ေ႐ႊကူၿမိဳ႕နယ္ တြင္ ၀က္မ်ား ရုတ္တရက္ေသဆံုးမွု ” PCV-2 ” ဗိုင္းရပ္စ္ေရာဂါေၾကာင့္ ဟု အတည္ျပဳ

ကခ်င္ျပည္နယ္ ၊ ေ႐ႊကူၿမိဳ႕နယ္ အတြင္း ဝက္ေတြေသ ဆုံးမႈ ဟာ PCV-2 ဗိုင္းရပ္စ္ ေရာဂါေၾကာင့္ ျဖစ္တယ္ လို႔ သက္ဆိုင္ရာက အတည္ျပဳ ထုတ္ျပန္ ပါတယ္ ။

ေ႐ႊကူၿမိဳ႕နယ္ မွာ ဝက္ေတြေသဆုံးမႈေၾကာင့္ တိရစာၦန္ဆရာဝန္ ေဒါက္တာဆန္းဝင္းက ေဖေဖာ္ဝါရီ ၂၉ ရက္မွ မတ္လ ၃ ရက္ေန႔အထိ ေ႐ႊကူၿမိဳ႕ အပါအဝင္ ေက်း႐ြာေတြကို ကြင္းဆင္းစစ္ေဆးၿပီး ဝက္ေတြ ကို ေဆးကုတာ၊ ကာကြယ္ေဆးထိုးတာေတြ အျပင္ ဝက္ၿခံေတြကို ေဆးျဖန္းတာေတြ ျပဳလုပ္ခဲ့ ပါတယ္ ။

ဒီေနာက္ ေသဆုံးဝက္မ်ားရဲ႕ေသြးနဲ႔ ကလီစာေတြ ကို မႏၲေလးတိုင္းေဒသႀကီး တိရစာၦန္ေရာဂါရွာေဖြေရး ဓာတ္ခြဲခန္းကို ပို႔ေဆာင္စစ္ေဆးခဲ့ရာ Porcine Circo Virus Type-2 (PCV-2) ဗိုင္းရပ္စ္ပိုး ေၾကာင့္ ျဖစ္တယ္လို႔ အတည္ျပဳခ်က္ျပန္ၾကားခဲ့တာပါ။

1

ေ႐ႊကူၿမိဳ႕နယ္မွာ ေမြးျမဴေရးႏွင့္ ကုသေရးဦးစီးဌာနမွစာရင္းအရ ဝက္ေကာင္ေရ ၁၃၃၃၀ ေကာင္ရွိၿပီး ေရာဂါေၾကာင့္ေသဆုံးဝက္ကေတာ့ ေကာင္ေရ ၂၀ ရွိၿပီလို႔သိရပါတယ္။ ေကာင္ေရ ၆၀၃ ေကာင္ကေတာ့ ကာကြယ္ေဆးထိုးထားၿပီး လတ္တေလာမွာ PCV-2 ဗိုင္းရပ္ကူးစက္မႈကို ထိန္းသိမ္းႏိုင္ၿပီျဖစ္ေၾကာင္း သိရပါတယ္။

အလားတူ ဝက္နား႐ြက္ျပာ အာဖရိက အျပင္းဖ်ားေရာဂါေတြ မျဖစ္ပြားေစဖို႔ ေမြးျမဴသူနဲ႔ တာဝန္ရွိသူေတြ ပူးေပါင္းေဆာင္႐ြက္ေနတယ္လို႔ သိရပါတယ္။

ေဖေဖာ္ဝါရီ ၂၉ ရက္ေန႔က မိုးေမာက္ၿမိဳ႕နယ္အတြင္းမွာလည္း ဝက္ေကာင္ေရ ၂၀၀ ေလာက္ ႐ုတ္တရက္ေသဆုံးခဲ့ပါေသးတယ္။

ခရက္ဒစ္ DVB

Unicode

ကချင်ပြည်နယ် ၊ ရွှေကူမြို့နယ် အတွင်း ဝက်တွေသေ ဆုံးမှု ဟာ PCV-2 ဗိုင်းရပ်စ် ရောဂါကြောင့် ဖြစ်တယ် လို့ သက်ဆိုင်ရာက အတည်ပြု ထုတ်ပြန် ပါတယ် ။

ရွှေကူမြို့နယ် မှာ ဝက်တွေသေဆုံးမှုကြောင့် တိရစ္ဆာန်ဆရာဝန် ဒေါက်တာဆန်းဝင်းက ဖေဖော်ဝါရီ ၂၉ ရက်မှ မတ်လ ၃ ရက်နေ့အထိ ရွှေကူမြို့ အပါအဝင် ကျေးရွာတွေကို ကွင်းဆင်းစစ်ဆေးပြီး ဝက်တွေ ကို ဆေးကုတာ၊ ကာကွယ်ဆေးထိုးတာတွေ အပြင် ဝက်ခြံတွေကို ဆေးဖြန်းတာတွေ ပြုလုပ်ခဲ့ ပါတယ် ။

ဒီနောက် သေဆုံးဝက်များရဲ့သွေးနဲ့ ကလီစာတွေ ကို မန္တလေးတိုင်းဒေသကြီး တိရစ္ဆာန်ရောဂါရှာဖွေရေး ဓာတ်ခွဲခန်းကို ပို့ဆောင်စစ်ဆေးခဲ့ရာ Porcine Circo Virus Type-2 (PCV-2) ဗိုင်းရပ်စ်ပိုး ကြောင့် ဖြစ်တယ်လို့ အတည်ပြုချက်ပြန်ကြားခဲ့တာပါ။

ရွှေကူမြို့နယ်မှာ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှစာရင်းအရ ဝက်ကောင်ရေ ၁၃၃၃၀ ကောင်ရှိပြီး ရောဂါကြောင့်သေဆုံးဝက်ကတော့ ကောင်ရေ ၂၀ ရှိပြီလို့သိရပါတယ်။ ကောင်ရေ ၆၀၃ ကောင်ကတော့ ကာကွယ်ဆေးထိုးထားပြီး လတ်တလောမှာ PCV-2 ဗိုင်းရပ်ကူးစက်မှုကို ထိန်းသိမ်းနိုင်ပြီဖြစ်ကြောင်း သိရပါတယ်။

အလားတူ ဝက်နားရွက်ပြာ အာဖရိက အပြင်းဖျားရောဂါတွေ မဖြစ်ပွားစေဖို့ မွေးမြူသူနဲ့ တာဝန်ရှိသူတွေ ပူးပေါင်းဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီ ၂၉ ရက်နေ့က မိုးမောက်မြို့နယ်အတွင်းမှာလည်း ဝက်ကောင်ရေ ၂၀၀ လောက် ရုတ်တရက်သေဆုံးခဲ့ပါသေးတယ်။

ခရက်ဒစ် DVB

Add a Comment

Your email address will not be published. Required fields are marked *