အေလာင္းျပန္ေဖာ္စဥ္ မွာ မပ်က္မစီးပဲ ျပဳံးေယာင္သန္းေန တာေတြ႕ ရေသာ ဘုန္းေတာ္ႀကီး

ပ်ံလြန္ေတာ္မူ သြားတာႏွစ္လၾကာၿပီျဖစ္ တဲ့ ဗုဒၶဘာသာဝင္ ထိုင္းဘုန္းႀကီးတစ္ပါး ကို အေလာင္းျပန္ လည္ တူးေဖာ္ရာ မွာ ၿပဳံးေနေၾကာင္းေတြ ႕ရွိခဲ့ရပါတယ္ ။ သိကၡာေတာ္ရ ဘုန္းေတာ္ႀကီး တစ္ပါးျဖစ္ တဲ့ Luang Phor Pian ဟာ ကမာၻဒီးယားနိုင္ငံဇာတိျဖစ္ေပမယ့္ သူ႕ဘဝအခ်ိန္ေတာ္ေတာ္မ်ားမ်ားကိုေတာ့ ထိုင္းနိုင္ငံအလယ္ပိုင္း Lopburi မွာ ဘာသာေရးဆိုင္ရာ သင္ၾကားျပသေပးတဲ့ ဆရာတစ္ဆူတစ္ျဖစ္ အခ်ိန္ကုန္ဆုံးခဲ့ပါတယ္။သူေသဆုံးတဲ့အခါ ႐ုပ္အေလာင္းကိုျမႇုပ္ႏွံဖို႔ ဘုန္းႀကီးေနထိုင္ခဲ့တဲ့ဘုရားေက်ာင္းကိုျပန္သယ္လာခဲ့ပါတယ္။

ယခုအပတ္မွာေတာ့ ဘုန္းႀကီးရဲ႕ဒကာေတြက ထိုင္းနိုင္ငံရိုးရာဗုဒၶဘာသာအစဥ္အလာတစ္ခုအရ အေလာင္းကိုအေခါင္းထဲကေန ျပန္ထုတ္ခဲ့ပါတယ္ ဒကာေတြဟာ ဘုန္းႀကီးရဲ႕ အေလာင္း ကို မပ်က္မစီးပဲ ေတြ႕ခဲ့ရတဲ့အျပင္ မ်က္ႏွာဟာလည္း ၿပဳံးေနတာေၾကာင့္ အံ့အားသင့္ခဲ့ၾကပါတယ္။ ဘုန္းႀကီးရဲ႕ ထူးျခားတဲ့႐ုပ္အေလာင္းနဲ႕ ၿပဳံးေနတဲ့သ႑ာန္ေၾကာင့္ ၾကည့္ရႈသူေတြက ဓာတ္ပုံရိုက္ခဲ့ၾကကာ ဆိုရွယ္မီဒီယာေတြေပၚမွာ မွ်ေဝခဲ့ပါတယ္။

သတင္းဌာနေတြအရေတာ့ ဘုန္းႀကီးအေလာင္းကို အေခါင္းထဲကေန ဖယ္ထုတ္ခဲ့ျခင္းက အေလာင္းကိုျပန္လည္သန႔္စင္ကာ အဝတ္သစ္ေတြဆင္ျမန္းေပးဖို႔ျဖစ္ေၾကာင္း သိရပါတယ္။

အေလာင္းျပန္ေဖာ္စဥ္ မွာ မပ်က္မစီးပဲ ျပဳံးေယာင္သန္းေန တာေတြ႕ ရေသာ ဘုန္းေတာ္ႀကီး

ဒါ့အျပင္ ႏွစ္လၾကာမွျပန္တူးေဖာ္ၿပီးေတြ႕ရတဲ့႐ုပ္အေလာင္းက (၃၈)နာရီအတြင္းေသဆုံးခဲ့တဲ့လူေသလိုပဲ ျဖစ္ေနေၾကာင္း သတင္းေတြကေတာ့ဆိုပါတယ္။ ဗုဒၶဘာသာအလိုအရ နိဗၺာန္ကိုမ်က္ေမွာက္ျပဳၿပီးတာေၾကာင့္ဘုန္းႀကီးကိုယခုလိုျမင္ရေၾကာင္းလည္း ေျပာသူက ေျပာၾကပါတယ္။ဒကာ ဒကာမ ေတြကေတာ့ ဘုန္းႀကီးပ်ံလြန္ေတာ္မူတဲ့ရက္(၁၀၀)ျပည့္တဲ့အထိ ဆက္လက္ၿပီး ဆည္းကပ္ပူေဇာ္မႈေတြျပဳလုပ္သြားမယ္လို႔သိရပါတယ္။

Unicode

ပျံလွန်တော်မူ သွားတာနှစ်လကြာပြီဖြစ် တဲ့ ဗုဒ္ဓဘာသာဝင် ထိုင်းဘုန်းကြီးတစ်ပါး ကို အလောင်းပြန် လည် တူးဖော်ရာ မှာ ပြုံးနေကြောင်းတွေ့ရှိခဲ့ရပါတယ် ။ သိက္ခာတော်ရ ဘုန်းတော်ကြီး တစ်ပါးဖြစ် တဲ့ Luang Phor Pian ဟာ ကမ္ဘာဒီးယားနိုင်ငံဇာတိဖြစ်ပေမယ့် သူ့ဘဝအချိန်တော်တော်များများကိုတော့ ထိုင်းနိုင်ငံအလယ်ပိုင်း Lopburi မှာ ဘာသာရေးဆိုင်ရာ သင်ကြားပြသပေးတဲ့ ဆရာတစ်ဆူတစ်ဖြစ် အချိန်ကုန်ဆုံးခဲ့ပါတယ်။သူသေဆုံးတဲ့အခါ ရုပ်အလောင်းကိုမြှုပ်နှံဖို့ ဘုန်းကြီးနေထိုင်ခဲ့တဲ့ဘုရားကျောင်းကိုပြန်သယ်လာခဲ့ပါတယ်။

ယခုအပတ်မှာတော့ ဘုန်းကြီးရဲ့ဒကာတွေက ထိုင်းနိုင်ငံရိုးရာဗုဒ္ဓဘာသာအစဉ်အလာတစ်ခုအရ အလောင်းကိုအခေါင်းထဲကနေ ပြန်ထုတ်ခဲ့ပါတယ် ဒကာတွေဟာ ဘုန်းကြီးရဲ့ အလောင်း ကို မပျက်မစီးပဲ တွေ့ခဲ့ရတဲ့အပြင် မျက်နှာဟာလည်း ပြုံးနေတာကြောင့် အံ့အားသင့်ခဲ့ကြပါတယ်။ ဘုန်းကြီးရဲ့ ထူးခြားတဲ့ရုပ်အလောင်းနဲ့ ပြုံးနေတဲ့သဏ္ဍာန်ကြောင့် ကြည့်ရှုသူတွေက ဓာတ်ပုံရိုက်ခဲ့ကြကာ ဆိုရှယ်မီဒီယာတွေပေါ်မှာ မျှဝေခဲ့ပါတယ်။

သတင်းဌာနတွေအရတော့ ဘုန်းကြီးအလောင်းကို အခေါင်းထဲကနေ ဖယ်ထုတ်ခဲ့ခြင်းက အလောင်းကိုပြန်လည်သန့်စင်ကာ အဝတ်သစ်တွေဆင်မြန်းပေးဖို့ဖြစ်ကြောင်း သိရပါတယ်။

ဒါ့အပြင် နှစ်လကြာမှပြန်တူးဖော်ပြီးတွေ့ရတဲ့ရုပ်အလောင်းက (၃၈)နာရီအတွင်းသေဆုံးခဲ့တဲ့လူသေလိုပဲ ဖြစ်နေကြောင်း သတင်းတွေကတော့ဆိုပါတယ်။ ဗုဒ္ဓဘာသာအလိုအရ နိဗ္ဗာန်ကိုမျက်မှောက်ပြုပြီးတာကြောင့်ဘုန်းကြီးကိုယခုလိုမြင်ရကြောင်းလည်း ပြောသူက ပြောကြပါတယ်။ဒကာ ဒကာမ တွေကတော့ ဘုန်းကြီးပျံလွန်တော်မူတဲ့ရက်(၁၀၀)ပြည့်တဲ့အထိ ဆက်လက်ပြီး ဆည်းကပ်ပူဇော်မှုတွေပြုလုပ်သွားမယ်လို့သိရပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *