မိ​ထွေးဖြစ်​သူက သံတုတ် ​နဲ့ လူမဆန် ​စွာ ရိုက်​နှက်​လို့ (၇) နှစ်​သမီး​လေး ​သေဆုံးခဲ့

တရုတ် ​နိုင်​ငံ ၊ Shandong စီရင်​စုက အသက်​ ၇ နှစ်​ အရွယ်​ သမီး ငယ်​​လေး ဟာ အစားစားတာ အရမ်း​နှေး​ကွေးလွန်း လို့ ဆိုတဲ့ အ​ကြောင်းပြချက် ​နဲ့ မိ​ထွေးဖြစ်​သူ က သံတုတ်​နဲ့ တစ်​နာရီကြာ ရိုက်​နှက် ​နှိပ်​စက်​ ညှင်းပန်းခြင်းခံ ခဲ့ ရ ပါ တယ်​။

သမီး ငယ်​​လေးဟာ အလွန်​ပြင်းထန်​ ဆိုးရွား တဲ့ မချိမဆံ့ ဒဏ်​ရာ ဒဏ်​ချက်​ ​တွေ ကို ခံစားခဲ့ရပြီး ဖခင်​ဖြစ်​သူက က​လေးကို ​ဆေးရုံသို့​ခေါ်​ဆောင်​သွား ခဲ့ရပါတယ်​။

သတင်း​တွေ ရဲ့​ဖော်​ပြချက်​အရ ဖြစ်​စဉ်​မှာ သမီးငယ်​​လေးဟာ မိသားစု နဲ့ အတူ ​နေ့လည်​စာစား​နေစဉ်​ မိ​ထွေးဖြစ်​သူက ” နင်​စားတာအရမ်း​နှေး​နေတယ်​။ ငါရိုက်​မိ​တော့မယ်​​နော်​ ” လို့ ​ဆူပူကြိမ်း​မောင်းခဲ့တယ်​လို့ သိရပါတယ် ​။ အတန်​ငယ်​အကြာမှာ မိ​ထွေးဖြစ်​သူ က က​လေးကို အိပ်​ခန်းထဲ​ခေါ်သွားခဲ့တယ်​လို့ သိရပါတယ်။

မိ​ထွေးဖြစ်​သူက သံတုတ် ​နဲ့ လူမဆန် ​စွာ ရိုက်​နှက်​လို့ (၇) နှစ်​သမီး​လေး ​သေဆုံးခဲ့

သူက တံခါးကို​သော့ပိတ်​လိုက်​ပြီး က​လေးကို အရွယ်​နဲ့မမျှ​အောင်​ သံတုတ်​နဲ့ လူမဆန်​စွာ အပြင်းအထန်​ရိုက်​နှက်​ပါ​တော့တယ်​။ က​လေးရဲ့ဖခင်​အရင်းဖြစ်​သူကလဲ သူ့ရဲ့ဇနီးရဲ့အရိုက်​အနှက်​ကို ခံစား​နေကျသူမို့ က​လေးကို အဆင်​ခြင်​မဲ့စွာနဲ့ ရက်​ရက်​စက်​စက်​ရိုက်​​နှက်​​နေတဲ့အဖြစ်​ကို ဝင်​မဆွဲရဲခဲ့ဘဲ အိပ်​ခန်းရဲ့အပြင်​ဘက်​မှာ ​ကြောက်​ရွံ့စွာနဲ့​ ရှိ​နေခဲ့တယ်​လို့ သိရပါတယ်​။သူ တံခါးကိုဖွင့်​လိုက်​တဲ့အချိန်​မှာ​တော့ က​လေးမှာဒဏ်​ရာအပြင်းအထန်​ရရှိ​နေပြီး က​လေးကို​ဆေးရုံပို့မယ့်​ က​လေးဖခင်​ကို မိ​ထွေးဖြစ်​သူဟာ ငြင်းဆန်​​တားဆီး​နေခဲ့တာပါယ ​နောက်​ဆုံးမှာ​တော့ ဖခင်​ဟာ ​သေလု​မြောပါးခံစား​နေရတဲ့ က​လေးကို​ ​ဆေးရုံကို​ခေါ်​ဆောင်​သွားခဲ့​ပေမဲ့ အချိန်​​နောက်​ကျသွားခဲ့ပြီဖြစ်​ပြိး က​လေးအသက်​ကိုမမီ​နိုင်​ခဲ့ပါဘူး။ ​ဆေးရုံ​ရောက်​ပြီး ၁၀ မိနစ်​အတွင်းမှာပဲ က​လေး​လေးဟာ ​​သေဆုံးသွားခဲ့ပါတယ်​။

မိ​ထွေးဖြစ်​သူက သံတုတ် ​နဲ့ လူမဆန် ​စွာ ရိုက်​နှက်​လို့ (၇) နှစ်​သမီး​လေး ​သေဆုံးခဲ့

က​လေး​လေး ရဲ့​သေဆုံးမှုအတွက်​ ​ဒေသမှာ ​အကြီးအကျယ်​တုန်​လှုပ်​ဖွယ်​ရာ ဖြစ်​ခဲ့ကြရပြီး ဒီဖြစ်​ရပ်​ဆိုးဟာ မ​မေ့​ဖျောက်​နိုင်​စရာ အရိပ်​မည်းကြီးဖြစ်​ခဲ့တာပါ။ မိ​​ထွေးဖြစ်​သူကို​တော့ လက်​ရှိမှာ ရဲကဖမ်းဆီးထိန်းသိမ်းထားခဲ့ပြီး စွဲချက်​တင်​ စုံစမ်းစစ်​​ဆေး​နေပြီလို့ သိရပါတယ်​။

Add a Comment

Your email address will not be published. Required fields are marked *