” အင္းစိန္ေထာင္ အတြင္း မွ ပရေလာကသားမ်ား ” ( ျဖစ္ရပ္မွန္ အပုိင္း – ( ၁ ) )

အခန္းဆက္ အဆံုးတြင္ Unicode ျဖင့္ ေဖာ္ျပေပးထားပါသည္ …….

ေထာင္ အတြင္းက ပရေလာက သားမ်ား အေၾကာင္း ကုိ ေရးမယ္လုိ႔ ဆုံးျဖတ္လုိက္တဲ့ အခါ သေဘာတူသူေရာ ၊ သေဘာမတူ သူေရာ မိတ္ေဆြေတြ ထဲမွာ ေပၚေပါက္လာပါတယ္။ တကယ္ေတာ့ ဒီအေၾကာင္း အရာဟာ အင္မတန္ ျငင္းခုန္စရာ ေကာင္း တဲ့ ေခါင္းစဥ္ျဖစ္ေနလုိ႔ပါပဲ ။ေခတ္စနစ္ေတြ ေျပာင္းလဲမႈနဲ႔အတူ လူေတြရဲ႕ ယုံၾကည္သက္၀င္မႈေတြဟာ လိႈင္းအမ်ိဳးမ်ိဳး သက္ေရာက္ ခံရၿပီးတဲ့ ေနာက္ မွာ အားေပ်ာ့သြား ပါတယ္ ။လူငယ္ ေခတ္ ပညာ တတ္ေတြကေတာ့ ဒီေခါင္းစဥ္ ကုိ သေဘာတူ ဖုိ႔ ခဲယဥ္းပါလိမ့္မယ္။ ကၽြန္ေတာ္လည္း ၂၁ ႏွစ္သား ေထာင္ထဲေရာက္ခါစမွာ ဒီအျမင္ကုိ စြဲကုိင္ခဲ့ပါတယ္။

ဒါေပမဲ့ ႏုိင္ငံေရး လိႈင္းတံပုိးေတြေၾကာင့္ ေသဒဏ္အပါအ၀င္ ေထာင္သုံးႀကိမ္က်ၿပီး ေထာင္ ေလးေထာင္ထဲမွာ ၁၁ ႏွစ္၊ ေျခာက္လ ၁၁ ရက္ ေနၿပီးတဲ့ ေနာက္မွာေတာ့ ကၽြန္ေတာ့္ရဲ႕ ယုံၾကည္ခ်က္တခ်ိဳ႕ ေျပာင္းလဲသြားပါတယ္။ျမန္မာႏုိင္ငံရဲ႕ ေထာင္ေတြသမုိင္းဟာ အဂၤလိပ္လက္ထက္ ကတည္းက စတင္ခဲ့တာျဖစ္ၿပီး ႏွစ္ေပါင္းရာေက်ာ္ ရာဇ၀င္ ရွိေနခဲ့ပါတယ္။ အေရွ႕ေတာင္အာရွရဲ႕ က်ယ္ေျပာတဲ့နယ္ေျမနဲ႔ ခမ္းနားတဲ့ယဥ္ေက်းမႈကုိ ပုိင္ဆုိင္ထားတဲ့ တုိင္းျပည္တစ္ခုမွာ ထူးဆန္းစြာပဲ ေနရာအႏွံ႔ ေထာင္ေတြအမ်ားႀကီး တည္ရွိေနခဲ့ပါတယ္။ လက္ရွိ အက်ဥ္းေထာင္ေပါင္း ၄၅ ေထာင္ရွိၿပီး က၊ ခ၊ ဂ အဆင့္ လုိက္ ခြဲျခားထားပါတယ္။

ဒီေထာင္ေတြထဲမွာ အင္းစိန္ေထာင္၊ စစ္ေတြေထာင္၊ ေမာ္လၿမိဳင္ေထာင္၊ ၿမိတ္ေထာင္နဲ႔ ပုသိမ္ေထာင္ေတြဟာ သက္တမ္းရင့္ေထာင္ေတြ ျဖစ္ပါတယ္။ဒီေထာင္ေတြဟာ (က) အဆင့္ ေထာင္ေတြျဖစ္တဲ့အတြက္ ႀကိဳးတုိက္နဲ႔ ႀကိဳးစင္ တည္ရွိတဲ့ေထာင္ေတြ ျဖစ္ပါတယ္။ ဒီႀကိဳးစင္ေတြဟာ ကၽြန္ေတာ္တုိ႔ ေထာင္ထဲေရာက္တဲ့ အခ်ိန္မွာ ေဟာင္းႏြမ္း ေဆြးေျမ့ သံေခ်းကုိက္ေနေပမယ့္ တစ္ခ်ိန္က ရာဇ၀တ္သားေတြကုိ ႀကိဳးေပးကြပ္ မ်က္ခဲ့တယ္ဆုိတဲ့ အခ်က္ ကေတာ့ ဖုံးကြယ္ထားလုိ႔ မရပါဘူး။

” အင္းစိန္ေထာင္ အတြင္း မွ ပရေလာကသားမ်ား ” ( ျဖစ္ရပ္မွန္ အပုိင္း – ( ၁ ) )

ျမန္မာႏုိင္ငံကုိ နယ္ခ်ဲ႕သိမ္းပုိက္ခဲ့တဲ့ အဂၤလိပ္ေတြဟာ သူတုိ႔ရဲ႕အုပ္စုိးမႈ ရွည္ၾကာခုိင္ၿမဲေစေရးအတြက္ ဦးစားေပး တည္ေဆာက္ ခဲ့တာကေတာ့ အေထြေထြ အုပ္ခ်ဳပ္ေရး႐ုံး၊ ရဲစခန္းနဲ႔ အက်ဥ္းေထာင္ေတြပဲ ျဖစ္ပါတယ္။ေအာက္ျမန္မာ ႏုိင္ငံကုိ သိမ္းပုိက္ၿပီးခါစမွာ ၿဗိတိသွ် ေနမ၀င္အင္ပါယာ ခုိင္ၿမဲေစဖုိ႔အတြက္ ၁၈၆၁ ခုႏွစ္မွာ ရန္ကုန္ေထာင္ႀကီးကုိ အရင္ ေဆာက္လုပ္ခဲ့တာပါ။ ၁၈၅၃ ခုႏွစ္၊ ပုဂံမင္းလက္ထက္ အဂၤလိပ္-ျမန္မာဒုတိယ စစ္ပြဲၿပီးခ်ိန္မွာ ရန္ကုန္ဟာ ၿဗိတိသွ် လက္ေအာက္ကုိ က်ေရာက္သြားပါတယ္။အညံ့မခံခ်င္တဲ့ ျမန္မာလူမ်ိဳးေတြဟာ အဂၤလိပ္ကုိ ျပန္လည္ေတာ္လွန္ တုိက္ခုိက္ တဲ့အတြက္ ၿငိမ္၀ပ္ပိျပားေစဖုိ႔ အက်ဥ္းေထာင္ဟာ အဂၤလိပ္အစုိးရအတြက္ အမ်ားႀကီး အေထာက္အပံ့ ျဖစ္ခဲ့ပါတယ္။

ျမန္မာ ေတာ္လွန္ေရးသမားေတြ ကုိ ထိန္းသိမ္းထားဖုိ႔အတြက္ ေထာင္သမုိင္းအရ ၁၈၆၄ ခုႏွစ္မွာ အဂၤလိပ္အစုိးရက အက်ဥ္းေထာင္ဌာနကုိ စတင္ဖြင့္လွစ္ခဲ့ပါတယ္။ အက်ဥ္းေထာင္ဌာနမွာရွိတဲ့ အက်ဥ္းသားေတြက စည္ပင္သာယာ အလုပ္ေတြလုိ႔ ေျပာရမယ့္ ၿမိဳ႕ရြာသန္႔ရွင္းေရးကုိ ေဆာင္ရြက္ ရပါတယ္။အဓိကကေတာ့ လူေတြမလုပ္ခ်င္တဲ့ မိလႅာအညစ္အေၾကးေတြကုိ သန္႔ရွင္းရတဲ့အလုပ္ပဲ ျဖစ္ပါတယ္။ သီေပါမင္းတရားႀကီး ပါေတာ္မူ သြားၿပီးတဲ့ေနာက္ ေလးႏွစ္အၾကာ ၁၈၈၉ ခုႏွစ္ အေရာက္ အေရွ႕ေတာင္အာရွမွာ အႀကီးဆုံးလုိ႔ ဆုိႏုိင္မယ့္ အင္းစိန္အက်ဥ္းေထာင္ႀကီးကုိ တုိင္ကပ္နာရီ ပုံစံအတုိင္း ေဆာက္လုပ္ခဲ့ပါတယ္။

အင္းစိန္ေထာင္ မေဆာက္ခင္က အင္းစိန္ဟာ ၿမိဳ႕မျဖစ္ေသးဘဲ ရြာမ(အင္းစိန္ရြာမ) ဆုိတဲ့ ရြာတစ္ရြာပဲ ရွိပါတယ္။ ဒီရြာႀကီးမွာ သစ္ေတာေတြ ဖုံးလႊမ္းေနၿပီး မဂၤလာဒုံေတာနဲ႔ ဆက္စပ္ေနခဲ့ပါတယ္။ အင္းစိန္ေထာင္ကုိ သုံးႏွစ္ၾကာ တည္ေဆာက္ခဲ့ရၿပီး ၁၈၉၂ ခု၊ ဇူလုိင္လမွာ ဖြင့္လွစ္ခဲ့ပါတယ္။အခုဆုိရင္ အင္းစိန္ေထာင္ဟာ ၁၂၆ ႏွစ္ သက္တမ္း ရွိေနခဲ့ပါၿပီ။ အင္းစိန္ေထာင္ကုိ ရန္ကုန္ေထာင္က က်သစ္လုိ႔ေခၚတဲ့ အက်ဥ္းသား ၄၀၀ ကုိ ေခၚယူၿပီး ေဆာက္လုပ္ေရး လုပ္သားအျဖစ္ အသုံးျပဳခဲ့တာျဖစ္ပါတယ္။

ေထာင္ရဲ႕ အေရွ႕ဘက္မွာ ၀န္ထမ္းတန္းလ်ားေတြ ေဆာက္ၿပီး ပလိပ္ေတြကုိ ေစာင့္ၾကပ္ေစခဲ့တယ္လုိ႔ သိရပါတယ္။ အဲဒီအခ်ိန္က ေထာင္အလုပ္လုပ္တဲ့ လူမ်ိဳးက အိႏိ္ၵယက ေရာက္လာတဲ့ ဟိႏၵဴလူမ်ိဳး ေတြသာျဖစ္ပါတယ္။ အင္းစိန္ေထာင္ဟာ အုတ္႐ုိး ႏွစ္ထပ္ရွိၿပီး အျပင္အုတ္႐ုိးက ၁၈ ေပ၊ အတြင္း အုတ္႐ုိးက ၇ ေပ ျမင့္ပါတယ္။အတြင္းအုတ္႐ုိးနဲ႔ အျပင္အုတ္႐ုိးၾကားမွာ ေပ ၂၀၀ ေလာက္ ျခားထားၿပီး အက်ဥ္းသားေတြ စားဖုိ႔အတြက္ မုံညႇင္း၊ ခ်ဥ္ေပါင္၊ မုန္လာ၊ ခရမ္း၊ ဟင္းႏုႏြယ္ စတာေတြ စုိက္ပါတယ္။ ညဘက္မွာ အုတ္႐ုိးႏွစ္ခုၾကားကုိ ေထာင္၀ါဒါေတြနဲ႔ ေလ့က်င့္ေမြးျမဴထားတဲ့ စစ္ေခြးေတြက နာရီျခားအလုိက္ ကင္းလွည့္ေလ့ရွိပါတယ္။ေရွးေဟာင္း တုိင္ကပ္နာရီရဲ႕ ဒုိင္ခြက္ ပုံစံထဲမွာ အက်ဥ္းသားအိပ္ေဆာင္ေတြကုိ ႏွစ္ထပ္တုိက္ပုံစံ တည္ေဆာက္ထားပါတယ္။ အိပ္ေဆာင္ေတြရဲ႕ အလယ္ တည့္တည့္မွာ မိန္းေဂ်းလ္လုိ႔ေခၚတဲ့ ေထာင္အုပ္ခ်ဳပ္ေရး ႐ုံးခန္းနဲ႔ အတူ ၆၃ ေပ ျမင့္တဲ့ ကင္းေမွ်ာ္စင္ႀကီး ရွိပါတယ္။

” အင္းစိန္ေထာင္ အတြင္း မွ ပရေလာကသားမ်ား ” ( ျဖစ္ရပ္မွန္ အပုိင္း – ( ၁ ) )

ကင္းေမွ်ာ္စင္ ႀကီးေပၚမွာ ေမာင္းျပန္ေသနတ္ ကုိင္ေဆာင္ထားတဲ့ ေထာင္၀ါဒါေတြဟာ အလွည့္က်ကင္းေစာင့္ၿပီး အားေကာင္းတဲ့ မီးေမာင္းႀကီးေတြနဲ႔လည္း ေထာင္အုတ္႐ုိးေတြကုိ စစ္ေဆးရပါတယ္။ယခင္က ကင္းေမွ်ာ္စင္ကုိပတ္ၿပီး အက်ဥ္းသားေတြ စားဖုိ႔ စားဖုိေဆာင္ တည္ေဆာက္ထားပါတယ္။ ေဘးပတ္လည္မွာရွိတဲ့ အေဆာင္ေတြက အက်ဥ္းသား၊ အခ်ဳပ္သားေတြဟာ ထမင္းစားခ်ိန္မွာ တစ္ေဆာင္ခ်င္းဆီထြက္ၿပီး မိန္းေဂ်းလ္ေမွ်ာ္စင္ေအာက္မွာ ထမင္းပုံစံေတြ တန္းစီ ယူဖုိ႔ စီစဥ္ထားပါတယ္။ေနာက္ေတာ့ အက်ဥ္းသားေတြကုိ ခ်က္ေကၽြးရတာ ေနရာက်ဥ္းတဲ့အတြက္ ေထာင္ေဆး႐ုံနဲ႔ ၅ ေဆာင္ၾကားက ေျမကြက္လပ္ကုိ ေျပာင္းေရႊ႕သြားပါတယ္။ မိန္းေဂ်းလ္ေမွ်ာ္စင္ ပထမထပ္ေလာက္မွာ ဘုရားအေသးတစ္ဆူ တည္ထားပါတယ္။

အစဥ္အဆက္ လက္ဆင့္ကမ္းလာတဲ့ အဆုိအရ မိန္းေဂ်းလ္ကေန ေထာင္ဗူး၀ကုိ လြတ္ေျမာက္သြားတဲ့ အက်ဥ္းသားဟာ ေနာက္ျပန္လွည့္ၾကည့္ၿပီး ဒီဘုရားေလးကုိဖူးရင္ ေနာက္တစ္ေခါက္ ျပန္ေရာက္လာတတ္တယ္ ဆုိတဲ့ ယုံၾကည္စြဲလမ္းမႈတစ္ခု ရွိပါတယ္။ဒါေၾကာင့္ လြတ္သြားတဲ့ အက်ဥ္းသားေတြဟာ မိန္းေဂ်းလ္လမ္း ေပၚေရာက္ရင္ ေနာက္ကုိ ဘယ္ေတာ့မွ လွည့္ၾကည့္ေလ့ မရွိပါဘူး။ ေထာင္ဗူး၀ကေန မိမိ ေနရမယ့္ အေဆာင္ေတြကုိ သြားေရာက္ရာမွာ တံခါးအဆင့္ဆင့္ကုိ ျဖတ္ရပါတယ္။အိပ္ေဆာင္ေတြ တစ္ေဆာင္နဲ႔ တစ္ေဆာင္ၾကားမွာ အလြယ္တကူေက်ာ္ၿပီး မသြားႏုိင္ေအာင္လုိ႔ တစ္ေဆာင္နဲ႔ တစ္ေဆာင္ ၾကားမွာ ၇ ေပ ျမင့္တဲ့ အုတ္႐ုိးေတြကုိ ကာရံထားပါတယ္။ ဗူးတံခါးမွာ တံခါးမႀကီး ႏွစ္ခ်ပ္ရွိေပမယ့္ ေထာင္ပုိင္ႀကီးနဲ႔ အက်ဥ္းေထာင္ အရာရွိႀကီးေတြ လာမွသာ ဖြင့္ေပးေလ့ရွိပါတယ္။

က်န္တဲ့သူေတြကေတာ့ လူတစ္ကုိယ္စာ တံခါးေပါက္ ေလး ကေန ေခါင္းငုံ႔၀င္ရပါတယ္။ အက်ဥ္းေထာင္ထဲက တံခါးေတြဟာ သာမန္လူတစ္ေယာက္ ေခ်ာင္ေခ်ာင္ခ်ိခ်ိ ၀င္လုိ႔ရ တာထက္ ပုိက်ဥ္းေအာင္ တည္ေဆာက္ထားပါတယ္။ အျမင့္ကုိလည္း ေအာက္ဘက္ အေတာ္နိမ့္ထားပါတယ္။ဒါေၾကာင့္ တံခါးတစ္ေပါက္ျဖတ္တုိင္း အက်ဥ္းသားေတြဟာ ေခါင္းငုံ႔ၿပီး ၀င္ရေလ့ရွိပါတယ္။ ေထာင္ဗူး၀ကေန မိမိအိပ္ေဆာင္အထိ ဘယ္အေပါက္က ၀င္၀င္ တံခါးကုိးေပါက္ကုိ ျဖတ္ၿပီးမွ ေရာက္ၾကရတာခ်ည္းပါပဲ။ ေထာင္သမၻာေတြရဲ႕ အဆုိအရ ဒီလုိမ်ိဳး ျဖစ္ေအာင္ အဂၤလိပ္ေတြက အင္း၊ အိုင္၊ မႏၲန္၊ ဂါထာ၊ ယႏၲရားေတြနဲ႔ အစီအမံေတြနဲ႔ တမင္လုပ္ထားတာလုိ႔ သိရပါတယ္။

ေထာင္ထဲကုိ ၀င္လာလာခ်င္း တံခါးအုတ္႐ုိးေတြမွာ အင္းေတြျမႇဳပ္ထားၿပီး ေခါင္းငုံ႔၀င္ရတုိင္း မိမိမွာရွိတဲ့ ဘုန္း၊ သမၻာေတြ ယုတ္ေလ်ာ့သြားေအာင္ စီစဥ္ထားတယ္လုိ႔ ဆုိပါတယ္။ေထာင္က်အက်ဥ္းသားေတြဟာ ကုိယ္ေရးရာဇ၀င္ မွတ္ပုံတင္တဲ့ အခါမွာလည္း ကုိယ့္နာမည္ကုိယ္ ဦးေတြ၊ ေဒၚေတြ၊ ေမာင္ေတြ၊ မေတြ တပ္မေခၚရပါဘူး။ ေထာင္၀ါဒါေတြကလည္း မည္သည့္အက်ဥ္းသားမဆုိ အသက္ငယ္သည္ျဖစ္ေစ၊ အသက္ႀကီးသည္ျဖစ္ေစ၊ ဦးေတြေမာင္ေတြ တပ္ေခၚေလ့မရွိပါဘူး။ေထာင္ထဲကုိ ေရာက္စက ဒီလုိ ေခၚေျပာဆက္ဆံပုံဟာ ႐ုိင္းတယ္လုိ႔ ထင္ေပမယ့္ အဂၤလိပ္လက္ထက္ ကတည္းက အစြမ္းရွိတဲ့ျမန္မာနယ္ခ်ဲ႕ ေတာ္လွန္ေရးသမားေတြကုိ တမင္နံႏွိမ္ၿပီး ေခၚတာလုိ႔ သိရပါတယ္။ ေခတ္သမုိင္းအဆက္ဆက္ အင္းစိန္ေထာင္အတြင္းက အုတ္႐ုိးေက်ာ္ၿပီး ထြက္ေျပးဖုိ႔ ႀကိဳးစားတဲ့ အက်ဥ္းသားေတြ ရွိခဲ့ပါတယ္။ဒါေပမယ့္ ပထမ အုတ္႐ုိးကုိသာ အလြယ္တကူ ေက်ာ္ႏုိင္ၿပီး ၁၈ ေပျမင့္တဲ့ ဒုတိယ အုတ္႐ုိးေရာက္လာရင္ အကုန္လွန္ၿပီး ေနာက္ျပန္က်တာ ပဲလုိ႔ သိရပါတယ္။

တစ္ခါက ေစာင္ကုိ ေရစြတ္ ၿပီး အုတ္႐ုိးကုိ ကပ္ေက်ာ္တက္ ဖုိ႔ ႀကိဳးစားတဲ့ အက်ဥ္းသားႏွစ္ ေယာက္ဟာ ဒုတိယအုတ္႐ုိး အေပၚေရာက္မွ လက္ဆုပ္လက္ကုိင္ မျမင္ရတဲ့ တစ္စုံတစ္ရာက ျပန္တြန္းခ်လုိ႔ အုတ္႐ုိးေပၚက အုတ္ခဲေတြ ၿပိဳက်ၿပီး ေထာင္၀ါဒါေတြ မိသြားခဲ့တဲ့ အျဖစ္အပ်က္ တစ္ခုရွိခဲ့ပါတယ္။ဒီလုိ အံ့ၾသစရာ ထူးျခားမႈေတြနဲ႔ ျပည့္ႏွက္ေနတဲ့ အင္းစိန္ အက်ဥ္းေထာင္ႀကီးမွာ ကုိယ္ေတြ႕ ပရေလာကသားေတြရဲ႕ အက်ီစားခံ အေႏွာက္အယွက္ခံခဲ့ရတဲ့ အက်ဥ္းသားေတြလည္း ရွိခဲ့ပါတယ္။

သူတုိ႔ေတြ ေျပာျပခဲ့တဲ့ ေထာင္အတြင္းက လွ်ိဳ႕၀ွက္ဆန္း ၾကယ္ေသာ အျဖစ္အပ်က္ေပါင္း မ်ားစြာထဲမွာ “ဂႏၲ၀င္စိမ္း” ဆုိ တဲ့ အျဖစ္အပ်က္ေလးကေတာ့ အခုဆုိရင္ ႏွစ္ေပါင္း ၃၀ နီးပါး ၾကာျမင့္သြားၿပီျဖစ္ပါတယ္။

တကယ္ေတာ့ ဂႏၲ၀င္စိမ္း ဆုိတာ …..။

ဆက္လက္ေဖာ္ျပပါမည္။

Credit – ေဇာ္သက္ေထြး, ( ေလးစားစြာျဖင့္ နပန္းဆံ )

အပိုင္း ၂ ကို ေန႔စဥ္ ည ၉ နာရီအခ်ိန္ တြင္ တင္ဆက္ေပးသြားပါမည္ ခင္ဗ်ာ …ေစာင့္ေမွ်ာ္ဖတ္ရႈေပးမႈကို ေက်းဇူးတင္ပါသည္…

” အင္းစိန္ေထာင္ အတြင္း မွ ပရေလာကသားမ်ား ” ( ျဖစ္ရပ္မွန္ အပုိင္း – ( ၂ ) )

Unicode

ထောင် အတွင်းက ပရလောက သားများ အကြောင်း ကို ရေးမယ်လို့ ဆုံးဖြတ်လိုက်တဲ့ အခါ သဘောတူသူရော ၊ သဘောမတူ သူရော မိတ်ဆွေတွေ ထဲမှာ ပေါ်ပေါက်လာပါတယ်။ တကယ်တော့ ဒီအကြောင်း အရာဟာ အင်မတန် ငြင်းခုန်စရာ ကောင်း တဲ့ ခေါင်းစဉ်ဖြစ်နေလို့ပါပဲ ။ခေတ်စနစ်တွေ ပြောင်းလဲမှုနဲ့အတူ လူတွေရဲ့ ယုံကြည်သက်ဝင်မှုတွေဟာ လှိုင်းအမျိုးမျိုး သက်ရောက် ခံရပြီးတဲ့ နောက် မှာ အားပျော့သွား ပါတယ် ။လူငယ် ခေတ် ပညာ တတ်တွေကတော့ ဒီခေါင်းစဉ် ကို သဘောတူ ဖို့ ခဲယဉ်းပါလိမ့်မယ်။ ကျွန်တော်လည်း ၂၁ နှစ်သား ထောင်ထဲရောက်ခါစမှာ ဒီအမြင်ကို စွဲကိုင်ခဲ့ပါတယ်။

ဒါပေမဲ့ နိုင်ငံရေး လှိုင်းတံပိုးတွေကြောင့် သေဒဏ်အပါအဝင် ထောင်သုံးကြိမ်ကျပြီး ထောင် လေးထောင်ထဲမှာ ၁၁ နှစ်၊ ခြောက်လ ၁၁ ရက် နေပြီးတဲ့ နောက်မှာတော့ ကျွန်တော့်ရဲ့ ယုံကြည်ချက်တချို့ ပြောင်းလဲသွားပါတယ်။မြန်မာနိုင်ငံရဲ့ ထောင်တွေသမိုင်းဟာ အင်္ဂလိပ်လက်ထက် ကတည်းက စတင်ခဲ့တာဖြစ်ပြီး နှစ်ပေါင်းရာကျော် ရာဇဝင် ရှိနေခဲ့ပါတယ်။ အရှေ့တောင်အာရှရဲ့ ကျယ်ပြောတဲ့နယ်မြေနဲ့ ခမ်းနားတဲ့ယဉ်ကျေးမှုကို ပိုင်ဆိုင်ထားတဲ့ တိုင်းပြည်တစ်ခုမှာ ထူးဆန်းစွာပဲ နေရာအနှံ့ ထောင်တွေအများကြီး တည်ရှိနေခဲ့ပါတယ်။ လက်ရှိ အကျဉ်းထောင်ပေါင်း ၄၅ ထောင်ရှိပြီး က၊ ခ၊ ဂ အဆင့် လိုက် ခွဲခြားထားပါတယ်။

ဒီထောင်တွေထဲမှာ အင်းစိန်ထောင်၊ စစ်တွေထောင်၊ မော်လမြိုင်ထောင်၊ မြိတ်ထောင်နဲ့ ပုသိမ်ထောင်တွေဟာ သက်တမ်းရင့်ထောင်တွေ ဖြစ်ပါတယ်။ဒီထောင်တွေဟာ (က) အဆင့် ထောင်တွေဖြစ်တဲ့အတွက် ကြိုးတိုက်နဲ့ ကြိုးစင် တည်ရှိတဲ့ထောင်တွေ ဖြစ်ပါတယ်။ ဒီကြိုးစင်တွေဟာ ကျွန်တော်တို့ ထောင်ထဲရောက်တဲ့ အချိန်မှာ ဟောင်းနွမ်း ဆွေးမြေ့ သံချေးကိုက်နေပေမယ့် တစ်ချိန်က ရာဇဝတ်သားတွေကို ကြိုးပေးကွပ် မျက်ခဲ့တယ်ဆိုတဲ့ အချက် ကတော့ ဖုံးကွယ်ထားလို့ မရပါဘူး။

မြန်မာနိုင်ငံကို နယ်ချဲ့သိမ်းပိုက်ခဲ့တဲ့ အင်္ဂလိပ်တွေဟာ သူတို့ရဲ့အုပ်စိုးမှု ရှည်ကြာခိုင်မြဲစေရေးအတွက် ဦးစားပေး တည်ဆောက် ခဲ့တာကတော့ အထွေထွေ အုပ်ချုပ်ရေးရုံး၊ ရဲစခန်းနဲ့ အကျဉ်းထောင်တွေပဲ ဖြစ်ပါတယ်။အောက်မြန်မာ နိုင်ငံကို သိမ်းပိုက်ပြီးခါစမှာ ဗြိတိသျှ နေမဝင်အင်ပါယာ ခိုင်မြဲစေဖို့အတွက် ၁၈၆၁ ခုနှစ်မှာ ရန်ကုန်ထောင်ကြီးကို အရင် ဆောက်လုပ်ခဲ့တာပါ။ ၁၈၅၃ ခုနှစ်၊ ပုဂံမင်းလက်ထက် အင်္ဂလိပ်-မြန်မာဒုတိယ စစ်ပွဲပြီးချိန်မှာ ရန်ကုန်ဟာ ဗြိတိသျှ လက်အောက်ကို ကျရောက်သွားပါတယ်။အညံ့မခံချင်တဲ့ မြန်မာလူမျိုးတွေဟာ အင်္ဂလိပ်ကို ပြန်လည်တော်လှန် တိုက်ခိုက် တဲ့အတွက် ငြိမ်ဝပ်ပိပြားစေဖို့ အကျဉ်းထောင်ဟာ အင်္ဂလိပ်အစိုးရအတွက် အများကြီး အထောက်အပံ့ ဖြစ်ခဲ့ပါတယ်။

မြန်မာ တော်လှန်ရေးသမားတွေ ကို ထိန်းသိမ်းထားဖို့အတွက် ထောင်သမိုင်းအရ ၁၈၆၄ ခုနှစ်မှာ အင်္ဂလိပ်အစိုးရက အကျဉ်းထောင်ဌာနကို စတင်ဖွင့်လှစ်ခဲ့ပါတယ်။ အကျဉ်းထောင်ဌာနမှာရှိတဲ့ အကျဉ်းသားတွေက စည်ပင်သာယာ အလုပ်တွေလို့ ပြောရမယ့် မြို့ရွာသန့်ရှင်းရေးကို ဆောင်ရွက် ရပါတယ်။အဓိကကတော့ လူတွေမလုပ်ချင်တဲ့ မိလ္လာအညစ်အကြေးတွေကို သန့်ရှင်းရတဲ့အလုပ်ပဲ ဖြစ်ပါတယ်။ သီပေါမင်းတရားကြီး ပါတော်မူ သွားပြီးတဲ့နောက် လေးနှစ်အကြာ ၁၈၈၉ ခုနှစ် အရောက် အရှေ့တောင်အာရှမှာ အကြီးဆုံးလို့ ဆိုနိုင်မယ့် အင်းစိန်အကျဉ်းထောင်ကြီးကို တိုင်ကပ်နာရီ ပုံစံအတိုင်း ဆောက်လုပ်ခဲ့ပါတယ်။

အင်းစိန်ထောင် မဆောက်ခင်က အင်းစိန်ဟာ မြို့မဖြစ်သေးဘဲ ရွာမ(အင်းစိန်ရွာမ) ဆိုတဲ့ ရွာတစ်ရွာပဲ ရှိပါတယ်။ ဒီရွာကြီးမှာ သစ်တောတွေ ဖုံးလွှမ်းနေပြီး မင်္ဂလာဒုံတောနဲ့ ဆက်စပ်နေခဲ့ပါတယ်။ အင်းစိန်ထောင်ကို သုံးနှစ်ကြာ တည်ဆောက်ခဲ့ရပြီး ၁၈၉၂ ခု၊ ဇူလိုင်လမှာ ဖွင့်လှစ်ခဲ့ပါတယ်။အခုဆိုရင် အင်းစိန်ထောင်ဟာ ၁၂၆ နှစ် သက်တမ်း ရှိနေခဲ့ပါပြီ။ အင်းစိန်ထောင်ကို ရန်ကုန်ထောင်က ကျသစ်လို့ခေါ်တဲ့ အကျဉ်းသား ၄၀၀ ကို ခေါ်ယူပြီး ဆောက်လုပ်ရေး လုပ်သားအဖြစ် အသုံးပြုခဲ့တာဖြစ်ပါတယ်။

ထောင်ရဲ့ အရှေ့ဘက်မှာ ဝန်ထမ်းတန်းလျားတွေ ဆောက်ပြီး ပလိပ်တွေကို စောင့်ကြပ်စေခဲ့တယ်လို့ သိရပါတယ်။ အဲဒီအချိန်က ထောင်အလုပ်လုပ်တဲ့ လူမျိုးက အိန္ဒိယက ရောက်လာတဲ့ ဟိန္ဒူလူမျိုး တွေသာဖြစ်ပါတယ်။ အင်းစိန်ထောင်ဟာ အုတ်ရိုး နှစ်ထပ်ရှိပြီး အပြင်အုတ်ရိုးက ၁၈ ပေ၊ အတွင်း အုတ်ရိုးက ၇ ပေ မြင့်ပါတယ်။အတွင်းအုတ်ရိုးနဲ့ အပြင်အုတ်ရိုးကြားမှာ ပေ ၂၀၀ လောက် ခြားထားပြီး အကျဉ်းသားတွေ စားဖို့အတွက် မုံညှင်း၊ ချဉ်ပေါင်၊ မုန်လာ၊ ခရမ်း၊ ဟင်းနုနွယ် စတာတွေ စိုက်ပါတယ်။ ညဘက်မှာ အုတ်ရိုးနှစ်ခုကြားကို ထောင်ဝါဒါတွေနဲ့ လေ့ကျင့်မွေးမြူထားတဲ့ စစ်ခွေးတွေက နာရီခြားအလိုက် ကင်းလှည့်လေ့ရှိပါတယ်။ရှေးဟောင်း တိုင်ကပ်နာရီရဲ့ ဒိုင်ခွက် ပုံစံထဲမှာ အကျဉ်းသားအိပ်ဆောင်တွေကို နှစ်ထပ်တိုက်ပုံစံ တည်ဆောက်ထားပါတယ်။ အိပ်ဆောင်တွေရဲ့ အလယ် တည့်တည့်မှာ မိန်းဂျေးလ်လို့ခေါ်တဲ့ ထောင်အုပ်ချုပ်ရေး ရုံးခန်းနဲ့ အတူ ၆၃ ပေ မြင့်တဲ့ ကင်းမျှော်စင်ကြီး ရှိပါတယ်။

ကင်းမျှော်စင် ကြီးပေါ်မှာ မောင်းပြန်သေနတ် ကိုင်ဆောင်ထားတဲ့ ထောင်ဝါဒါတွေဟာ အလှည့်ကျကင်းစောင့်ပြီး အားကောင်းတဲ့ မီးမောင်းကြီးတွေနဲ့လည်း ထောင်အုတ်ရိုးတွေကို စစ်ဆေးရပါတယ်။ယခင်က ကင်းမျှော်စင်ကိုပတ်ပြီး အကျဉ်းသားတွေ စားဖို့ စားဖိုဆောင် တည်ဆောက်ထားပါတယ်။ ဘေးပတ်လည်မှာရှိတဲ့ အဆောင်တွေက အကျဉ်းသား၊ အချုပ်သားတွေဟာ ထမင်းစားချိန်မှာ တစ်ဆောင်ချင်းဆီထွက်ပြီး မိန်းဂျေးလ်မျှော်စင်အောက်မှာ ထမင်းပုံစံတွေ တန်းစီ ယူဖို့ စီစဉ်ထားပါတယ်။နောက်တော့ အကျဉ်းသားတွေကို ချက်ကျွေးရတာ နေရာကျဉ်းတဲ့အတွက် ထောင်ဆေးရုံနဲ့ ၅ ဆောင်ကြားက မြေကွက်လပ်ကို ပြောင်းရွှေ့သွားပါတယ်။ မိန်းဂျေးလ်မျှော်စင် ပထမထပ်လောက်မှာ ဘုရားအသေးတစ်ဆူ တည်ထားပါတယ်။

အစဉ်အဆက် လက်ဆင့်ကမ်းလာတဲ့ အဆိုအရ မိန်းဂျေးလ်ကနေ ထောင်ဗူးဝကို လွတ်မြောက်သွားတဲ့ အကျဉ်းသားဟာ နောက်ပြန်လှည့်ကြည့်ပြီး ဒီဘုရားလေးကိုဖူးရင် နောက်တစ်ခေါက် ပြန်ရောက်လာတတ်တယ် ဆိုတဲ့ ယုံကြည်စွဲလမ်းမှုတစ်ခု ရှိပါတယ်။ဒါကြောင့် လွတ်သွားတဲ့ အကျဉ်းသားတွေဟာ မိန်းဂျေးလ်လမ်း ပေါ်ရောက်ရင် နောက်ကို ဘယ်တော့မှ လှည့်ကြည့်လေ့ မရှိပါဘူး။ ထောင်ဗူးဝကနေ မိမိ နေရမယ့် အဆောင်တွေကို သွားရောက်ရာမှာ တံခါးအဆင့်ဆင့်ကို ဖြတ်ရပါတယ်။အိပ်ဆောင်တွေ တစ်ဆောင်နဲ့ တစ်ဆောင်ကြားမှာ အလွယ်တကူကျော်ပြီး မသွားနိုင်အောင်လို့ တစ်ဆောင်နဲ့ တစ်ဆောင် ကြားမှာ ၇ ပေ မြင့်တဲ့ အုတ်ရိုးတွေကို ကာရံထားပါတယ်။ ဗူးတံခါးမှာ တံခါးမကြီး နှစ်ချပ်ရှိပေမယ့် ထောင်ပိုင်ကြီးနဲ့ အကျဉ်းထောင် အရာရှိကြီးတွေ လာမှသာ ဖွင့်ပေးလေ့ရှိပါတယ်။

ကျန်တဲ့သူတွေကတော့ လူတစ်ကိုယ်စာ တံခါးပေါက် လေး ကနေ ခေါင်းငုံ့ဝင်ရပါတယ်။ အကျဉ်းထောင်ထဲက တံခါးတွေဟာ သာမန်လူတစ်ယောက် ချောင်ချောင်ချိချိ ဝင်လို့ရ တာထက် ပိုကျဉ်းအောင် တည်ဆောက်ထားပါတယ်။ အမြင့်ကိုလည်း အောက်ဘက် အတော်နိမ့်ထားပါတယ်။ဒါကြောင့် တံခါးတစ်ပေါက်ဖြတ်တိုင်း အကျဉ်းသားတွေဟာ ခေါင်းငုံ့ပြီး ဝင်ရလေ့ရှိပါတယ်။ ထောင်ဗူးဝကနေ မိမိအိပ်ဆောင်အထိ ဘယ်အပေါက်က ဝင်ဝင် တံခါးကိုးပေါက်ကို ဖြတ်ပြီးမှ ရောက်ကြရတာချည်းပါပဲ။ ထောင်သမ္ဘာတွေရဲ့ အဆိုအရ ဒီလိုမျိုး ဖြစ်အောင် အင်္ဂလိပ်တွေက အင်း၊ အိုင်၊ မန္တန်၊ ဂါထာ၊ ယန္တရားတွေနဲ့ အစီအမံတွေနဲ့ တမင်လုပ်ထားတာလို့ သိရပါတယ်။

ထောင်ထဲကို ဝင်လာလာချင်း တံခါးအုတ်ရိုးတွေမှာ အင်းတွေမြှုပ်ထားပြီး ခေါင်းငုံ့ဝင်ရတိုင်း မိမိမှာရှိတဲ့ ဘုန်း၊ သမ္ဘာတွေ ယုတ်လျော့သွားအောင် စီစဉ်ထားတယ်လို့ ဆိုပါတယ်။ထောင်ကျအကျဉ်းသားတွေဟာ ကိုယ်ရေးရာဇဝင် မှတ်ပုံတင်တဲ့ အခါမှာလည်း ကိုယ့်နာမည်ကိုယ် ဦးတွေ၊ ဒေါ်တွေ၊ မောင်တွေ၊ မတွေ တပ်မခေါ်ရပါဘူး။ ထောင်ဝါဒါတွေကလည်း မည်သည့်အကျဉ်းသားမဆို အသက်ငယ်သည်ဖြစ်စေ၊ အသက်ကြီးသည်ဖြစ်စေ၊ ဦးတွေမောင်တွေ တပ်ခေါ်လေ့မရှိပါဘူး။ထောင်ထဲကို ရောက်စက ဒီလို ခေါ်ပြောဆက်ဆံပုံဟာ ရိုင်းတယ်လို့ ထင်ပေမယ့် အင်္ဂလိပ်လက်ထက် ကတည်းက အစွမ်းရှိတဲ့မြန်မာနယ်ချဲ့ တော်လှန်ရေးသမားတွေကို တမင်နံနှိမ်ပြီး ခေါ်တာလို့ သိရပါတယ်။ ခေတ်သမိုင်းအဆက်ဆက် အင်းစိန်ထောင်အတွင်းက အုတ်ရိုးကျော်ပြီး ထွက်ပြေးဖို့ ကြိုးစားတဲ့ အကျဉ်းသားတွေ ရှိခဲ့ပါတယ်။ဒါပေမယ့် ပထမ အုတ်ရိုးကိုသာ အလွယ်တကူ ကျော်နိုင်ပြီး ၁၈ ပေမြင့်တဲ့ ဒုတိယ အုတ်ရိုးရောက်လာရင် အကုန်လှန်ပြီး နောက်ပြန်ကျတာ ပဲလို့ သိရပါတယ်။

တစ်ခါက စောင်ကို ရေစွတ် ပြီး အုတ်ရိုးကို ကပ်ကျော်တက် ဖို့ ကြိုးစားတဲ့ အကျဉ်းသားနှစ် ယောက်ဟာ ဒုတိယအုတ်ရိုး အပေါ်ရောက်မှ လက်ဆုပ်လက်ကိုင် မမြင်ရတဲ့ တစ်စုံတစ်ရာက ပြန်တွန်းချလို့ အုတ်ရိုးပေါ်က အုတ်ခဲတွေ ပြိုကျပြီး ထောင်ဝါဒါတွေ မိသွားခဲ့တဲ့ အဖြစ်အပျက် တစ်ခုရှိခဲ့ပါတယ်။ဒီလို အံ့သြစရာ ထူးခြားမှုတွေနဲ့ ပြည့်နှက်နေတဲ့ အင်းစိန် အကျဉ်းထောင်ကြီးမှာ ကိုယ်တွေ့ ပရလောကသားတွေရဲ့ အကျီစားခံ အနှောက်အယှက်ခံခဲ့ရတဲ့ အကျဉ်းသားတွေလည်း ရှိခဲ့ပါတယ်။

သူတို့တွေ ပြောပြခဲ့တဲ့ ထောင်အတွင်းက လျှို့ဝှက်ဆန်း ကြယ်သော အဖြစ်အပျက်ပေါင်း များစွာထဲမှာ “ဂန္တဝင်စိမ်း” ဆို တဲ့ အဖြစ်အပျက်လေးကတော့ အခုဆိုရင် နှစ်ပေါင်း ၃၀ နီးပါး ကြာမြင့်သွားပြီဖြစ်ပါတယ်။

တကယ်တော့ ဂန္တဝင်စိမ်း ဆိုတာ …..။

ဆက်လက်ဖော်ပြပါမည်။

Credit – ဇော်သက်ထွေး, ( လေးစားစွာဖြင့် နပန်းဆံ )

အပိုင်း ၂ ကို နေ့စဉ် ည ၉ နာရီအချိန် တွင် တင်ဆက်ပေးသွားပါမည် ခင်ဗျာ …စောင့်မျှော်ဖတ်ရှုပေးမှုကို ကျေးဇူးတင်ပါသည်…

” အင္းစိန္ေထာင္ အတြင္း မွ ပရေလာကသားမ်ား ” ( ျဖစ္ရပ္မွန္ အပုိင္း – ( ၂ ) )

Add a Comment

Your email address will not be published. Required fields are marked *