သုံးၿပီး သား Mask ႏွာေခါင္းစည္းမ်ား ကို ေလွ်ာ္ဖြတ္မီးပူ တိုက္ၿပီး ျပန္လည္ေရာင္းခ်ေနသည့္ ထိုင္းကစက္ရံုကို ၀င္ေရာက္ဖမ္းဆီး

ကို႐ို နာ ဗိုင္းရပ္စ္ ၿခိမ္းေျခာက္ မႈေၾကာင့္ ႏိုင္ငံတကာ ေဈးကြက္ အတြင္းမွာ ႏွာေခါင္းစည္းမ်ား ပစၥည္းျပတ္လပ္ေနမႈကို အခြင့္ေကာင္းယူကာ မမွန္မကန္နည္းလမ္းမ်ားနဲ႔ စီးပြားရွာခ်င္တဲ့ ထိုင္းႏိုင္ငံက စက္႐ုံတစ္႐ုံကို အာဏာပိုင္မ်ား ဝင္ေရာက္စစ္ေဆးၿပီး ဖမ္းဆီးခဲ့ပါတယ္။

photo credit

မတ္လ ၂ ရက္ေန႔က ထိုင္းႏိုင္ငံ ဆာရာဘူရီစီရင္စုရွိ စက္႐ုံတစ္႐ုံကို သတင္းအရ ရဲမ်ားက ေရွာင္တခင္ဝင္ေရာက္စစ္ေဆးခဲ့ရာ အသုံးျပဳၿပီးသား ႏွာေခါင္းစည္းမ်ားကို အဝတ္ေလွ်ာ္စက္္္္္နဲ ေလွ်ာ္ဖြတ္ မီးပူတိုက္ကာ အိပ္သြပ္ၿပီး အသစ္ပုံစံနဲ႔ ျပန္လည္ေရာင္းခ်ဖို႔ ျပင္ဆင္ေနတာကို ေတြ႕ခဲ့ရပါတယ္။

photo credit

အလုပ္သမား ၆ ေယာက္က ႏွာေခါင္းစည္းေတြကို ျပန္ေ႐ြးၿပီး အလုပ္လုပ္ေနၾကတာကိုေတြ႕ခဲ့ရပါတယ္။ သူတို႔ေတြဟာ ႏွာေခါင္းစည္းတစ္ခုအတြက္ ထိုင္းဘတ္ေငြ ၁ ဘတ္ရရွိၿပီး တစ္ရက္လွ်င္ ႏွာေခါင္းစည္း ၃၀၀ ကေန ၄၀၀ ေလာက္ ၿပီးစီးေၾကာင္း ထြက္ဆိုခဲ့ပါတယ္။

photo credit

အာဏာပိုင္ေတြက စက္႐ုံမွာေတြ႕ရတဲ့ ႏွာေခါင္းစည္းေတြအားလုံးကို သိမ္းဆည္းၿပီး အခ်ိဳ႕ကို က်န္မာေရးဝန္ႀကီးဌါနသို႔ ေပးပို႔ကာ စစ္ေဆးမႈမ်ား ျပဳလုပ္ေနၿပီး ဒီႏွာေခါင္းစည္းေတြ ဘယ္ေနရာကေန ေရာက္လာတယ္ဆိုတာကို စုံစမ္းေနၾကဆဲျဖစ္ပါတယ္။ စက္႐ုံကို တရားစြဲဆိုႏိုင္ရန္ ဆက္လက္လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း သိရသည္။

Unicode

ကို ရိုနာ ဗိုင်းရပ်စ် ခြိမ်းခြောက်မှုကြောင့် နိုင်ငံတကာ ဈေးကွက်အတွင်းမှာ နှာခေါင်းစည်းများ ပစ္စည်းပြတ်လပ်နေမှုကို အခွင့်ကောင်းယူကာ မမှန်မကန်နည်းလမ်းများနဲ့ စီးပွားရှာချင်တဲ့ ထိုင်းနိုင်ငံက စက်ရုံတစ်ရုံကို အာဏာပိုင်များ ဝင်ရောက်စစ်ဆေးပြီး ဖမ်းဆီးခဲ့ပါတယ်။

မတ်လ ၂ ရက်နေ့က ထိုင်းနိုင်ငံ ဆာရာဘူရီစီရင်စုရှိ စက်ရုံတစ်ရုံကို သတင်းအရ ရဲများက ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ရာ အသုံးပြုပြီးသား နှာခေါင်းစည်းများကို အဝတ်လျှော်စက်နဲ လျှော်ဖွတ် မီးပူတိုက်ကာ အိပ်သွပ်ပြီး အသစ်ပုံစံနဲ့ ပြန်လည်ရောင်းချဖို့ ပြင်ဆင်နေတာကို တွေ့ခဲ့ရပါတယ်။

အလုပ်သမား ၆ ယောက်က နှာခေါင်းစည်းတွေကို ပြန်ရွေးပြီး အလုပ်လုပ်နေကြတာကိုတွေ့ခဲ့ရပါတယ်။ သူတို့တွေဟာ နှာခေါင်းစည်းတစ်ခုအတွက် ထိုင်းဘတ်ငွေ ၁ ဘတ်ရရှိပြီး တစ်ရက်လျှင် နှာခေါင်းစည်း ၃၀၀ ကနေ ၄၀၀ လောက် ပြီးစီးကြောင်း ထွက်ဆိုခဲ့ပါတယ်။

အာဏာပိုင်တွေက စက်ရုံမှာတွေ့ရတဲ့ နှာခေါင်းစည်းတွေအားလုံးကို သိမ်းဆည်းပြီး အချို့ကို ကျန်မာရေးဝန်ကြီးဌါနသို့ ပေးပို့ကာ စစ်ဆေးမှုများ ပြုလုပ်နေပြီး ဒီနှာခေါင်းစည်းတွေ ဘယ်နေရာကနေ ရောက်လာတယ်ဆိုတာကို စုံစမ်းနေကြဆဲဖြစ်ပါတယ်။ စက်ရုံကို တရားစွဲဆိုနိုင်ရန် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

Add a Comment

Your email address will not be published. Required fields are marked *