မန္တလေးမှ COVID-19 ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူနာ အမျိုးသမီးတစ်ဦး သေဆုံး

မတ်လ – ၆ ၊ ၂၀၂၀ ။ ။ မန္တလေး – မန္တလေးမြို့ မှ အသက် ( ၆၈ ) နှစ် အရွယ် COVID-19 စောင့်ကြည့်လူနာ အမျိုးသမီးတစ်ဦး ယမန်နေ့( မတ်လ ၅ ရက် ) တွင် သေဆုံးသွားကြောင်း မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး ဆေးရုံအုပ် ဒေါက်တာခင်ကျော်က ပြောသည်။

“ဆုံးတာဟုတ်တယ်။ သံသယက သံသယပဲ။ ဆုံးတာက အင်္ဂါတွေ အကုန်မကောင်းဘူး။ ကျောက်ကပ်လည်း မကောင်းဘူး။ နှလုံးလည်း မကောင်းဘူး။ ဆီးချိုရယ်၊ သွေးတိုးရယ်ရှိတယ်။ လူကလည်း ဝတယ်” ဟု ဒေါက်တာခင်ကျော်က ပြောသည်။

မန္တလေးမှ COVID-19 ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူနာ အမျိုးသမီးတစ်ဦး သေဆုံး

အဆိုပါ အမျိုးသမီးသည် မတ်လ ၄ ရက်က ချောင်းဆိုးခြင်း၊ အသက်ရှူကျပ်ခြင်းရောဂါလက္ခဏာများ ခံစားရပြီး သတိကောင်းစွာမရသဖြင့် မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးသို့ လာရောက်ပြသခဲ့ခြင်းဖြစ်သည်။

မန္တလေးမြို့ မဟာအောင်မြေမြို့နယ်တွင် နေထိုင်သည့် အဆိုပါ အမျိုးသမီးသည် လွန်ခဲ့သည့် ၁၄ ရက်အတွင်း ရောဂါကူးစက်ဖြစ်ပွားလျက်ရှိသည့် ဒေသများသို့ ခရီးသွားရာဇဝင်မရှိသော်လည်း ပြင်းထန်အသက်ရှူလမ်းကြောင်းဆိုင်ရာ လက္ခဏာများနှင့် COVID-19 သံသယလက္ခဏာများ တွေ့ရှိသဖြင့် စောင့်ကြည့်လူနာအဖြစ် သတ်မှတ်၍ သီးခြားထားရှိ ကုသပေးထားကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သတင်းထုတ်ပြန်ထားသည့် အမျိုးသမီးဖြစ်သည်။

သေဆုံးသူ၏ ဓာတ်ခွဲနမူနာကို အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)သို့ ပေးပို့စစ်ဆေးထားပြီး ဓာတ်ခွဲအဖြေမှာ ယနေ့တွင် သိရမည်ဖြစ်ကြောင်း ဒေါက်တာခင်ကျော်က ပြောသည်။

ခရစ်ဒက် 7 days

Add a Comment

Your email address will not be published. Required fields are marked *