ခင္ ပြန္း နဲ႔ ေဖာက္ျပန္ေနသူ က မိခင္ျဖစ္ေနတာ ကို သိလိုက္ ရ တဲ့အခါ

နာမည္ေက်ာ္ ထိုင္ဝမ္ ႐ုပ္ရွင္မင္းသမီး ‘က်င္းပိုင္’ က သူမရဲ႕ အိမ္ေထာင္ေရး အရႈပ္ေတာ္ပုံကို ျမန္မာႏိုင္ငံက “Let’s Talk” လို ထိုင္ဝမ္ တီဗီအစီစဥ္ တစ္ခုကေန ပြင့္ပြင့္လင္းလင္း ေျပာခ်လိုက္ပါတယ္။

‘က်င္းပိုင္’ ဟာ သူမရဲ႕ ခင္ပြန္းျဖစ္သူ နဲ႔ စတင္ ဆုံဆည္းၿပီး မၾကာခင္မွာပဲ တစ္ေယာက္အေၾကာင္း တစ္ေယာက္ေသခ်ာ မသိၾကေသးခင္ ျမန္ျမန္ဆန္ဆန္ လက္ထပ္လိုက္ ၾကတာျဖစ္ပါတယ္။ တစ္ႏွစ္ေလာက္အၾကာမွာ သူတို႔ႏွစ္ေယာက္ရဲ႕ အခ်စ္ေရးက ေလ်ာ့တိေလ်ာ့ရဲ ျဖစ္လာတာေၾကာင့္ အမ်ိဳးသမီး တို႔သဘာဝ ေဗဒင္ဆရာဆီမွာ အိမ္ေထာင္ေရးအတြက္ ေဗဒင္သြားေမးခဲ့ပါတယ္။

photo credit

ေဗဒင္ဆရာက သူမရဲ႕ခင္ပြန္းဟာ သူမကို လိမ္ၿပီးဖုံးကြယ္ထားတာရွိေၾကာင္း ေဟာလိုက္ပါတယ္။ ခင္ပြန္းျဖစ္သူကို မ်ိဳးစုံေခ်ာ့ေမာ့ၿပီး လိမ္ထားတဲ့ကိစၥကို ေမးတဲ့အခါ ေနာက္ဆုံးမွာေတာ့ ခင္ပြန္းဟာ သူမရဲ႕ မိခင္ျဖစ္သူနဲ႔ ေဖာက္ျပန္ေနတယ္လို႔ ဝန္ခံခဲ့ပါတယ္။

“ငါ ဒီလိုမွ မလုပ္ရင္ မင္းအေမက တစ္ေယာက္ေယာက္နဲ႔ လိုက္သြားလိမ့္မယ္” လို႔ ေျပာခဲ့ပါတယ္။ ‘က်င္းပိုင္’ က မိခင္ျဖစ္သူကို ဖုန္းနဲ႔ဆက္သြယ္ခဲ့ေပမယ့္ ျပန္လည္ေျဖၾကားျခင္းမရွိခဲ့ဖူးလို႔ ဆိုပါတယ္။

အဲဒီအခ်ိန္ ကတည္းက အိမ္ေထာင္ကြဲခဲ့တာ ၇ ႏွစ္ၾကာၿပီျဖစ္သလို မိခင္ျဖစ္သူနဲ႔လည္း လုံးဝ ေသခန္းျပတ္ျဖစ္ သြားတယ္လို႔ ဖြင့္ေျပာခဲ့ပါတယ္။ လူေတြဟာ ေငြေၾကးေၾကာင့္သာမဟုတ္ အခ်စ္နဲ႔ပက္သက္လာရင္လည္း မိဘနဲ႔ သားသမီးဆိုတာလည္း သူစိမ္းျပင္ျပင္ပါပဲ..။ ေလးစားစြာျဖင့္ ခရစ္ဒက္ ……ပုိပုိေလး

Unicode

နာမည်ကျော် ထိုင်ဝမ် ရုပ်ရှင်မင်းသမီး ‘ကျင်းပိုင်’ က သူမရဲ့ အိမ်ထောင်ရေး အရှုပ်တော်ပုံကို မြန်မာနိုင်ငံက “Let’s Talk” လို ထိုင်ဝမ် တီဗီအစီစဉ် တစ်ခုကနေ ပွင့်ပွင့်လင်းလင်း ပြောချလိုက်ပါတယ်။

‘ကျင်းပိုင်’ ဟာ သူမရဲ့ ခင်ပွန်းဖြစ်သူ နဲ့ စတင် ဆုံဆည်းပြီး မကြာခင်မှာပဲ တစ်ယောက်အကြောင်း တစ်ယောက်သေချာ မသိကြသေးခင် မြန်မြန်ဆန်ဆန် လက်ထပ်လိုက် ကြတာဖြစ်ပါတယ်။ တစ်နှစ်လောက်အကြာမှာ သူတို့နှစ်ယောက်ရဲ့ အချစ်ရေးက လျော့တိလျော့ရဲ ဖြစ်လာတာကြောင့် အမျိုးသမီး တို့သဘာဝ ဗေဒင်ဆရာဆီမှာ အိမ်ထောင်ရေးအတွက် ဗေဒင်သွားမေးခဲ့ပါတယ်။

ဗေဒင်ဆရာက သူမရဲ့ခင်ပွန်းဟာ သူမကို လိမ်ပြီးဖုံးကွယ်ထားတာရှိကြောင်း ဟောလိုက်ပါတယ်။ ခင်ပွန်းဖြစ်သူကို မျိုးစုံချော့မော့ပြီး လိမ်ထားတဲ့ကိစ္စကို မေးတဲ့အခါ နောက်ဆုံးမှာတော့ ခင်ပွန်းဟာ သူမရဲ့ မိခင်ဖြစ်သူနဲ့ ဖောက်ပြန်နေတယ်လို့ ဝန်ခံခဲ့ပါတယ်။

“ငါ ဒီလိုမှ မလုပ်ရင် မင်းအမေက တစ်ယောက်ယောက်နဲ့ လိုက်သွားလိမ့်မယ်” လို့ ပြောခဲ့ပါတယ်။ ‘ကျင်းပိုင်’ က မိခင်ဖြစ်သူကို ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် ပြန်လည်ဖြေကြားခြင်းမရှိခဲ့ဖူးလို့ ဆိုပါတယ်။

အဲဒီအချိန် ကတည်းက အိမ်ထောင်ကွဲခဲ့တာ ၇ နှစ်ကြာပြီဖြစ်သလို မိခင်ဖြစ်သူနဲ့လည်း လုံးဝ သေခန်းပြတ်ဖြစ် သွားတယ်လို့ ဖွင့်ပြောခဲ့ပါတယ်။ လူတွေဟာ ငွေကြေးကြောင့်သာမဟုတ် အချစ်နဲ့ပက်သက်လာရင်လည်း မိဘနဲ့ သားသမီးဆိုတာလည်း သူစိမ်းပြင်ပြင်ပါပဲ..။ လေးစားစွာဖြင့် ခရစ်ဒက် ……ပိုပိုလေး

Add a Comment

Your email address will not be published. Required fields are marked *