ဖားကန့်ဆေးရုံ မှ ထွက်ပြေးသော အမျိုးသမီးထံ တွင် ကိုရိုနာ ဗိုင်းရပ်စ် မရှိဟုဆို

ဖားကန့်ဒေသ တွင် သာမန်နေမကောင်းဖြစ် ၍ ဆေးရုံလာ ပြစဉ် COVID-19 စောင့်ကြည့် လူနာ အဖြစ် ပုဂ္ဂလိကဆေးရုံ က သတ်မှတ်သော အမျိုးသမီးတစ်ဦး သည် ဆေးကုမခံဘဲ ထွက်ပြေး သွားရာ ၀ူဟန်ရောဂါသည် တစ် ဦး ဆေးရုံမှ ထွက်ပြေးသွားသည် ဟူသော သတင်းအမှား လူမှုကွန် ရက် ၌ ပျံ့နှံ့ခဲ့သည် ။

တရုတ်နိုင်ငံ ရွှေလီမြို့မှ ပြန် လာသော အသက်( ၂၅) နှစ်အ ရွယ် အမျိုးသမီး သည် ဖားကန့်မြို့ ရှိ ပုဂ္ဂလိကေ ဆးရုံတ စ်ခုသို့ မတ် လ ၇ ရက်ညက ကျန်းမာရေး လာရောက်စစ်ဆေး စဉ် COVID-19 စောင့်ကြည့်လူနာအဖြစ် ပြည်သူ့ဆေးရုံ သို့ လွှဲပြောင်းခဲ့ သည်။ ဆေးရုံတွင်စစ်ဆေးရန် ပြင်ဆင်နေစဉ် ထွက်ပြေးသွားရာ COVID-19 ကူးစက်ခံထား ရသူတစ်ဦး ဆေးရုံမှ ထွက်ပြေး သွားကြောင်း သတင်းအမှား ပျံ့နှံ့ခြင်းဖြစ်သည်။

ဖားကန့်ကို ၀ူဟန်ရောဂါ ရောက်နေပြီဟူသော ပြောစကား အပါအဝင် ဆေးရုံမှ လူနာထွက် ပြေးသွားကြောင်း ပြောကြားထား သည့် အမျိုးသားတစ်ဦးအသံဖြင့် ၂၁ စက္ကန့်ရှိအသံဖိုင်သည် ဖား ကန့်ဒေသခံ များတွင် လူမှုကွန် ရက်မှတစ်ဆင့် အချိန်တိုအတွင်း ပျံ့နှံ့ခဲ့သည်။ အမြန်ဖမ်း၍ ဆေးရုံသို့ပို့ဆောင်ရန် တိုက်တွန်း သူများလည်း ရှိခဲ့သည်။ အမှန် တကယ်တွင်မူ သာမန်အအေးမိ ရောဂါသာဖြစ်ပြီး ပုဂ္ဂလိကဆေး ခန်း၏ မှားယွင်းသုံးသပ်မှုဖြစ် ကြောင်း ဖားကန့်မြို့နယ် ပြည်သူ့ ဆေးရုံအုပ်ကြီး ဒေါက်တာမင်း လွင်က ပြောသည်။

‘‘သာမန်အအေးမိတဲ့ ရောဂါ ပါပဲ။ ၀ူဟန်မဟုတ်ပါဘူး။ ၀ူဟန် သံသယအဆင့်အထိ မရောက် ပါဘူး။ တရုတ်နိုင်ငံ သွားဖူးတာ လေးရှိတယ်လို့ ပြောတာလေးနဲ့ အပြင်ဆေးခန်းကနေ ၀ူဟန်သံ သယဆိုပြီး ဆေးရုံကောက်ပို့ တော့ လူနာလည်း လန့်ဖျပ်သွား တာ’’ဟု ဒေါက်တာမင်းလွင်က ပြောသည်။ COVID-19 ကူးစက်ခံ ထားရသူတစ်ဦးဆေးရုံမှ ထွက် ပြေးသွားကြောင်း သတင်းအမှား ထွက်ပေါ်လာပြီးနောက် ဒေသခံ အချို့က ယင်းအမျိုးသမီးနေထိုင် သည့် ရပ်ကွက်နှင့် အိမ်လိပ်စာ ကို လူမှုကွန်ရက်တွင် ဖော်ပြကာ အမြန်ဖမ်းဆီးရေး တိုက်တွန်းခဲ့ သည်။

ရဲတပ်ဖွဲ့နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူအချို့က လိုက်လံရှာ ဖွေခဲ့သည်။ မတ်လ ၈ ရက် နံနက် ၁၁ နာရီတွင် အဆိုပါအမျိုးသမီး ကိုယ်တိုင် ဖားကန့်ပြည်သူ့ဆေး ရုံသို့ ပြန်လာပြီး ၎င်းနှင့်ပတ် သက်၍ လူမှုကွန်ရက်ပေါ် တင် ထားသော သတင်းအမှားများပြန် ဖြုတ်ပေးရေး ကူညီရန် ဌာနဆိုင် ရာတာဝန်ရှိသူများထံ မေတ္တာ ရပ်ခံခဲ့သည်။ ဒေသတွင်းလူမှုကူညီရေးအ ဖွဲ့များက ယင်းအမျိုးသမီးသည် ကျန်းမာရေးကောင်းမွန်ပြီး သ တင်းအမှားတင်ထားသူများ ပြန် ဖျက်ပေးရန် တောင်းဆိုခဲ့သည်။

လတ်တလောတွင် ယင်းအ မျိုးသမီးသည် ဖျားခြင်း၊ နာစေး ချောင်းဆိုးခြင်း မရှိသော်လည်း ဆေးရုံသီးသန့်ခန်း၌ ယာယီနေ ထိုင်စေရန် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် မြို့ခံလူမှုကူညီရေး အဖွဲ့များက စီစဉ်ထားသည်။ ထူးခြားအခြေအနေမရှိပါ က ယနေ့(မတ်လ ၉ ရက်)၌ ဆေး ရုံ ဆင်းခွင့်ပြုမည်ဟုဆိုသည်။

လူမှုကွန်ရက်သုံးစွဲသူများ ကိုလည်း သတင်းအမှားများအ ပေါ် ယုံကြည်မှုမလွန်ကဲရန် ဖား ကန့်မြို့နယ် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန တာဝန်ရှိသူများနှင့် ဒေါက်တာမင်းလွင်က အကြံပြု ခဲ့သည်။ သတင်းမှားဖြန့်ဝေခံရသော အမျိုးသမီးသည် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခဲ့သည်ဟု ဒေါက်တာမင်း လွင်နှင့် လူမှုကူညီရေးအဖွဲ့များ က ပြောသည်။

ခရက်ဒစ် – 7Day Daily ( လေးစားစွာဖြင့် နပန်းဆံ )

Add a Comment

Your email address will not be published. Required fields are marked *