆို လႉဒါန္းရမယ့္ လုပ္ငန္းခြင္မဟုတ္ပါဘူး.. “သံဃႆ ေဒမ”လို႔ေျပာဆိုလႉဒါန္းတဲ့ အျခားအျခားေသာ ပစၥည္းျဖစ္ခဲ့လွ်င္ သံဃာ့ေရးရာ ဘ႑ာထိန္းတဲ့ ဌာနကို ေဝဖန္နိုင္ရန္ အလို႔ငွာ ပို႔ေပးလိုက္ပါတယ္..

ဒီေတာ့ေျပာခ်င္တာက လႉဒါန္းတဲ့ေနရာမွာ သတိေတာ့ရွိၾကပါ..

ဖားေအာက္ေတာရဆရာေတာ္ဘုရားႀကီး

Unicode

ဒကာကြီး ဒကာမကြီးတွေဘက်က သတိရှိဖို့လေး တစ်ခု ဘုန်းကြီးပြောချင်ပါတယ်..။ ဆွမ်းလောင်းပြီးရင် သံဃာ့ဂုဏ်ရည်ကိုရည်ညွှန်းပြီး သံဃာတော်ဟူသော အမှတ်သညာဖြင့်လောင်းလှူရင် ဘာမှမဖြစ်ပါဘူး..။ သို့သော် ပါးစပ်ကလည်း “သံဃဿ ဒေမ”ဆိုပြီး ဆိုလိုက်သေးတယ်..။ “သံဃဿ ဒေမ”ဆိုတဲ့ပစ္စည်းသည် ဝိနည်းကြောင်းအရ ဘယ်လိုဖြစ်လာလဲ?..

ဝိနည်းဒေသနာတော်ဘက်ရောက်လာလျှင် အလှူရှင်နှုတ်က ပြောဆိုသောစကားသည်သာလျှင် ပမာဏဖြစ်တယ်.. ။အလှူရှင်က”သံဃဿ ဒေမ”လို့ပြောလှူလျှင် သူလှူလိုက်တဲ့ “သံဃဿ ဒေမ”က မုန့်လေးတစ်ပွဲပဲ.. အဲဒီမုန့်လေးတစ်ပွဲကို ရွာထဲမှာဖြစ်ခဲ့မယ်ဆိုလျှင် တစ်ဆယ့်နှစ်တောင်အတွင်းမှာ အခြားသံဃာမရှိသေးဘူးဆိုလျှင် အဲ့ချိန်အခါမှာ အလှူခံရသောသံဃာက
“ဤ ပစ္စည်းသည် ငါ့အားရောက်၏”ဟု အဓိဋ္ဌာန်ရပါတယ်.. ဒီလိုဆိုလျှင် သူစားထိုက်ပါတယ်..

တစ်ဆယ့်နှစ်တောင်အတွင်းမှာ အခြားသံဃာက ရှိနေခဲ့လျှင် အဲ့ဒီသံဃာကို ခွဲခြားဝေဖန်မှုမပြုခဲ့ပဲ ဒီရဟန်းတော်ကစားလိုက်လျှင် သံဃိကပစ္စည်းကို မတရားသုံးစွဲသည်မည်ပါတယ်..။ ဒါက အာပတ်သင့်ရုံတင်မကဘူး အဲဒီမုန့်က ပါရာဇိကကျနိုင်လောက်အောင် တန်ဖိုးရှိခဲ့လျှင် ဒီရဟန်းတော်က အဲ့ဒီရဟန်းတော်က အဲ့ဒီနေရာတွင်ပင် ပါရာဇိကကျနိုင်ပါတယ်..။

နောက်တစ်ခု ကျောင်းဝန်းအတွင်း”သံဃဿ ဒေမ”လို့ဆိုပြီး အလှူရှင်က လှူတယ်.. ဒါဆိုကျောင်းတိုက်အတွင်း သံဃာငါးရာရှိလျှင် ငါးရာလုံးကိုရတဲ့သံဃာက လိုက်ပြီးခွဲဝေရမှာြ ဖစ် တယ်..။ဖြစ်ပါ့မလား..စဉ်းစားကြည့်.. ဘယ်ကိုယ်တောက ဘယ်ကြွမှန်းမသိ သူလှူတဲ့မုန့်ကို အပုံငါးရာကျော်ပုံဖို့လည်း အချိန်ရှိဦးမလား..အဲ့ဒါကြောင့် နည်းနည်းလည်းစဉ်းစားကြည့်.. ဘယ်သူကများ သင်ပေးလိုက်လဲမသိဘူး..

ဒီအစဉ်အလာက ဆွမ်းလောင်းတဲ့အခါ “သံဃဿ ဒေမ”တဲ့. ရင်းနှီးတဲ့သူတွေဆိုလျှင်တော့ “ဒကာကြီးပြန်ယူသွား ဘုန်းကြီးမဝေနိုင်ဘူး”ဆိုပြီး ရှင်းရှင်းပဲပြောလိုက်တယ်..ဒါက သံဃာ့ဂုဏ်ကို အာရုံပြုပြီးသာ လှူဒါန်းရမှာဖြစ်ပါတယ်.. “သံဃဿ ဒေမ”လို့ နှုတ်ကပြောဆို လှူဒါန်းရမယ့် လုပ်ငန်းခွင်မဟုတ်ပါဘူး.. “သံဃဿ ဒေမ”လို့ပြောဆိုလှူဒါန်းတဲ့ အခြားအခြားသော ပစ္စည်းဖြစ်ခဲ့လျှင် သံဃာ့ရေးရာ ဘဏ္ဍာထိန်းတဲ့ ဌာနကို ဝေဖန်နိုင်ရန် အလို့ငှာ ပို့ပေးလိုက်ပါတယ်..

ဒီတော့ပြောချင်တာက လှူဒါန်းတဲ့နေရာမှာ သတိတော့ရှိကြပါ..

ဖားအောက်တောရဆရာတော်ဘုရားကြီး

Add a Comment

Your email address will not be published. Required fields are marked *