ကျောင်းထိုင်ဆရာတော်ကြီးမောင်းနှင် လာသည့်ကားနှင့် ဒကာမကြီး တစ်ဦးမောင်းနှင်လာသော ဆိုင်ကယ် တိုက်မိကာ ဒကာမကြီး အနိစ္စရောက်

၂၀၂၀ မတ်လ ၈ ရက် ။ ။ ထိုင်းနိုင်ငံ ဘူရီလန်းမြို့နယ် စမစ်ရပ်ကွက် အရီယာ ဘောလုံးကွင်းရှေ့ ၆ လမ်းသွားလမ်းမကြီးရှေ့တွင် မတ်လ ၇ ရက်နေ့ မနက်ပိုင်းက ” ထောင်းထမ္မချတ် ” ဘုန်းတော်ကျောင်းကျောင်းမှ ကျောင်းထိုင်ဆရာတော် မောင်းလာသည့် Volvo ဆလွန်းကားနှင့်လမ်းပေါ်တွင်ဆိုင်ကယ်မောင်းနှင်လာသောအသက် ၆၄ နှစ် အရွယ် ဒကာမဖြစ်တဲ့ နန်းကျန်းဖိန်းအား အရှိန်ပြင်းစွာဝင်ရောက်တိုက်မိတဲ့အတွက် လမ်းပေါ်တွင်ဦးဏှောက်တွင်ပြန့်ကျဲပြီး ခြေလက်များကျိုး၍ ပွဲချင်းပြီးသေဆုံးခဲ့ပါတယ် ။

ကျောင်းထိုင်ဆရာတော်ကြီးမောင်းနှင် လာသည့်ကားနှင့် ဒကာမကြီး တစ်ဦးမောင်းနှင်လာသော ဆိုင်ကယ် တို့ မတော်တဆ တိုက်မိကြကာ ဒကာမကြီး အနိစ္စရောက်

ရဲတွေရောက်လာချိန် ကျောင်းထိုင်ဆရာတော်ဟာ ကားပေါ်ကနေ ၁ နာရီကျော်ကြာငုတ်တုတ်ထိုက်တော်မူလျှက် အောက်ကိုဆင်းလာဘို့လျှောက်တင်တော်မူတာကို အလန့်လွန်တော်မူပြီး ဘယ်လိုမှပင့်မရဖြစ်ခဲ့ပါတယ် ၊ ဆိုင်ကယ်ဟာ စုပ်ပြတ်သွားပါတယ် ၊ ဒုရဲမှူး ပရကျတ် ဟာ သက်တော် ၅၁ နှစ် ၊ ဖရဝတ်ချလ ကျန်းဆဲန်ကို တရားဥပဒေအရ ယာဉ်မောင်းလိုင်စင်မရှိခြင်း ၊ ဝိနည်းတော်နှင့်မညီ သာသနာနော်နှင့်မအပ်စပ်သည့် စက်တပ်မော်တော်ယာဉ်အား အရှိန်ပြင်းစွာမဆင်မခြင်မောင်းနှင်ခြင်း ၊ လူသေမှုဖြစ်ခြင်း ၊ ယာဉ်စည်ကမ်းဖောက်ဖျက်ခြင်းစသည့်ပြစ်မှုများဖြင့်တရားဥပဒေအရအရေးယူဆောင်ရွက်နိုင်ရေးအတွက် ရဲစခန်းသို့ပင်ဆောင်ကာစစ်ဆေးမေးမြန်းသွားမှာဖြစ်ပါတယ် ။

ကျောင်းထိုင်ဆရာတော်ကြီးမောင်းနှင် လာသည့်ကားနှင့် ဒကာမကြီး တစ်ဦးမောင်းနှင်လာသော ဆိုင်ကယ် တို့ မတော်တဆ တိုက်မိကြကာ ဒကာမကြီး အနိစ္စရောက်

ထိုင်းလူလူမှုကွန်ယက်စာမျက်နှာမှာတော့ဒီသတင်းနဲ့ပါတ်သက်ပြီး သံဃာတော်များအနေနဲ့ လူပုဂ္ဂိုလ်များကဲ့သို့ လမ်းမများပေါ်တွင် သင်္ကန်းများတလူလူဖြင့် ဆိုင်ကယ်မောင်းနှင်ခြင်းများ ၊ ပြိုင်ကားမောင်းသလိုမောင်းနှင်ခြင်းများဟာအင်မတန်အန္တရာယ်များကြောင်း အမြင်မှာလည်းမတင့်တယ်ကြသလို ယခုလိုယာဉ်မတော်တဆမှုဖြစ်ခဲ့ပါက တာဝန်ရှိသူတွေအနေနဲ့ အရေးယူဆောင်ရွက်ရတာတွေခက်ခဲသလို တစ်ဘက်ကနစ်နာဆုံးရှူံးသွားခဲ့ကြရတဲ့ ဒကာရင်းတွေဘက်ကလည်း ဒေါသထွက်ရအခက် လျော်ကြေးတောင်းရအခက်ဖြစ်တတ်သည့်အတွက် တရားဥပဒေမှာ သံဃာတော်တွေကိုယာဉ်မောင်းခွင့်ပြုမထားတဲ့အကြောင်းရေးသားထောက်ပြကြတာကိုတွေ့ရပါတယ် ။

ကျောင်းထိုင်ဆရာတော်ကြီးမောင်းနှင် လာသည့်ကားနှင့် ဒကာမကြီး တစ်ဦးမောင်းနှင်လာသော ဆိုင်ကယ် တို့ မတော်တဆ တိုက်မိကြကာ ဒကာမကြီး အနိစ္စရောက်

အခင်းဖြစ်ပွားပြီးနောက်ကျောင်းထိုင်ဆရာတော်ကတော့ သေဆုံးသူရဲ့ဈာပနအခမ်းအနားပြင်ဆင်စရိတ် ဘတ်ငွေ ၁၀၀၀ဝ ထုတ်ပေးခဲ့ပြီး အသုဘကုန် ကျစရိတ်များကိုလည်း တာဝန်ယူဖြေရှင်းပေးမည်ဟု ဆိုပါသည် ၊ သေဆုံးသူ ဘက်မှဆွေမျိုးသားသမီးများကလည်း သေဆုံးမှုအတွက် အမှုကြေအေးကြောင်းပြောဆိုခဲ့ပေမယ့် လည်း လောလောဆယ်မှာတော့ လိုအပ်သလိုစစ်ဆေးမှုတွေပြုလုပ်သွားမှာဖြစ်ကြောင်းသတင်းရရှိပါသည် ။

Photo Crd

#ကျွန်တော်လည်းသင်္ကန်းဝတ်နဲ့ဘုန်းဘုန်းတွေကားမောင်းလာရင်၊ဆိုင်ကယ်မောင်းလာရင်ဝေးဝေးကရှောင်ပါသည်…။

#သံဃာကိုဦးစားပေးရမယ်ဆိုလို့ပါ ။

Credit-SiThu Maung

Add a Comment

Your email address will not be published. Required fields are marked *