COVID-19 ေရာဂါ ေစာင့္ၾကပ္ၾကည့္ရႈ မႈႏွင့္ ပတ္သက္၍ သတင္းထုတ္ျပန္ျခင္း (၆-၃-၂၀၂၀) ရက္ေန႕၊ ည (၉:၁၅) နာရီ

၁။ က်န္း မာေရးႏွင့္ အားကစား ဝန္ႀကီးဌာနသည္ COVID-19 ေရာဂါကာကြယ္ ထိန္းခ်ဳပ္ေရးလုပ္ငန္းမ်ားကို အရွိန္အဟုန္ျဖင့္ ဆက္လက္ေဆာင္႐ြက္ လ်က္ရွိၿပီး သံသယလူနာ၊ ေစာင့္ၾကည့္လူနာႏွင့္ COVID-19 ေရာဂါျဖစ္ပြားသူႏွင့္ ထိေတြ႕ခဲ့သူမ်ားထံမွ ဓာတ္ခြဲနမူနာမ်ား ရယူ၍ အမ်ိဳးသားက်န္းမာေရး ဓာတ္ခြဲမႈဆိုင္ရာဌာန (ရန္ကုန္) တြင္ စစ္ေဆးလ်က္ရွိပါသည္။

၂။ ထိုသို႔ေဆာင္႐ြက္ရာတြင္ အမ်ိဳးသားက်န္းမာေရး ဓာတ္ခြဲမႈဆိုင္ရာဌာန (ရန္ကုန္) မွ ယေန႕၊ ညတြင္ ထပ္မံေပးပို႔လာေသာ ဓာတ္ခြဲအေျဖမ်ားအရ –

(က) ကန္ပိုင္တီး တိုက္နယ္ျပည္သူ႕ေဆး႐ုံမွ အသက္(၂၈)ႏွစ္အ႐ြယ္ အမ်ိဳးသား တစ္ဦး၊

(ခ) မူဆယ္ျပည္သူ႕ ေဆး႐ုံမွ အသက္ (၂၇) ႏွစ္အ႐ြယ္ အမ်ိဳးသမီးတစ္ဦး၊

(ဂ) ေနျပည္ေတာ္၊ ခုတင္ (၁,၀၀၀) ဆံ့ျပည္သူ႕ေဆး႐ုံ ႀကီးမွ အသက္ (၃၅) ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦးႏွင့္

(ဃ) မႏၲေလးၿမိဳ႕၊ ကန္ေတာ္နဒီေဆး႐ုံမွ အသက္ (၆၈) ႏွစ္အ႐ြယ္ ဆီးခ်ိဳေရာဂါအခံရွိသူ အမ်ိဳးသမီးႀကီးတစ္ဦး၊ စုစုေပါင္း (၄) ဦးတို႔တြင္ COVID-19 ေရာဂါပိုး မရွိေၾကာင္း ေတြ႕ရွိရပါသည္။ (အမွတ္ – ဃ လူနာဆုံးပါးခဲ့မႈ သတင္းကို ယေန႕ည (၈) နာရီတြင္ ထုတ္ျပန္သည့္ သတင္းတြင္ပါဝင္ခဲ့ၿပီးျဖစ္ပါသည္၊။)

၃။ ဓာတ္ခြဲအေျဖသတင္းမ်ား ထပ္မံရရွိပါက အခ်ိန္ႏွင့္ တစ္ေျပးညီထုတ္ျပန္ေပးသြားမည္ျဖစ္ပါသည္။

Unicode

၁။ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနသည် COVID-19 ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက် လျက်ရှိပြီး သံသယလူနာ၊ စောင့်ကြည့်လူနာနှင့် COVID-19 ရောဂါဖြစ်ပွားသူနှင့် ထိတွေ့ခဲ့သူများထံမှ ဓာတ်ခွဲနမူနာများ ရယူ၍ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) တွင် စစ်ဆေးလျက်ရှိပါသည်။

၂။ ထိုသို့ဆောင်ရွက်ရာတွင် အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ ယနေ့၊ ညတွင် ထပ်မံပေးပို့လာသော ဓာတ်ခွဲအဖြေများအရ –

(က) ကန်ပိုင်တီး တိုက်နယ်ပြည်သူ့ဆေးရုံမှ အသက်(၂၈)နှစ်အရွယ် အမျိုးသား တစ်ဦး၊

(ခ) မူဆယ်ပြည်သူ့ ဆေးရုံမှ အသက် (၂၇) နှစ်အရွယ် အမျိုးသမီးတစ်ဦး၊

(ဂ) နေပြည်တော်၊ ခုတင် (၁,၀၀၀) ဆံ့ပြည်သူ့ဆေးရုံ ကြီးမှ အသက် (၃၅) နှစ်အရွယ် အမျိုးသားတစ်ဦးနှင့်

(ဃ) မန္တလေးမြို့၊ ကန်တော်နဒီဆေးရုံမှ အသက် (၆၈) နှစ်အရွယ် ဆီးချိုရောဂါအခံရှိသူ အမျိုးသမီးကြီးတစ်ဦး၊ စုစုပေါင်း (၄) ဦးတို့တွင် COVID-19 ရောဂါပိုး မရှိကြောင်း တွေ့ရှိရပါသည်။ (အမှတ် – ဃ လူနာဆုံးပါးခဲ့မှု သတင်းကို ယနေ့ည (၈) နာရီတွင် ထုတ်ပြန်သည့် သတင်းတွင်ပါဝင်ခဲ့ပြီးဖြစ်ပါသည်၊။)

၃။ ဓာတ်ခွဲအဖြေသတင်းများ ထပ်မံရရှိပါက အချိန်နှင့် တစ်ပြေးညီထုတ်ပြန်ပေးသွားမည်ဖြစ်ပါသည်။

Add a Comment

Your email address will not be published. Required fields are marked *