” မိုးကုတ်က ကျောက်တူးသမား တို့ဘဝ ကံကိုဘဲ……ယိုးမယ်ဖွဲ့လိုက်ကြပါ တော့ဗျာ ..”.ဖြစ်စဉ်အပြည့်အစုံ

မတ်လ ၇ ရက်နေ့ က မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့ ရဲ့အနောက်ဘက် ၇ မိုင်ခန့်အကွာ မှာ ရှိတဲ့ ပြောင်းပြင်ကျေးရွာ အုပ်စု မြေမဲကျေးရွာ ကျောက်စာတောင် အနီးတစ်ဝိုက် ကျောက်မျက်တူးဖော်ရေးလုပ်ငန်းခွင် အတွင်း မနက် ၁၀:၃၆ မိနစ်ခန့်က မြေအောက် အနက် ပေ ၄၀၀ ခန့်မှာ မတော်တဆ မြေစာဂဲကြီးတွေ လှုပ်ရှားမှုဖြစ်ပြီး ပြိုကျခဲ့မှုဖြစ်စဉ်ဖြစ်တာကြောင့်တွင်းလုပ်သားနှစ်ဦး ပိတ်မိနေခဲ့ပြီး အဲ့ဒီနေ့က တည်း က ချက်ချင်းဘဲ မြို့နယ်အဆင့် မီးသတ်နှင့်ကြက်ခြေနီတပ်ဖွဲ့ဝင်များ ၊ အရပ်ဖက်လူမှုရေးအသင်းအဖွဲ့များ ၊ နယ်မြေခံရဲတပ်ဖွဲ့နှင့်အခြေချစစ်ဗျူဟာအဖွဲ့ ပူးပေါင်း အင်အား ၁၀၀ နီးပါးနဲ့ ရှာဖွေကယ်ဆယ်မှုများ ဆောင်ရွက်နေတယ် လို့ကြားသိခဲ့ ရပါတယ်..

သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များမှာ ကယ်ဆယ်ရေး Equipment ပစ္စည်းကရိယာဆိုလို့ BA-Set တွေနဲ့ အသက်ကယ်ခါးချည်ကြိုး ၊ ဦးထုပ် ၊ ကြိုးခွေ ၊ လက်နှိပ်ဓါတ်မီးတွေသာပါရှိပြီး အခြားလူမှုအသင်းအဖွဲ့တွေကအောက်စီဂျင်ဗူးတွေသာပါရှိကြတာကိုတွေ့ရှိရပါတယ် ၊ Research & Rescue မှာ ရှာဖွေရေးအဆင့်ကပထမအဆင့်ဆိုပေမယ့် ကျောက်မျက်တွင်းဟောင်းက ယခင်ကပေ ၇၀၀ လောက်နက်ပြီး ယခုပိတ်မိနေသူတွေက ပေ၄၀၀ လောက်မှာ ကြမ်းခင်းပြီး တူးကြတာပါ ၊ ဒေသအခေါ် ကတော့ နင်းကြမ်းခင်းပြီးလုပ်တာပါ ၊အပေါ်ကမြေပြိုကျတော့ နင်းကြမ်းပါကျွံကျပြီးပါသွားတဲ့ အနေအထားမျိုးလို့အတွေ့အကြုံရင့်ကျက်တဲ့ သူတွေထံကသိရပါတယ် ။

” မိုးကုတ်က ကျောက်တူးသမား တို့ဘဝ ကံကိုဘဲ……ယိုးမယ်ဖွဲ့လိုက်ကြပါ တော့ဗျာ

ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေကပေ ၃၀၀ အထိလောက်ဆင်းနိုင်ပြီး အချို့နေရာတွေမှာလှေခါးထောင်ပြီး ၉ဝံ ဆင်းရသလို အချို့နေရာတွေမှာ ၄၅ံ တိမ်းစောင်းပြီးဆင်းကြရတဲ့ ၉ ပေပတ်လည်ရှိတဲ့တွင်းဟောင်းထဲမှာ ပိတ်နေတဲ့ဂဲသားတွေဖယ်ရှားပြီး သစ်သားတွေနဲ့ထောက်ပြီးဝင်ကြရသလိုအချို့နေရာတွေမှာ ဂဲသားကြီးတွေတစ်လုံဒဖယ်လိုက်ရင်နောက်ထပ်၃/၄ လုံးလောက်ပြိုကျလာတာမျိုးကြောင့် တွင်းလမ်းကြောင်းဟာ Narrow Escape ဖြစ်ပြီး အောက်ကိုဆင်းကြရတဲ့မကျွမ်းကျင်တဲ့ကယ်ဆယ်ရေးသမားတွေအတွက်အင်မတန်အန္တရာယ်များကြောင်းသိရပါတယ် ။

ခေတ်မှီနည်းပညာအကူအညီတွေမပါဘဲမြို့နယ်အဆင့်ရှာဖွေကယ်ဆယ်ရေးလုပ်ရတာမို့ ထင်သလောက်မြင်သလောက်မလွယ်ကူနိုင်ပါဘူး ၊ မိုးကုတ်မြို့မှာယခုကျောက်တွင်းပြိုကျမှုတွေကရှေးပဝေသဏီကတည်းက မကြာခဏဖြစ်စဉ်တွေဖြစ်နေကြလို့ဒေသခံတွေကပြောပြကြပါတယ် ၊ တွင်းလုပ်သားတွေနဲ့အနေနဲ့တွင်းအောက်ကိုရောက်ပြီဆိုရင်တော့ သေဘေးနဲ့အင်မတန်နီးကပ်နေပါပြီ..

ကိုယ်တိုင်ရှာဖွေရေးလုပ်ငန်းတွေမှာပါဝင်ဆောင်ရွက်ခဲ့တဲ့မြို့နယ်အရန်မီးသတ်ဖွဲ့ကကိုကျော်မင်းလှိုင်ကအခုလိုသူ့အတွေ့အကြုံကိုပြောပြပါတယ်

” အောက်ကိုရောက်ဘို့ဆိုတာ ဂဲကြောတွေကလှုပ်နေတော့ ကျွမ်းကျင်တွင်းဆရာတွေက တွင်းပတ်ပတ်လည် တိုင်တွေဝါးတွေယက်ပြီးပြန်ထောက်ရပါတယ် ၊ နဲနဲခြင်းဖော်ပြီးဝင်နေတာ ပေ၃၀၀ နီးပါအထိတော့ရောက်နေပြီလို့သိရပါတယ် ၊ ပိတ်မိနေတဲ့နေရာအထိရောက်ဘို့က ဂဲတွင်းဆိုတော့ အင်မတန်အန္တရာယ်များနေတယ်ဗျ ”

” မိုးကုတ်က ကျောက်တူးသမား တို့ဘဝ ကံကိုဘဲ……ယိုးမယ်ဖွဲ့လိုက်ကြပါ တော့ဗျာ

တစ်ကိုယ်တော် ပရဟိတကယ်ဆယ်ရေးသမားကိုစံလင်းကလည်း သူ့အတွေ့အကြုံကိုယခုလိုပြောပြခဲ့ပါတယ်

” အောက်ကမြေသားတွေက မငြိမ်တော့ ကယ်ဆယ်ရေးသမားတွေအတွက်အရမ်းအန္တရာယ်များပါတယ် ၊ယခုလက်ရှိအခြေအနေကတော့ ကျွမ်းကျင်းဆရာတွေနဲ့ပြန်ဖော်တာ သူတို့ပထမဆုံးပြိုကျတဲ့နေရာထိ ပေ ၃၀၀ အထိကိုရောက်နေပြီဗျ ၊ ဆက်လက်ရှာဖွေနေပါတယ် ၊ ဒါပေမယ့် သိပ်တော့မမျှော်လင့်ရဲတော့ပါဘူး “မတ်လ ၈ ရက်နေ့ည ကပြောပြခဲ့ပါတယ် ။

ကယ်ဆယ်ရေးသမားတွေအတွက်နောက်ထပ်အန္တရာယ်တွေမကျရောက်လာနိုင်ဘူးလို့ပြောလို့မရတဲ့အတွက် မတ်လ ၉ ရက်နေ့နေ့လည် ၁၂:၂၀ ချိန် ၊ နာရီပေါင်း ၆၂ နာရီနီးပါးရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေရပ်ဆိုင်းပစ်ပြီး အားလုံးနောက်ပြန်ဆုတ်ခဲ့ကြပါတယ် ၊ ပိတ်မိနေသူတွေဟာအသက်ရှင်နေလျှက်ရှိနေသေးသလား ? မရှိဘူးလား ? ဆိုတာကလည်းမည်သူမှအတပ်အပ်မပြောနိုင်ကြဘူး ၊ တွင်းထဲမှာပိတ်မိနေတဲ့ဂဲသားတွေကိုရှေ့ကဖော်နောက်လိုက်ပြိုကျမှုတွေကြောင့် အရမ်းအန္တရာယ်များတယ်လို့လည်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးသိန်းတန်ကပြောပြပါတယ်.

” ကျွမ်းကျင်းတွင်လုပ်သားတွေရာချီပြီးအလှည့်ကျလာရောက်ကူညီကယ်ကြပါတယ် ၊ တွင်းကရှေ့ဖော်နောက်ကပြိုလိုက်နေတော့ ဘယ်လိုမှရှေ့ဆက်တိုးလို့မရဘူး ၊ အန္တရာယ်အရမ်းများတော့ ရပ်ဆိုင်းလိုက်ရတာပါ ၊ ဒီမှာကတော့ဒီလိုတွင်းပြိုကျတာတွေက နေရာအနှံ့ဖြစ်လေ့ဖြစ်ထရှိပါတယ် ၊ ရာနှုန်းပြည့်ကတော့ အသက်မရှင်တာ ၊ ပြန်ဆယ်မရတာများပါတယ် ” လို့ဆိုပါတယ်

” မိုးကုတ်က ကျောက်တူးသမား တို့ဘဝ ကံကိုဘဲ……ယိုးမယ်ဖွဲ့လိုက်ကြပါ တော့ဗျာ

ခက်တာက တွင်းအဆုံးနဲ့ တွင်းအဝအထိ အလွယ်တကူဆက်သွယ်နိုင်မယ့် ယာယီအော်ပရေတာဖုန်းကြိုးစနစ်တွေ မတပ်ဆင်ထားတာကြောင့် အခြေအနေတွေဟာ ဘယ်လိုမှ မခန့်မှန်းလို့မရကြပါဘူး..၂၀၁၀ ခုနှစ်က ဩဂုတ်လ ၃ ရက်နေ့က ချီလီနိုင်ငံမှာမိုင်းတွင်းလုပ်သား ၃၃ ဦးဟာမြေအောက် ပေ ၂၀၀၀ ခန့်မှာ ပိတ်မိနေတဲ့အတွက်ကြောင့် မြေအောက်ကို Pilot Hole နဲ့ Brace Drill လုပ်ကာ Capsul Recuse ကိုရက်ပေါင်း ၉၆ ရက်ကြာမြင့်ခဲ့ပါတယ် ၊ ကမ္ဘာကျော်တဲ့အထိကယ်ဆယ်ရေးစနစ်တွေဟာအောင်မြင်ခဲ့ကြတာကိုလည်းမြင်ခဲ့ကြားခဲ့ရပါတယ် ။

” မိုးကုတ်က ကျောက်တူးသမား တို့ဘဝ ကံကိုဘဲ……ယိုးမယ်ဖွဲ့လိုက်ကြပါ တော့ဗျာ

ကျွန်တော်တို့နိုင်ငံမှာတော့နိုင်ငံတော်အဆင့် ကယ်ဘို့နေနေသာသာ တိုင်းဒေသကြီးအဆင့်နဲ့တောင်ကယ်ဆယ်ဘို့အင်မတန်မလွယ်ကူတဲ့အဖြစ်ပါ ၊ လာရင်လည်းလူတွေချည်းရောက်လာပြီးအားပေးနှစ်သိမ့်ယုံမှတစ်ပါးအခြားမရှိကြပါဘူး ၊ ဒေသခံကယ်ဆယ်ရေးသမားတွေမှာ ခေတ်မှီအထောက်အကူပြု ယန္တယားပစ္စည်းပစ္စယတွေမရှိတာမို့ ကယ်ဆယ်ရေးသမားတွေကတော့မရှိ ရှိတဲ့ပစ္စည်းကရိယာတွေနဲ့အတတ်နိုင်ဆုံးကြိုးစားခဲ့ကြပါတယ်..သူတို့တွေကိုအပြစ်မမြင်ကြပါနဲ့…ဗျာ

တွင်းထဲမှာ ပိတ်မိနေကြတဲ့နှစ်ဦးကတော့ တွင်းလုပ်သားဖြစ်တဲ့ မြေမဲကျေးရွာက ဦးလှဝင်း ၊ အသက်( ၆၀ ) နှစ်နဲ့ ဦးငြိမ်းနိုင်အောင် (၄၇) နှစ်တို့ဖြစ်ကြပါတယ် ၊ သူတို့ရဲ့အခြေအနေတွေကိုတော့ အားလုံးကအသက်ရှင်လျှက်နဲ့ပြန်တွေ့လိုကြောင်းမျှော်လင့်နေကြပေမယ့်လည်း ကံကြမ္မာကမျက်နှာသာမပေးခဲ့ဘူး ၊

” မိုးကုတ်က ကျောက်တူးသမား တို့ဘဝ ကံကိုဘဲ……ယိုးမယ်ဖွဲ့လိုက်ကြပါ တော့ဗျာ

ဘာဘဲဖြစ်ဖြစ် ကံကိုဘဲယိုးမယ်ဖွဲ့ကြရတော့မှာပေါ့

” ဘာတတ်နိုင်မှာလဲ….. ကံစီမံရာပေါ့..ကွယ် ” ” အတိတ်ဘဝက ဝဋ်ကြွေးတွေကပါလာပြီကိုး ” ” တရားနဲ့သာ…ဖြေကြပါကွယ်.. “စသည်ဖြင့်အားပေးနှစ်သိမ့်စကားတွေနဲ့လူဘဝကို ဖြတ်သန်းကျင်လည်လာလိုက်ကြတာ ရိုးအီနေပါပြီ…

တစ်ခါတစ်လေမှာ ဒို့တစ်တွေလည်း မသေခင် ကမ္ဘာကျော်တဲ့ အောင်မြင်မှုမျိုးတွေကြားချင် မြင်ချင်လိုက်တာဗျာ.. လို့ မဆီမဆိုင် ခဏခဏဆုတောင်းမိပါတယ်ဗျာ..

မိသားစုများနှင့်အတူထပ်တူဝမ်းနည်းရပါသည်ဗျာ….

စည်သူမောင်

Photo Crd

Credit-SiTHu Maung ( လေးစားစွဖြင့် နပန်းဆံ )

Add a Comment

Your email address will not be published. Required fields are marked *