UK ရဲ႕ နံမည္ႀကီးသတင္းစာ The Sun မွာ ကိုရိုနာဗိုင္းရပ္စ္ ကင္းစင္နိုင္ငံ အျဖစ္ ျမန္မာနိုင္ငံကို ထည့္သြင္း ေဖာ္ျပ

ဆက္ၿပီး ကံေကာင္း ပါေစ ျမန္မာျပည္

ဘယ္သူေတြဘာေျပာေျပာ UK ရဲ႕ နံမည္ႀကီးသတင္းစာတစ္ေစာင္ျဖစ္ တဲ့ March 3 ရက္ေန႕ထုတ္ The Sun သတင္းစာ မွာေတာင္ ကမာၻေပၚက အားလပ္ရက္ ခရီးသြားမယ့္ သူေတြ အတြက္ ကိုရိုနာဗိုင္းရပ္စ္ ကင္းစင္နိုင္ငံ အျဖစ္ ျမန္မာနိုင္ငံ ကို ထည့္သြင္းထား ပါ တယ္။

ဒီေနရာမွာ တစ္ခ်ိဳ႕သူေတြက ျမန္မာအစိုးရကမ်ား ဗိုင္းရပ္စ္နဲ႕ပတ္သတ္ၿပီး သတင္းအေမွာင္ခ်ထားလား ၊ ဖုံးဖိထားသလားဆိုၿပီး သံသယ ရွိေနၾကပါတယ္။ လက္ရွိျမန္မာနိုင္ငံမွာ လူဦးေရ သန္းငါးဆယ္ေက်ာ္ မိုဘိုင္း ဆင္းမ္ကတ္ သန္း ေျခာက္ဆယ္ေက်ာ္ အမ်ားစုက ႏွစ္ကတ္ကိုင္ထားၾကပါတယ္။ရွိသမွ်ဆင္းမ္ကဒ္တိုင္းက အင္တာနက္ ( FB) ဖြင့္ထားၾကပါတယ္။ ဒီေတာ့ ဒီလို ရပ္ေက်ာ္ ႐ြာေက်ာ္ေသမယ့္ သတင္းမ်ိဳး ကို ဖုံးဖိထားဖို႔ ဆိုတာ ေတာ္ေတာ္မျဖစ္နိုင္တဲ့ ကိစၥပါ ။

ဆက္ၿပီးကံေကာင္းပါေစ ျမန္မာျပည္

ကြၽန္ေတာ္ကေတာ့ ဒီကိစၥမွာအစိုးရရဲ႕က်န္းမာေရးဝန္ႀကီးဌာနကိုအကြၽင္းမဲ့ ယုံ​​ၾကည္ပါတယ္။ ဒါဟာဖုံးကြယ္ထားလို႔ရတဲ့သတင္းမဟုတ္သလို ဖုံးဖိထားဖို႔လည္းမလိုအပ္လို႔ပါပဲ။

အခုအျခအေနအတိုင္းကိုသာ ဆက္ထိန္းထားနိုင္ခဲ့ရင္ အဆိုးထဲကအေကာင္းျဖစ္လာပါလိမ့္မယ္။ လတ္သေလာက်ေနတဲ့ ခရီးသြားလုပ္ငန္း 2020 ေႏွာင္းပိုင္းမွာျပန္တက္လာနိုင္သလို၊ တစ္ခ်ိဳ႕ေသာျပည္ပက စက္႐ုံမ်ား ျမန္မာျပည္တြင္းကို ေျပာင္းေ႐ႊ႕လာနိုင္လို႔ အလုပ္အကိုင္အခြင့္အလမ္းတိုးပြားလာနိုင္ပါတယ္။ အေရးႀကီးတာက လက္ရွိအေျခအေနကိုထိန္းထားနိုင္ဖို႔ပါပဲ။

ဆက္ၿပီးကံေကာင္းပါေစ ျမန္မာျပည္

ဒါ့ေၾကာင့္ ျပည္သူေတြအေနနဲ႕ ျပင္ပကေကာလဟာလေတြ၊ FB Page အတုေတြက သတင္းေတြကို မယုံၾကဖို႔နဲ႕ ၊ အေကာင္းဆုံးက က်န္းမာေရးဝန္ႀကီးဌာနရဲ႕ Page ( Ministry of Health and Sports, Myanmar) ကို Like လုပ္ထားၿပီး သတင္းမျပတ္တမ္း ေလ့လာေနၾကပါ။

ျမန္မာျပည္ႀကီး ကံေကာင္းပါေစ ..။

Credit-Thuta Travel Mayanmar

Unicode

ဆက်ပြီး ကံကောင်း ပါစေ မြန်မာပြည်

ဘယ်သူတွေဘာပြောပြော UK ရဲ့ နံမည်ကြီးသတင်းစာတစ်စောင်ဖြစ် တဲ့ March 3 ရက်နေ့ထုတ် The Sun သတင်းစာ မှာတောင် ကမ္ဘာပေါ်က အားလပ်ရက် ခရီးသွားမယ့် သူတွေ အတွက် ကိုရိုနာဗိုင်းရပ်စ် ကင်းစင်နိုင်ငံ အဖြစ် မြန်မာနိုင်ငံ ကို ထည့်သွင်းထား ပါ တယ်။

ဒီနေရာမှာ တစ်ချို့သူတွေက မြန်မာအစိုးရကများ ဗိုင်းရပ်စ်နဲ့ပတ်သတ်ပြီး သတင်းအမှောင်ချထားလား ၊ ဖုံးဖိထားသလားဆိုပြီး သံသယ ရှိနေကြပါတယ်။ လက်ရှိမြန်မာနိုင်ငံမှာ လူဦးရေ သန်းငါးဆယ်ကျော် မိုဘိုင်း ဆင်းမ်ကတ် သန်း ခြောက်ဆယ်ကျော် အများစုက နှစ်ကတ်ကိုင်ထားကြပါတယ်။ရှိသမျှဆင်းမ်ကဒ်တိုင်းက အင်တာနက် ( FB) ဖွင့်ထားကြပါတယ်။ ဒီတော့ ဒီလို ရပ်ကျော် ရွာကျော်သေမယ့် သတင်းမျိုး ကို ဖုံးဖိထားဖို့ ဆိုတာ တော်တော်မဖြစ်နိုင်တဲ့ ကိစ္စပါ ။

ကျွန်တော်ကတော့ ဒီကိစ္စမှာအစိုးရရဲ့ကျန်းမာရေးဝန်ကြီးဌာနကိုအကျွင်းမဲ့ ယုံကြည်ပါတယ်။ ဒါဟာဖုံးကွယ်ထားလို့ရတဲ့သတင်းမဟုတ်သလို ဖုံးဖိထားဖို့လည်းမလိုအပ်လို့ပါပဲ။

အခုအခြအနေအတိုင်းကိုသာ ဆက်ထိန်းထားနိုင်ခဲ့ရင် အဆိုးထဲကအကောင်းဖြစ်လာပါလိမ့်မယ်။ လတ်သလောကျနေတဲ့ ခရီးသွားလုပ်ငန်း 2020 နှောင်းပိုင်းမှာပြန်တက်လာနိုင်သလို၊ တစ်ချို့သောပြည်ပက စက်ရုံများ မြန်မာပြည်တွင်းကို ပြောင်းရွှေ့လာနိုင်လို့ အလုပ်အကိုင်အခွင့်အလမ်းတိုးပွားလာနိုင်ပါတယ်။ အရေးကြီးတာက လက်ရှိအခြေအနေကိုထိန်းထားနိုင်ဖို့ပါပဲ။

ဒါ့ကြောင့် ပြည်သူတွေအနေနဲ့ ပြင်ပကကောလဟာလတွေ၊ FB Page အတုတွေက သတင်းတွေကို မယုံကြဖို့နဲ့ ၊ အကောင်းဆုံးက ကျန်းမာရေးဝန်ကြီးဌာနရဲ့ Page ( Ministry of Health and Sports, Myanmar) ကို Like လုပ်ထားပြီး သတင်းမပြတ်တမ်း လေ့လာနေကြပါ။

မြန်မာပြည်ကြီး ကံကောင်းပါစေ ..။

Credit-Thuta Travel Mayanmar

Add a Comment

Your email address will not be published. Required fields are marked *