မြန်မာနိုင်ငံ ထဲကို ဝင်လာခဲ့ပေမဲ့ ဂျင်းမိကာ ဖုန်ရူရင်း ဘ၀ပြောင်းသွားရှာသော ကိုရိုနာဗိုင်းရပ်
“ဖုန်ရှူလိုက် ဟျောင်”…
Unicode
တကယ် က corona virus မြန်မာကို မဝင်တာ မဟုတ်ဘူး။ တရုတ်မှာ စဖြစ်ကတည်း ကမြန်မာပြည်ရောက်လာတာပဲ..
ကလေးက အစ လူကြီးအဆုံး Virus က အဆုတ်ထဲ တန်းတိုးပလိုက်တာ ဒါပေမယ့် corona virus အတွက် မှားသွားတယ်.မှန်းချက်နဲ့ နှမ်းထွက် မကိုက်ပဲ Corona virus အသက်ရှူကြပ်ပြီးနေရာမှာတင် ပွဲချင်းပြီးသွားတာပဲ. ကြူးမီးငှား… တရုတ်ပိုး ဆိုတော့ တရုတ်လို အော်ပြီး ဂစ်သွားတာ..
ဖြစ်စဉ် က ဒီလို…..ပိုးက မြန်မာပြည်က လူတွေရဲ့ အဆုတ်ထဲ အလွယ်တကူပဲ ဝင်သွားတာ…ဝင်သွားတုန်းကတော့ အကောင်းပဲ။ အထဲရောက်မှ အဆုတ်ကို ရှာတာ…အဆုတ်မတွေ့ရဘူး… ဟင်… ဘယ်လိုဖြစ်လဲပေါ့…ဒီလူမျိုးက အဆုတ်မရှိပဲ အသက်ရှင်နေကြတာလားပေါ့ …အဲ… ဒုက္ခနဲ့ လလနဲ့ တော့ တွေ့ပြီပေါ့ တကယ်က မဟုတ်ဘူး…မြန်မာလူမျိုး ကိုက ဖြတ်ထိုးဉာဏ် ကောင်းတာ ဒီလိုဖြစ်လာမယ်ဆိုတာ သိလို့တနေ့တနေ့ လမ်းဘေးက ဖုန်တွေ သဲတွေအလကား ရတိုင်း ဘုန်းပေါလအော ရှူထားတာနဲတာမှ မဟုတ်တာ….
ငှင်းငှင်း အဆုတ်တခုလုံး ဖုန်တွေ ချေးတွေ ချည်းပဲလေ..ပုံဖျက်ထားတာပေါ့… တချို့ဆို အဆုတ်အနီရောင်ကနေ မဲတောင်နေပြီ…. corona ကို မျက်စိလှည့်ထားတာပြောပါတယ်…အဲကလိုနဲ့…. မြန်မာတွေ အဆုတ်ထဲရောက်သွားကတည်းက သူ့ခမျာမစားရ မသောက်ရနဲ့ တနေ့တခြား သူ့ကိုပါ ဖုန်တွေ အထပ်ထပ်အုပ်ပြီး….Corona ခမျာ… အဆုတ်ယောင်ရောဂါ.ပြန်ရပြီး…. အထဲမှာတင်သေသွားရရှာပါရောလား..
ဒီသတင်းကို ကြားသွားတဲ့ ရောဂါကူးဆက်နိုင်ငံတွေ ကမြန်မာပြည်က ကျန်းမာရေးဝန်ကြီးကို ဖုန်းနဲ့ ခခယယ ဆက်ပြီး မေးကြရပါရောဘယ်လို ဆေးမျိုးနဲ့ ကုတာလဲ…ဘယ်လို ဖော်စပ်တာလဲ ငါတို့လဲ ဘယ်လိုလုပ်ရင် ပိုးကိုနှိမ်နင်းနိုင်မလဲ မေးတဲ့ အခါ….
မြန်မာ့ ကျန်းမာရေးဝန်ကြီးရဲ့
အားနဲ့ မာန်နဲ့ ပြန်ပြောလိုက်တဲ့ အဖြေကတော့
“ဖုန်ရှူလိုက် ဟျောင်”…
လေးစားစွာဖြင့် ခရစ်ဒက် ……NT-LA
Add a Comment
Your email address will not be published. Required fields are marked *