ရှိုးပွဲ တစ်လျှောက်လုံးက အလန်းစားဖက်ရှင် နဲ့ အရမ်းဂေါ်နေခဲ့တဲ့ အမှတ်တရပုံရိပ်တွေကို ချပြလိုက်တဲ့ပိုပို


photo credit
photo credit
photo credit


photo credit
photo credit
photo credit


photo credit
photo credit
photo credit

Unicode

တေးသံရှင်မလေး ပိုပိုကတော့ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ (၂၉)ရက်နေ့မှာ သူမရဲ့ပထမဆုံးသော တစ်ကိုယ်တော်ဖျော်ဖြေပွဲကြီးကို ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ မန္တလေးမြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ပိုပို့ရဲ့ ”One Lady Show” ပွဲကြီးကတော့ ပရိသတ်တွေရဲ့အားပေးမှုနဲ့အတူ အောင်မြင်စွာပြီးဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ ဒီရှိုးပွဲကြီးမှာတော့ ပိုပိုနဲ့အတူ ဂီတမောင်နှမတွေကလည်း အတူတူတွဲဖက်ဖျော်ဖြေခဲ့ကြတာ ဖြစ်ပါတယ်။

”ချစ်ဖူးခဲ့သမျှ” ဆိုတဲ့တေးအယ်ဘမ်လေး နဲ့ စတင်အောင်မြင်ခဲ့တဲ့ ပိုပိုက နောက်ပိုင်းမှာ တစ်ကိုယ်တော် အခွေတွေ ဆက်တိုက်ထွက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ကကျင်းပခဲ့တဲ့ သူမရဲ့ပထမဆုံးသော တစ်ကိုယ်တော်ရှိုးပွဲကြီးမှာတော့ ပိုပိုက အလန်းစား ဖက်ရှင်တွေကို ဝတ်ဆင်ခဲ့တာလည်း ဖြစ်ပါတယ်။ အခုလည်း ပိုပိုက သူမရဲ့တစ်ကိုယ်တော်ဖျော်ဖြေပွဲကြီးမှာ ပျော်ရွှင်ခဲ့ရတဲ့ အမှတ်တရပုံရိပ်တွေကို မျှဝေထားပါတယ်။

ပိုပိုက ” ပို ရဲ့ One Lady Show ပွဲစဉ် တစ်လျှောက်လုံး ဝိုင်းဝန်းကူညီပေးကြတဲ့ တစ်ယောက်ချင်း စီတိုင်းကို ကျေးဇူးအထူး တင်ပါတယ်ရှင် MasterpieceInMandalay PoPoOneLadyShow” ဆိုပြီး ပုံလေးတွေကို တင်ထားတာ ဖြစ်ပါတယ်။ အနီရောင် ဖက်ရှင်လေးနဲ့ အတွင်းသား အလှတွေပေါ်လွင်နေပြီး အရမ်းလန်းနေတဲ့ ပိုပိုက အထာကျကျဂေါ်နေခဲ့တာလည်း ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေ အတွက် အဆိုတော်မလေး ပိုပိုရဲ့အမိုက်စား ပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။ Source & Photo Credit- ပိုပို FB Page & ဝတ်ရည်မိုး’s FB Acc

Add a Comment

Your email address will not be published. Required fields are marked *