ရုပ်ရှင်ရိုက် အပြီး အဖေနဲ့ အမေ ကို ငွေထုတ်ကြီး တစ်ထုတ်စီ နဲ့ ကန်တော့ခဲ့တဲ့ ဖွေးဖွေး

နိုင် ငံကျော် ပြည်သူချစ် သရုပ်ဆောင် တစ်ယောက်ဖြစ်တဲ့ ဖွေးဖွေးက သရုပ်ဆောင်ကောင်းပြီး ကျရာဇာတ် ရုပ်ကို တိတိကျကျ သရုပ်ဆောင်နိုင်သူ တစ်ယောက် ဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း ဖွေးဖွေးက အနုပညာလောကမှာ ဆယ်စုနှစ်တစ်ခုတိုင် နာမည်မကျနဲ့ အောင်မြင်မှုတွေ တစ်နေ့ တစ်ခြား တိုးပွားလာတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေ ကလည်း ဖွေးဖွေးရဲ့ အနုပညာ လှုပ်ရှားမှုတိုင်းကို စိတ်ဝင်တစား စောင့်ကြည့်အားပေးကြပါတယ်။

photo credit
photo credit

ဖွေးဖွေး က ပြီးခဲ့တဲ့ ရက်ပိုင်းက ဒါရိုက်တာ ပွင့်သိင်္ဂိဇော် ရိုက်ကူးပုံဖော်တဲ့ “ရွှေဖူးစာ” ရုပ်ရှင်ဇာတ် ကားကြီးမှာ ပိုင်တံခွန်၊ ကောင်းမြတ်စံ၊ ယွန်းဝတီလွင်မိုး တို့နဲ့အတူတူ သရုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။ “ရွှေဖူးစာ” ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးပြီးချိန် မှာတော့ ဖွေးဖွေးက သူမရဲ့ မိခင်နဲ့ဖခင် ကို သူမရတဲ့ အနုပညာကြေးတွေစုပြီး ငွေထုတ် တစ်ထုတ်စီနဲ့ ကန်တော့ခဲ့တာကို ပီတိဖြစ်စွာနဲ့ တွေ့မြင်ရပါတယ်။

photo credit
photo credit

မိဘကို သိတတ်လိမ္မာတဲ့ မင်းသမီးလေး ဖွေးဖွေးကတော့ ဒီထက်မက အောင်မြင်ဦးမှာ သေချာပါတယ်။ ဖွေးဖွေးတစ်ယောက် ဒီနှစ်မှာလည်း လေးဆုမြောက်အကယ်ဒမီဆုကြီးကို ပိုင်ဆိုင်ရရှိနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ Phway Phway Fan Group

Unicode

Add a Comment

Your email address will not be published. Required fields are marked *