မိုင်းဖုန်း ဆရာတော်ကြီး မိန့်မှာကြားခဲ့တဲ့ အရေးကြီး သတင်းတစ်ခုကို ပရိသတ်တွေ သိအောင်ပြောလိုက်တဲ့ ဂျွန်လွင်(လူတိုင်းသိအောင် မျှဝေပေးကြပါ)


photo credit


photo credit


photo credit

Unicode

မြန်မာနိုင်ငံ ရဲ့ အနုပညာလောက အတွက် အရည်အချင်းပြည့်ဝ တဲ့ မော်ဒယ် သရုပ်ဆောင် အလှမယ်တွေကို မွေးထုတ်ပေးတဲ့ သူတွေထဲမှာ တစ်ယောက် အပါအဝင်ဖြစ်တဲ့ ဂျွန်လွင် ကိုတော့ ပရိသတ်တွေ ရင်နှီးပြီးသားဖြစ်မှာပါ။ အနုပညာရှင်အမြောက်အများကို မွေးထုတ်ပေးနေ တဲ့ မော်ဒယ်လောက ရဲ့ဖခင်ကြီးလို့တောင် တင်စားထားရတဲ့ ဂျွန်လွင် ကတော့ မကြာခဏဆိုသလို အမှန်တကယ် လိုအပ်နေတဲ့ နေရာတွေမှာ အလှူတန်းတွေလည်း အမြဲပြုလုပ်တတ်တဲ့ စာနာစိတ်ပြည့်ဝတဲ့သူ တစ်ယောက်လို့တောင် ဆိုရမှာပါ ။ လတ်တလော မှာတော့ ပရိသတ်တွေကို အရေးကြီးသတင်းတစ်ပုဒ်ကို ဂျွန်လွင်က သူ့ရဲ့လူမှုကွန်ရက် စာမျက် နှာထက်ကနေ ပရိသတ်တွေ ကိုမျှဝေပေးလာခဲ့ပါတယ် ။

ယခုအချိန်တရားကျင့်နေတဲ့ မိုင်းဖုန်း ဆရာတော်ကြီးဟာ အစဉ်အေးမြလျက်ရှိတဲ့ ဂူအတွင်းမှာ မပူစဖူး ပူအိုက်လာတဲ့အတွက် ဂူအပြင်ကို ခေတ္တထွက်လာပြီး လူအမြောက်အများသေဆုံးလျက်ရှိတဲ့အတွက် ကပ်ရောဂါဘေးမှ ကင်းဝေးစေဖို့အတွက် နေအိမ်ဘုရားမှာ သံပုရာသီး (၅)လုံး ဇီးသီး (၅) လုံး ဆပ်ကပ်လှူဒါန်းထားကြရန် မိန့်မှာပြီး ဂူအတွင်းပြန်လည်ဝင်ရောက်သွားကြောင်း ကျိုင်းတုံမှ မိတ်ဆွေတစ်ဦးမှ သတင်းပေးပို့လာတဲ့ အတွက် အရေးကြီးသည် လူတိုင်းအိမ်တိုင်းလုပ်ကြပါ April လ ကုန်ထိ အဆက်မပြတ်ဘုရားလှူကြပါ ဆရာတော်ဘုရားကြီးက မှာပါသည် ဆိုတဲ့စာသားနဲ့အတူ ပရိသတ်တွေကို အသိပေးလာခဲ့ တာပဲဖြစ်ပါတယ် ။

လတ်တလောမှာလည်း သဘာ၀ ကပ်ရောဂါဆိုးကြီးကြောင့် နိုင်ငံတကာမှာ စိုးရိမ်ဖွယ်အခြေနေဖြစ်နေတဲ့ကာလ ဖြစ်တဲ့အတွက် ဆရာတော် ဘုရားကြီးမိန့်မှာထားတဲ့ အတိုင်း အိမ်တိုင်း ပြုလုပ်ကြဖို့အတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ် ။ ပရိသတ်ကြီးကလည်း မိုင်းဖုန်းဆရာတော်ဘုရားကြီးမိန့်မှာတော်မူတဲ့အတွက် လိုက်နာကြဖို့တိုက်တွန်းလိုက်ပါရစေနော် ။

Add a Comment

Your email address will not be published. Required fields are marked *