” မ ပြေသည့် ဝဋ်ကြွေး “( ဖြစ်ရပ်မှန် )

ငယ်ငယ် ကကြားဖူး တဲ့ဖြစ်ရပ်မှန် တစ်ခုအား အနည်းငယ် ပြင်ဆင်၍ ရေးသားထား ပါသည်…။

တောင်အရပ်ဘက် မှဖြတ်သန်းလာသောလေနုအေးလေးက ရွာပြင်ခပ်လှမ်းလှမ်းမှာ ရှိတဲ့စေတီလေး ရဲ့ ဆည်းလည်းသံလေးမှာလေအရှိန်ဖြင့်တချွန်ချွန်မြည်ကာ ဓမ္မတေး တစ် ပုဒ် အားသီကြွေး လိုက်သည့်အလား ထိုအချိန်စေတီလေး ၏ ရင်ပြင်တွင် တစ်ကိုယ်တည်း တရားထိုင်နေသူက ဦးပဉ္ဇင်းလေး ဇဝနဦးပဉ္ဇင်းလေးက ဒီစေတီလေးမှာမနက်တကြိမ် ညနေပိုင်း တစ်ကြိမ် နေ့စဉ်တရားအားထုတ်နေကျေ စတီလေးမှာ ဦးပဉ္ဇင်းလေးသီတင်းသုံးသည့်နိဗ္မာန်ကျောင်းနဲ့မ လှမ်းမကမ်း

ဤနိဗ္မာန်ကျောင်းမှာ လည်း တချိန်က သုသာန်မြေဖြစ်ခဲ့ဖူးသည် ရွာနဲ့ လည်း အလှမ်းဝေး အုံ့ဆိုင်းနေသော သစ်ကြီး ဝါးကြီးများနှင့် သုသာန်ဟောင်းဆိုသည့်အသိကြောင့် မှောင် စပျိုးသည်နှင့် လူပြတ်တတ်သည် ။ တရားရှာလိုသည့် ပုဂ္ဂိုလ်များအတွက်တော့တကယ့်နေရာကောင်း ။ တရားရှုမှတ်ခြင်းကြို ဖုတ်ရန်အချိန်ကျပြီဖြစ်သောကြောင့်
ဦးပဉ္ဇင်းလေး က တင်ပျဉ်ခွေကို သတိနှင့်ဖြုတ်ချပြီး စေတီတော်အားထိခြင်းငါးပါးနှင့် ဦးသုံးကြိမ်ချကန်တော့လိုက်ပြီး စေတီရင်ပြင်ကနေဖြည်းညင်းစွာ ဆင်းလာခဲ့လိုက်သည်။

ရွာထဲရှိကင်းတဲဆီမှ ည ၉ နာရီသံချောင်းခေါက်သံလေးက ပျံ့လွင့် လာသည် လပြည့်နေ့ဖြစ်သောကြောင့် တလောကလုံးက လရောင်ဖြင့် ထိန်ထိန်ညီးလျက် ဦးပဉ္ဇင်းလေး ကစေတီတော်ကိုလက်ယာရစ်ပူဇော်ပြီး ကျောင်းဆောင်သို့ဆင်းမည်အပြု

”ဝုတ် ဝုတ် ဝုတ် ”

ဝူးးး ဝူးးးး ဝူးးး

ရွာဘက်ဆီမှခွေးဟောင်သံ အူသံများ ကြားလိုက်ရပြီး တဖြည်းဖြည်း အသံများက မိမိ၏ကျောင်းဘက်ဆီသို့ဦးတည်၍လာနေသည် စေတီစောင်းတန်းလှေကားကနေ
မဆင်းသေးဘဲ အသံလာရာဆီ သို့ လှမ်းမျှော်ကြည့်လိုက်တော့ ရွာဘက်မှာ လင်းတချို့မှိတ်တချို့ မီးရောင်များနဲ့ ရွာလေးက အိပ်မောကျလျက်ခွေးဟောင်သံနှင့် အူသံများက မရပ်သွားဘဲပို လို့ပင်ဆူညံလာသည်

”ဖျတ် ဖျတ် ဖျတ်

ဘုတ် ဘုတ် ခွေးဟောင်သံခွေးအူသံများရှေ့မှ မည်းမည်း သဏ္ဌာန်နှစ်ခုက တဖျတ်ဖျတ်ပြေးလာသည်ကိုတွေ့လိုက်ရပြီး ထိုမည်းမည်းသဏ္ဌာန်နှစ်ခုနောက်မှ ခွေးသံများက လိုက်ပါလာသည်ကိုတွေ့လိုက်ရသည်။ လရောင်ဖြင့်ထင်ရှားစွာမြင်နေရသည့် လှည်းလမ်းကြောင်းဖွေးဖွေးတလျှောက် မည်းမည်း သဏ္ဌာန်နှစ်ခုကအပြေးအလွှား ဒီအချိန် ကတော့ ရွာထဲရှိလူများက လာလေ့မရှိ ဧည့်စိမ်းများဖြစ်နိုင်ရာဟု ဦးပဉ္ဇင်းလေးကစောင့်ကြည့်နေလိုက်သည်။ မကြာခင်ပဲ မည်းမည်း သဏ္ဌာန်နှစ်ခုက ဦးပဉ္ဇင်းလေးရှေ့မှောက် လက်အုပ်ချီ၍ ရောက်လာကြတော့သည်။

ယောက်ျားတယောက်နှင့်မိန်းမတယောက်ေ ယာက်ျားက အရပ်ရှည်ရှည်ေ ထာင်ထောင်မောင်းမောင်း အသားမည်းမည်းနှင့် အပေါ်ပိုင်းအကျီ င်္မပါ မိန်းမက ထဘီရင်လျား နှင့် ယောက်ျားဖြစ်သူနှင့်အရပ်အမောင်းခြင်းမတိမ်းမယိမ်း

”တပည့်တော်တို့အား သနားသောအားဖြင့် နေစရာတနေရာလောက်ပေးပါရန်လျောက်ထားအပ်ပါသည် ဘုရား ”

ခေါင်းငုံ့ထားသော နှစ်ယောက်ဆီမှယောက်ျားဖြစ်သူ၏တောင်းပန်စကား

”မင်းတို့က ဘယ်သူတွေလဲ ဘယ်ကလဲကွဲ့ ”

”တပည့်တော်တို့ ရှမ်းကြီးနဲ့ မဲတူလင်မယားပါ ဘုရား ”

”ဟေ ‘

စင်စစ်ဒီလင်မယားကိုတစ်ရွာလုံး မသိသူမရှိ ဒါဆို လင်မယားကို ဦးပဉ္ဇင်းကောင်းကောင်းသိတာပေါ့ လွန်ခဲ့တဲ့နှစ်ပတ်လောက်ကပဲ ရက်ခြား၍ ရှေ့ဆင့်နောက်ဆ င့်ကွယ်လွန်သွားသော ကံဆိုးရှာသောလင်မယား

”တပည့်တော်တို့ စားရမဲ့ သောက်ရမယ့် နေရာမဲ့ဖြစ်နေလို့သနားပါဦးဘုရား ”

”ဒကာတို့ဘယ်လိုဖြစ်ကြရတာလဲကွယ် ” ဟုမိန့်တော်မူလိုက်သည် သာရေးနာရေးကိစ္စမှတပါးမပင့်ဖိတ်လျင် ဒေသစာရီမကြွတတ်သည် ဦးပဉ္ဇင်းလေးက ဒီလင်မယား ရှေ့ဆင့်နောက်ဆင့်ကွယ်လွန်ရသည့်အကြောင်းရင်းကိုမသိ ရှမ်းကြီးကဦးပဉ္ဇင်းလေး၏ အမေးကို လက်အုပ်ချီလျက်

”တပည့်တော်တို့အဖြစ်က ဒီလိုပါဘုရား . . . . .”

ရှမ်းကြီးနှင့်မဲတူလင်မယားကို မန်းကျီးကုန်းတစ်ရွာလုံးမသိသူမရှိ စင်စစ်ဒီလင်မယားမမန်ကျီးကုန်းရွာဇာတိမဟုတ် မည့်သည့်ဇာတိကဆိုတာလည်း ဘယ်သူမှမသိကြ ဤရွာကိုစရောက်သည့်အချိန်မှစ၍ ရွာနောက်ဘက်လယ်ကွင်းထဲမှာတဲထိုးနေကြသည် သားသမီးမရှိ ကြုံရာကျပန်းလုပ်ကိုင်စားသောက်ကြသည် ယောက်ျားက သူရင်းဌားလိုက် ကောက်စိုက်ပျိုးနှုတ်ကောက်ရိုးပုံစောင့်အကုန်လုပ်သည် ရပ်ရေးရွာရေးတွင်လည်းထိပ်ဆုံးကပါဝင်တတ်သည် ကိုယ်တိုင်ဝမ်းနွေးရုံသာ စားသောက်နေထိုင် ရသည် ဘဝဖြစ်သော်ငြား သူများ သာရေးနာရေးများတွင် ထင်းခွေရေခပ် ပန်းကန်ဆေး အောက်ခြေသိမ်း အကုန်လုပ်ကြသည် ထိုလင်မယားမှာထူးခြားတာတစ်ခုက ရာသီမရွေး လင်မယားနှစ်ယောက်လုံး အကျီင်္ င်္မဝတ်ကြ ရှမ်းကြီးမှာ အပေါ်ပိုင်းဗလာကျင်း၍ ဆေးပြင်းလိပ်ခဲရင်ခဲ မခဲရင် ကွမ်းတမြုံအား အမဲမြုပ်နေတတ်သည် မဲတူမှာလည်းထိုနည်းလည်းကောင်း ထဘီရင်လျားဖြင့် သာနေသည် မည်သည့်အခါမှ အကျီ င်္ဝတ်လေ့မရှိ

”အကျီ င်္ဝတ်လိုက်ရင် တကိုယ်လုံးယားလာပြီး ပြန်ချွတ်ပစ်ရတာပဲ ကြာတော့လည်း နေသားကျသွားပြီလေ ”

ဒါက သူတို့လင်မယား၏လက်သုံးစကား ဘယ်ဘဝကဝဋ်ကြွေးရယ်မသိ ဥတုသုံးပါးစလုံး လင်မယားနှစ်ယောက်မှာကျောပြောင်

တစ်ရွာလုံး နောက်ပြောင်၍နာမည်ပေးထားကြသည်က

” ကာကဝလ္လိယလင်မယား ”

တစ်နေ့ လယ်ပိုင်ရှင် စိုးနိုင်ကတောရှင်း၍ကွမ်းစိုက်မယ်ကြံသည် ကွမ်းခြံစိုက်သည်ကို စိုးနိုင်လေ့လာထားသော်ငြားတကယ်တမ်းမလုပ်တတ် တစ်ရွာလုံးလဲ ဘယ်သူမှမစိုက်တတ်ကြဤ နေရာတွင်ရှမ်းကြီးတို့ကတော်သည် စိုးနိုင်ကငွေစိုက် ရှမ်းကြီးတို့က လူရင်းကတောတိုးကာကွမ်းခြံခုတ်တော့သည် တစ်ရွာလုံးက လူလည်းစိုးနိုင် အကြောင်း သိ၍ လူရင်း အပင်ပန်းခံရသော ရှမ်းကြီးလင်မယားကိုတားကြသည် မရ

”ဒီလု ဒီလိုတော့လုပ်မှာမဟုတ်ပါဘူးလေ ရပ်နဲ့ရွာနဲ့ပဲ ”ဆိုသောရှမ်းကြီးစကားကြောင့် ဘယ်သူမှမတားကြတော့ ရှမ်းကြီးလင်မယားက တကယ့်အကြမ်းခံ ရေစိမ်ခံတွေ ရှမ်းကြီးက ပုဆိန်တလက်ဖြင့် တောရှင်း မဲတူက ဓားမတချောင်းကိုင်က တောခုတ်ဖြင့် မကြာမီမှာပဲ ကွမ်းခြံကြီးပေါ်ထွက်လာပေပြီ

ခြံရှင်း တိုင်ထောင် ကွမ်းစိုက် ကွမ်းညှပ် ကွမ်းရွက်ကို ဈေးပို့သည်အထိ ရှမ်းကြီးလင်မယားက ဒိုင်ခံ လူလည်စိုးနိုင်ကတော့ လူလည်ပီပီ ရှမ်းကြီးလင်မယားထံမှ ကွမ်းစိုက်နည်းကိုအနီးကပ်သင်ယူသည် ကွမ်းကလည်းခက်သား အသန့်အလွန်ကြိုက်သည် ကွမ်းခြံထဲအပေါ့အလေးစွန့်ခြင်းမပြုရ ခြံထဲကိုယ်ဝန်ဆောင်သည်မဝင်ရ ဝင်မိပြီး ခူးမိပါက ကွမ်းပင်သေတတ်သည် ကွမ်းခြံတွင်လူစိမ်းတောင်အဝင်မခံရေ နာက်ဆုံး ကွမ်းခြံအကြောင်းအား စိုးနိုင် ကျွမ်းကျင်သွားလေပြီ ရှမ်းကြီးလင်မယားကလည်း
ဆရာစားမချန် က ကြီးမှ အ အဆုံးမချွင်းမချန်သင်ပေးသည်ေ နာက် လူလည်စိုးနိုင် ကွမ်းခြံအထာလည်းကျွမ်းကျင်ခြံမှလည်း သိန်းပေါင်းများစွာ အမြတ်အစွန်းရပြီးနောက်
အများထင်သည့်အတိုင်း စိုးနိုင်က ရှမ်းကြီးလင်မယားကို မဖြစ်စလောက်ငွေလေးပေး၍ ကွမ်းခြံမှ ပ ထုတ်လိုက်တော့သည် ။

တစ်ရွာလုံးက မခံမရပ်နိုင်ကြ၍ သက်ဆိုင်ရာတိုင်တန်းရန်ပြောကြသော်လည်း ရှမ်းကြီးလင်မယားကမမှု

”ဝဋ်ရှိလို့ခံရတာပဲလေ ”ဟူ၍

”တို့လင်မယားနှစ်ယောက်လုံး အသန်အမာကြီးတွေ လုပ်နိုင်ကိုင်နိုင်လည်းရှိသေးတယ် ဓားမဦးခိတောတိုးပြီး ကွမ်းဝယ်ခြံစိုက်ကြမယ် ”

လင်မယားနှစ်ယောက်တိုင်ပင်ကာရွာတောင်ပိုင်းရှိကိုင်းတောကြီးကိုရှင်းလင်းလိုက်ကြ၏ ကိုင်းတောမှာကွင်းဖြစ်သွားသည် သို့သော် ကိုင်းတော အလယ်တွင်ညောက်ပင်ကြီး
ထီးထီး မားမားရှိနေသည် တစ်ရွာလုံးကတောစိုးသစ်ပင်ကြီးဖြစ် ၍ မခုတ်ရန်တားမြစ်ကြသော်လည်း

”တောစိုးတွေ တောအုပ်တွေ အစောင့် ဘာညာမသိ ”

ဟူ၍ အပြတ်ရှင်းလိုက်ကြတော့သည် ညောင်ပင်ကြီးလည်းထင်းဖြစ်ပြီး ကွမ်းခြံအကောင်အထည်ပေါ်လာတော့သည် ရှမ်းကြီးလင်မယားက ပန်းပန်ဆဲ

”အဲ့ဒါကံတက်နေသေးလို့ဟေ့ ကံနိမ့်ရင်ဒီလင်မယားမပြောနဲ့ အနော်ရထာမင်းကြီးတောင် ထိန်ပင်စောင့်နတ်က လက်စားချေသေးတာပဲ ”

ဒါကရွာသူရွာသားတို့၏ဝေဖန်သံ သို့သော် လူကြမ်း က နတ်ကြမ်းမခံနိုင်၍ထင် ရှမ်းကြီးလင်မယားကမြက်ရှရာပင်မရှိ တစ်ရွာလုံးကလဲ အပြိုင်ပေါ်ထွက်လာသောရှမ်းကြီး၏ ကွမ်းခြံကိုအားပေးကြသည် စိတ်ကောင်းရှိ ဝိရိယကောင်း၍ထင့် ရှမ်းကြီး၏ ကွမ်းခြံ ကအနီထဲမှ အစိမ်းအကောင်အထည်ပေါ်လာပေပီ

”လုပ်ကြပါဦး ကိုရှမ်းကြီးဘာဖြစ်မှန်းမသိလို့ ”

ညနေစောင်းခါနီးမှာ မဲတူတယောက်ရွာထဲကို အမောတကောဝင်လာသည် တစ်ရွာလုံးက ကြိုးစား၍ ကိုယ်ပိုင်ကွမ်းခြံနှင့်ဖြစ်နေသော လင်မယားကို ချီးကျူး၍မှမဆုံးသေးရှမ်းကြီး က တနေကုန် ကွမ်းခြံထဲမှာလုပ် မဲတူမက နံနက်စာသွားပို့ ညကျလင်မယားနှစ်ယောက်အတူပြန်နေကျ ကွမ်းခြံက ရွာနှင့်အတော်ဝေးသည် မဲတူမလာ ၍ သတင်းပို့သည့်အခ်ျန်ကနေဝင်ရီတရောကင်းတဲမှာရွာလူကြီး များရဲများကမီးတုတ်ကိုယ်စီညှိ၍ ကွမ်းခြံထဲရောက် သွားတော့တွေ့လိုက်ရသည့်မြင်ကွင်းက

ရှမ်းကြီးမှာ ကွမ်းခြံထောင့်တဲထဲတွင် အကျီ င်္မဝတ်ထားသည့်ကျောပြောင်၌ လူတယောက်ကထုထောင်းထားသည့်အလား အညိုမည်းကွက်ကြီးများဖြင့်သွေးအိုင်ထဲမှာ ဘည်လိမ် လျှာထွက် ၍ အသက်ပျောက်နေသည်ေ သမှုသေခင်းဖြစ်လာပြီဖြစ်၍ ရဲများစစ်ဆေးအလောင်းကိုဆေးရုံယူကာဆေးစစ်တော့ ဆရာဝန်ကပြင်ပဒဏ်ရာများ ကိုကြည့်ရှုခွဲစိတ်ပြီးနောက်ဆုံးတွင်ဆေးစာ၌ပါလာသည်ကား အတွင်းဒဏ်ရာမရှိထိပိလန့်သေဆုံးသွားရကြောင်းပေါ်ပေါက်လာကာမှ တစ်ရွာလုံးအံ့သြခဲ့ရတော့သည်

”ရှမ်းကြီးကို တောစိုးကြီးထောင်းတာ ”

”ကံနိမ့်ပြီလေ ”

”အကုသိုလ်ဝင်လာပြီပေါ့ ”

ဟူ၍ ပြောလာကြတော့သည်

မနက်ဖြန်ရှမ်းကြီးဆွမ်းသွပ် မဲတူမ၏တဲတွင်တစ်ရွာလုံးကူညီနေကြသည် မဲတူမကညနေစောင်းတွင် ကွမ်းခြံရှိ ရှမ်းကြီးအား ဆွမ်းသွပ်အတွက်အိမ်ပြန်ခေါ်မယ်ပြောပြီး ထွက်သွားတော့သည် ။ ခါတိုင်းလိုပဲ အဖော်မပါတစ်ကိုယ်တည်း မဲတာမ ကွမ်းခြံတဲထဲ ဝင်လိုက်သောအခါ ။တစ်ကိုယ်လုံးချမ်းစိမ့်သွားတော့သည် မျက်စိထဲ တွင် ဖြတ်ခနဲလှုပ်ရှားဟန်တစ်ခု ကိုမြင်လိုက်ရသည် တစ်ခါမှကြက်သီးမထဖူးသော မဲတူ ချမ်းစိမ့် ၍ကြက်သီးများထလာတော့သည်

”ကိုရှမ်းကြီးရေ တော့်ကိုဆွမ်းသွပ်ရအောင် အိမ်လိုက်ခဲ့နော် ”

”ဘုတ် ”

”အင့် ”

မဲတူမပြော၍ပြန်အလှည့် အိမ်ထဲဝင်လာသော ဇရက်တကောင်နှင့် တိုက်မိပြီးဇရက်ကပြုတ်ကျသွားပြီး မဲတူမအား ကြည့်နေသည်မဲတူမလည်း ဘာစိတ်ကူးပေါက်သည်မသိ ပြုတ်ကျသွားသော ဇရက်လေးအားကောက်ယူလိုက်ပြီး ပခုံးပေါ်တင်လိုက်ကာ..

”အိမ်လိုက်ခဲ့နော် ”

ဟုပြောလိုက်သည် ထူးဆန်းသည့်ဇရက်လေးမှာလည်း မဲတူ၏စကားကိုနားထောင်သည့်အလား သူမပခုံးပေါ်တွင်အငြိမ့်သားကပ်ပါလာသည် ။ နေဝင်သွားပြီ
ရှေ့မှာစမ်းချောင်းလေး တစ်ခု ဒီလမ်းကရွာနှင့်ပိုနီးသည်ရေကမနက်ခြေကျင်းဝက်ခန့်သာနက်သည်

”အမေ့ ”

”ဝုန်းးးးး ”

မဲတူမဖြတ်အကူးရေလယ်အရောက်တွင် မျက်စိကျိန်းမတတ်အလင်းတန်းကြီးတစ်ခုကိုမြင်ပြီးရေထဲပစ်လဲကျသွားတော့သည်ဘာဆိုဘာမှမသိတော့ရွာသားများလိုက်လာခါမှ ခြေချင်းဝက်ခန့်ရှိသောစမ်းချောင်းထဲတွင်လဲကျသေဆုံးနေသောမဲတူမ ပခုံးထက်တွင်လည်း ကုပ်တွယ်၍သေဆုံးနေသောဇရက်တကောင် ထူးဆန်းသည်ကမဲတူမ၏ကျောတွင် လည်း ရှမ်းကြီးကဲ့သို့ထုထောင်းရာများနှင့် ရှမ်းကြီး၏စကားအဆုံးတွင် ဦးပဉ္ဇင်းက

”အေးလေ ကံစီမံရာ

အတိုင်းပဲပေါ့ ဝဋ်ကြွေးတွေ

ဆပ်ရတယ်ပဲ

သဘောထားကြပါ ဘယ်သူ့မှ

အထိပ်တလန့် အနှောက်အယှက်မပေးရင် ဒီညောင်ပင်ကြီးမှာနေနိုင်ပါတယ် ”

ဦးဇင်းလေးက စေတီထောင့် စောင်းတန်းအဆုံးမှာပေါက်နေသော ညောင်ပင်ကြီးကိုလက်ညိုးထိုးပြ၍ မျက်ကွယ်ပြုထွက်ခွာခဲ့လေတော့သည်။

”သြော် ဝဋ် ဝဋ် သံရာအဆက်ဆက် ဆပ်နေရအုံးမှာပါလား ”

ပြီးပါပြီ

written by Yin Nyein Aye ( လေးစားစွာဖြင့် ခရက်ဒစ် နပန်းဆံ )

Add a Comment

Your email address will not be published. Required fields are marked *