အမ်ိဳးသမီးမ်ားေလာက္ အမ်ိဳးသားမ်ား လက္မေဆး သျဖင့္ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရနိုင္ေျခပိုမ်ား ဟု ေလ့လာမႈ စစ္တမ္း ဆို

သန့္ စင္ခန္း ဝင္ၿပီး သည့္ အခါ အမ်ိဳးသားမ်ား က အမ်ိဳးသမီးမ်ားေလာက္ လက္မေဆးၾကေၾကာင္း ၿပီးခဲ့သည့္ ေလ့လာမႈ စစ္တမ္းမ်ားစြာ ကို စုေပါင္းေလ့လာထားမႈ တစ္ခုက ေဖာ္ျပလိုက္သည္ ။ ယခု လို ကိုရိုနာ ဗိုင္းရပ္စ္ပ်ံ့ႏွံ႕ေနခ်ိန္တြင္ လက္ေဆးက်င့္နည္း သည့္ အမ်ိဳးသားမ်ား ဗိုင္းရပ္စ္ ကူးစက္ခံရနိုင္ေျခပိုမ်ားေၾကာင္းလည္း စစ္တမ္းက သတိေပး လိုက္ သည္ ။

နိုင္ငံေပါင္း ၈၀ ေက်ာ္သို႔ပ်ံ့ႏွံ႕ေနေသာ COVID-19 ကိုရိုနာဗိုင္းရပ္စ္ကို ကာကြယ္ရန္အထိေရာက္ဆုံးနည္းမွာ လက္ကိုမၾကာမၾကာေဆးေၾကာရန္ျဖစ္ေၾကာင္း နိုင္ငံတကာက်န္းမာေရးပညာရွင္မ်ားက လမ္းၫႊန္ထားသည္။ အမ်ားသုံးသန့္စင္ခန္းဝင္ၿပီးတိုင္း အမ်ိဳးသား ၃၁ ရာခိုင္ႏႈန္း၊ အမ်ိဳးသမီး ၆၅ ရာခိုင္ ႏႈန္းကသာလက္ေဆးၾကေၾကာင္း ၂၀ဝ၉ ခုႏွစ္စစ္တမ္းတစ္ရပ္က ေဖာ္ျပထားေၾကာင္း အေမရိကန္ေရာဂါထိန္းခ်ဳပ္ေရးႏွင့္ ကာကြယ္ေရးအဖြဲ႕၏စစ္တမ္းက ေဖာ္ျပသည္။

အေမရိကန္ျပည္ေထာင္စု မီရွီဂန္ ျပည္နယ္တကၠသိုလ္က ၂၀၁၃ ခုႏွစ္၌ ျပဳလုပ္ထားေသာ စစ္တမ္းတစ္ရပ္ကလည္း အမ်ိဳးသမီးမ်ားသည္ သန့္စင္ခန္းဝင္ၿပီးသည့္အခါ အမ်ိဳးသားမ်ားထက္ လက္ပိုေဆးၾကသလို ဆပ္ျပာႏွင့္လည္း ပိုၾကာၾကာတိုက္ကာ ပိုၿပီးစနစ္တက် ေဆးေၾကာၾကေၾကာင္း ေဖာ္ျပထားသည္။ သန့္စင္ခန္းဝင္ၿပီး လက္လုံးဝမေဆးသည့္ အမ်ိဳးသား ၁၄ ဒသမ ၆ ရာခိုင္ႏႈန္းရွိၿပီး ဆပ္ျပာမတိုက္ဘဲ ေရနဲ႕ေဆး႐ုံသာေဆးသည့္အမ်ိဳးသားကလည္း ၃၅ ဒသမ ၁ ရာခိုင္ႏႈန္းရွိေၾကာင္း စစ္တမ္းကေဖာ္ျပသည္။ ႏွိုင္းယွဥ္ရလွ်င္ အမ်ိဳးသမီးမ်ားထဲတြင္ ထိုသို႔ျပဳမူသူက ၇ ဒသမ ၁ ရာခိုင္ႏႈန္း ႏွင့္ ၁၅ ဒသမ ၁ ရာခိုင္ႏႈန္းသာရွိေၾကာင္း စစ္တမ္းက ဆိုသည္။

တ႐ုတ္နိုင္ငံတြင္ ၂၀၂၀ ျပည့္ႏွစ္ ဇန္နဝါရီ ၂၉ ရက္ေရွ႕ပိုင္း ကိုရိုနာ ဗိုင္းရပ္စ္ကူးစက္ခံရသူမ်ားအနက္ လူ ၁၀ဝ၀ ကိုေစာင့္ၾကည့္ထားခ်က္အရ အမ်ိဳးသားက ၅၈ ရာခိုင္ႏႈန္းပါဝင္ေၾကာင္း New England Journal of Medicine တြင္ေဖာ္ျပထားေသာ စစ္တမ္းတစ္ရပ္က ဆိုသည္။

Unicode

သန့်စင်ခန်းဝင်ပြီး သည့် အခါ အမျိုးသားများ က အမျိုးသမီးများလောက် လက်မဆေးကြကြောင်း ပြီးခဲ့သည့် လေ့လာမှု စစ်တမ်းများစွာ ကို စုပေါင်းလေ့လာထားမှု တစ်ခုက ဖော်ပြလိုက်သည် ။ ယခု လို ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့နေချိန်တွင် လက်ဆေးကျင့်နည်း သည့် အမျိုးသားများ ဗိုင်းရပ်စ်ကူးစက်ခံရနိုင်ခြေပိုများကြောင်းလည်း စစ်တမ်းက သတိပေး လိုက်သည်။

နိုင်ငံပေါင်း ၈၀ ကျော်သို့ပျံ့နှံ့နေသော COVID-19 ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်ရန်အထိရောက်ဆုံးနည်းမှာ လက်ကိုမကြာမကြာဆေးကြောရန်ဖြစ်ကြောင်း နိုင်ငံတကာကျန်းမာရေးပညာရှင်များက လမ်းညွှန်ထားသည်။ အများသုံးသန့်စင်ခန်းဝင်ပြီးတိုင်း အမျိုးသား ၃၁ ရာခိုင်နှုန်း၊ အမျိုးသမီး ၆၅ ရာခိုင် နှုန်းကသာလက်ဆေးကြကြောင်း ၂၀ဝ၉ ခုနှစ်စစ်တမ်းတစ်ရပ်က ဖော်ပြထားကြောင်း အမေရိကန်ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးအဖွဲ့၏စစ်တမ်းက ဖော်ပြသည်။

အမေရိကန်ပြည်ထောင်စု မီရှီဂန် ပြည်နယ်တက္ကသိုလ်က ၂၀၁၃ ခုနှစ်၌ ပြုလုပ်ထားသော စစ်တမ်းတစ်ရပ်ကလည်း အမျိုးသမီးများသည် သန့်စင်ခန်းဝင်ပြီးသည့်အခါ အမျိုးသားများထက် လက်ပိုဆေးကြသလို ဆပ်ပြာနှင့်လည်း ပိုကြာကြာတိုက်ကာ ပိုပြီးစနစ်တကျ ဆေးကြောကြကြောင်း ဖော်ပြထားသည်။ သန့်စင်ခန်းဝင်ပြီး လက်လုံးဝမဆေးသည့် အမျိုးသား ၁၄ ဒသမ ၆ ရာခိုင်နှုန်းရှိပြီး ဆပ်ပြာမတိုက်ဘဲ ရေနဲ့ဆေးရုံသာဆေးသည့်အမျိုးသားကလည်း ၃၅ ဒသမ ၁ ရာခိုင်နှုန်းရှိကြောင်း စစ်တမ်းကဖော်ပြသည်။ နှိုင်းယှဉ်ရလျှင် အမျိုးသမီးများထဲတွင် ထိုသို့ပြုမူသူက ၇ ဒသမ ၁ ရာခိုင်နှုန်း နှင့် ၁၅ ဒသမ ၁ ရာခိုင်နှုန်းသာရှိကြောင်း စစ်တမ်းက ဆိုသည်။

တရုတ်နိုင်ငံတွင် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၂၉ ရက်ရှေ့ပိုင်း ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်ခံရသူများအနက် လူ ၁၀ဝ၀ ကိုစောင့်ကြည့်ထားချက်အရ အမျိုးသားက ၅၈ ရာခိုင်နှုန်းပါဝင်ကြောင်း New England Journal of Medicine တွင်ဖော်ပြထားသော စစ်တမ်းတစ်ရပ်က ဆိုသည်။

Add a Comment

Your email address will not be published. Required fields are marked *