” ပိေတာက္ကတဲ့ ဂီတ ” ရုပ္ရွင္ဇာတ္ကားႀကီးမွာ ႏွေမ်ာတသစြာျဖဳတ္ခ်ခဲ့ရတဲ့ အမိုက္စားဇာတ္ဝင္ခန္းေတြ ကို ခ်ျပလိုက္တဲ့ စိုင္းစိုင္းခမ္းလႈိင္

ခုတေလာ ပရိသတ္ေတြ ပါးစပ္ဖ်ားမွာ ေရပန္းစားေနတဲ့ ” ပိေတာက္ကတဲ့ဂီတ ” ရုပ္ရွင္ ဇာတ္ကားႀကီးကေတာ့ ဒီေန႕ မတ္လ (၅)ရက္ေန႕မွာရုံတင္ျပသေနၿပီပဲ ျဖစ္ပါတယ္။ စိုင္းစိုင္း ကေတာ့ အမိုက္စား ရုိက္ကူးထားတဲ့ ဇာတ္ဝင္ခန္းေတြ မွာ Deleted Scene ျဖစ္သြားခဲ့တဲ့ ဇာတ္ဝင္ခန္း တစ္ခ်ိဳ႕ကို ထုတ္ျပလာတာပဲ ျဖစ္ပါတယ္။

photo credit

” အဂၢါကို ေအာင္ျမင္တဲ့ အဆိုေတာ္ တစ္ေယာက္အျဖစ္ ေဖာ္ေဆာင္ဖို႔ တကယ့္ပြဲအစစ္ေတြ နဲ႔ ႐ိုက္ကူးခဲ့ပါတယ္။ ပြဲေတြမွာလည္း ပရိသတ္ေတြကို ႐ုပ္ရွင္႐ိုက္မယ့္ အေၾကာင္း ပါေျပာၿပီးေတာ့ အားလုံးကလည္း ခ်စ္ျခင္းနဲ႔ပါဝင္ ကူညီခဲ့ၾကတာပါ။

photo credit

ဒီပြဲက မႏွစ္က မႏၲေလးရတနာ ပုံတကၠသိုလ္ရဲ႕ ေမာင္မယ္သစ္လြင္ ႀကိဳဆိုပြဲမွာျဖစ္ပါတယ္။ ႐ုပ္ရွင္က ၂ နာရီနဲ႔ ၁၀ မိနစ္ေတာင္ရွည္လ်ားတဲ့ အတြက္ ဇာတ္ဝင္ခန္းတခ်ိဳ႕ကို ႏွေမ်ာတသစြာနဲ႔ပဲ ျဖဳတ္ခဲ့ရပါတယ္။ ဒီဇာတ္ဝင္ခန္းက ႐ုပ္ရွင္ထဲ မပါဝင္ေတာ့ေပမယ့္ မႏၲေလး ရတနာပုံတကၠသိုလ္ မွ ပရိသတ္မ်ားႏွင့္ အဂၢါစိုင္း တို႔ရဲ႕အမွတ္တရပါ ပဲ။ ဆရာဆရာမမ်ားနဲ႔ ေက်ာင္းသားေက်ာင္းသူ အားလုံးကို ေက်းဇူးအထူးတင္ရွိပါတယ္။” ဆိုတဲ့ စာေလးနဲ႕တင္လာခဲ့တာပဲ ျဖစ္ပါတယ္။ပရိသတ္ႀကီးလည္း မပါဝင္ခဲ့တဲ့ ဇာတ္ဝင္ခန္းေတြကို ၾကည့္ၿပီး သေဘာက်ရင္မွတ္ခ်က္ တစ္ခုခုေပးခဲ့ပါဦးေနာ္။ Source : Sai Sai Kham Leng

Unicode

ခုတလော ပရိသတ်တွေ ပါးစပ်ဖျားမှာ ရေပန်းစားနေတဲ့ ” ပိတောက်ကတဲ့ဂီတ ” ရုပ်ရှင် ဇာတ်ကားကြီးကတော့ ဒီနေ့ မတ်လ (၅)ရက်နေ့မှာရုံတင်ပြသနေပြီပဲ ဖြစ်ပါတယ်။ စိုင်းစိုင်း ကတော့ အမိုက်စား ရိုက်ကူးထားတဲ့ ဇာတ်ဝင်ခန်းတွေ မှာ Deleted Scene ဖြစ်သွားခဲ့တဲ့ ဇာတ်ဝင်ခန်း တစ်ချို့ကို ထုတ်ပြလာတာပဲ ဖြစ်ပါတယ်။

” အဂ္ဂါကို အောင်မြင်တဲ့ အဆိုတော် တစ်ယောက်အဖြစ် ဖော်ဆောင်ဖို့ တကယ့်ပွဲအစစ်တွေ နဲ့ ရိုက်ကူးခဲ့ပါတယ်။ ပွဲတွေမှာလည်း ပရိသတ်တွေကို ရုပ်ရှင်ရိုက်မယ့် အကြောင်း ပါပြောပြီးတော့ အားလုံးကလည်း ချစ်ခြင်းနဲ့ပါဝင် ကူညီခဲ့ကြတာပါ။ ဒီပွဲက မနှစ်က မန္တလေးရတနာ ပုံတက္ကသိုလ်ရဲ့ မောင်မယ်သစ်လွင် ကြိုဆိုပွဲမှာဖြစ်ပါတယ်။ ရုပ်ရှင်က ၂ နာရီနဲ့ ၁၀ မိနစ်တောင်ရှည်လျားတဲ့ အတွက် ဇာတ်ဝင်ခန်းတချို့ကို နှမျောတသစွာနဲ့ပဲ ဖြုတ်ခဲ့ရပါတယ်။

ဒီဇာတ်ဝင်ခန်းက ရုပ်ရှင်ထဲ မပါဝင်တော့ပေမယ့် မန္တလေး ရတနာပုံတက္ကသိုလ် မှ ပရိသတ်များနှင့် အဂ္ဂါစိုင်း တို့ရဲ့အမှတ်တရပါ ပဲ။ ဆရာဆရာမများနဲ့ ကျောင်းသားကျောင်းသူ အားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။” ဆိုတဲ့ စာလေးနဲ့တင်လာခဲ့တာပဲ ဖြစ်ပါတယ်။ပရိသတ်ကြီးလည်း မပါဝင်ခဲ့တဲ့ ဇာတ်ဝင်ခန်းတွေကို ကြည့်ပြီး သဘောကျရင်မှတ်ချက် တစ်ခုခုပေးခဲ့ပါဦးနော်။ Source : Sai Sai Kham Leng

Add a Comment

Your email address will not be published. Required fields are marked *