ေဖ့စ္ဘြတ္ ကုမၸဏီ ဝန္ထမ္း တဦး ပထမဆံုး ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရဟုဆို

ေဖ့စဘြတ္ ကုမၸဏီ ၏ ဝန္ထမ္း ၁ ဦးအား ပထမဆုံး ေရာဂါ ကူးစက္ခံခဲ့ရေၾကာင္း ေဖ့စဘြတ္ က ယေန႔ မတ္လ ၅ ရက္ တြင္ အတည္ျပဳ ေျပာၾကားလိုက္သည္ ။ ကန္ထ႐ိုက္တာ တစ္ဦးျဖစ္သူ ေဖ့စဘြတ္ ဝန္ထမ္းသည္ ေဖေဖာ္ဝါရီ ၂၁ ရက္ က ဝါရွင္တန္ Seattle ရွိ ေဖစဘြတ္႐ုံးခန္း တြင္ ေနာက္ဆုံး ရွိေနခဲ့ျခင္းျဖစ္ သည္။

ဝါရွင္တန္ Seattle ရွိ ႐ုံးခန္းကိုလည္း မတ္လ ၉ ရက္အထိ ပိတ္ထားမည္ ျဖစ္ေၾကာင္း ဝန္ထမ္းမ်ားကို ကုမၸဏီက ဗုဒၶဟူးေန႔ညတြင္ အသိေပးခဲ့ၿပီး ဝန္ထမ္းမ်ား အေနႏွင့္လည္း လကုန္အထိ အိမ္မွသာ အလုပ္လုပ္ၾကရန္ တိုက္တြန္းထားသည္။

“ကြၽန္ေတာ္တို႔ရဲ႕အေရွ႕ဘက္႐ုံးခန္းမွာ အေျခစိုက္တဲ့ ကန္ထ႐ိုက္တာ တစ္ေယာက္မွာ ကိုရိုနာဗိုင္းရပ္စ္ COVID-19 ေရာဂါရွာေဖြ ေတြ႕ရွိထားပါတယ္” ဟု ေဖ့စဘြတ္ ကုမၸဏီ၏ ေျပာေရးဆိုခြင့္ရွိသူတစ္ဦးက ေၾကညာခ်က္ တစ္ေစာင္ထုတ္ျပန္ခဲ့သည္။

“လူတိုင္း က်န္းမာေရးနဲ႔ ေဘးကင္းေရးအတြက္ ဦးစားေပးၿပီး ျပန္သူ႔က်န္းမာေရး ဌာနမ်ားရဲ႕ အႀကံျပဳခ်က္ေတြကို လိုက္နာရန္လည္း ကြၽန္ေတာ္တို႔ရဲ႕ ဝန္ထမ္းေတြကို အသိေပးထားပါတယ္” ဟု ၄င္းက ဆိုသည္။ တ႐ုတ္ႏိုင္ငံတြင္ စတင္ျဖစ္ပြားခဲ့ေသာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ပ်ံ႕ႏွံ႔မႈသည္ ဥေရာပ၊ အေရွ႕အလယ္ပိုင္းႏွင့္ ကမာၻ႔တစ္ဝွမ္း ျဖစ္ပြားလာခဲ့သည္။

ေရာဂါတိုက္ဖ်က္ေရးအတြက္ ရံပုံေငြ ၇.၈ ဘီလီယံ သုံးစြဲရန္ အေမရိကန္ ေအာက္လႊတ္ေတာ္က မီးစိမ္းျပခဲ့ၿပီးေနာက္ လူဦးေရ အမ်ားဆုံး ျဖစ္ေသာ ကယ္လီဖိုးနီးယား ျပည္နယ္တြင္ အေရးေပၚ အေျခအေနကို ေၾကညာခဲ့သည္။

Ref – bloomberg

Unicode

ဖေ့စဘွတ် ကုမ္ပဏီ ၏ ဝန်ထမ်း ၁ ဦးအား ပထမဆုံး ရောဂါ ကူးစက်ခံခဲ့ရကြောင်း ဖေ့စဘွတ် က ယနေ့ မတ်လ ၅ ရက် တွင် အတည်ပြု ပြောကြားလိုက်သည် ။ ကန်ထရိုက်တာ တစ်ဦးဖြစ်သူ ဖေ့စဘွတ် ဝန်ထမ်းသည် ဖေဖော်ဝါရီ ၂၁ ရက် က ဝါရှင်တန် Seattle ရှိ ဖေစဘွတ်ရုံးခန်း တွင် နောက်ဆုံး ရှိနေခဲ့ခြင်းဖြစ် သည်။

ဝါရှင်တန် Seattle ရှိ ရုံးခန်းကိုလည်း မတ်လ ၉ ရက်အထိ ပိတ်ထားမည် ဖြစ်ကြောင်း ဝန်ထမ်းများကို ကုမ္ပဏီက ဗုဒ္ဓဟူးနေ့ညတွင် အသိပေးခဲ့ပြီး ဝန်ထမ်းများ အနေနှင့်လည်း လကုန်အထိ အိမ်မှသာ အလုပ်လုပ်ကြရန် တိုက်တွန်းထားသည်။

“ကျွန်တော်တို့ရဲ့အရှေ့ဘက်ရုံးခန်းမှာ အခြေစိုက်တဲ့ ကန်ထရိုက်တာ တစ်ယောက်မှာ ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါရှာဖွေ တွေ့ရှိထားပါတယ်” ဟု ဖေ့စဘွတ် ကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ကြေညာချက် တစ်စောင်ထုတ်ပြန်ခဲ့သည်။

“လူတိုင်း ကျန်းမာရေးနဲ့ ဘေးကင်းရေးအတွက် ဦးစားပေးပြီး ပြန်သူ့ကျန်းမာရေး ဌာနများရဲ့ အကြံပြုချက်တွေကို လိုက်နာရန်လည်း ကျွန်တော်တို့ရဲ့ ဝန်ထမ်းတွေကို အသိပေးထားပါတယ်” ဟု ၎င်းက ဆိုသည်။ တရုတ်နိုင်ငံတွင် စတင်ဖြစ်ပွားခဲ့သော ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုသည် ဥရောပ၊ အရှေ့အလယ်ပိုင်းနှင့် ကမ္ဘာ့တစ်ဝှမ်း ဖြစ်ပွားလာခဲ့သည်။

ရောဂါတိုက်ဖျက်ရေးအတွက် ရံပုံငွေ ၇.၈ ဘီလီယံ သုံးစွဲရန် အမေရိကန် အောက်လွှတ်တော်က မီးစိမ်းပြခဲ့ပြီးနောက် လူဦးရေ အများဆုံး ဖြစ်သော ကယ်လီဖိုးနီးယား ပြည်နယ်တွင် အရေးပေါ် အခြေအနေကို ကြေညာခဲ့သည်။

Ref – bloomberg

Add a Comment

Your email address will not be published. Required fields are marked *