ကိုယ်တိုင် မလာရောက်နိုင်ခဲ့ပေမဲ့ Myanmar Pride Award ပွဲ မှာ ဆုရခဲ့တဲ့ အပေါ် ကျေးဇူးတင်စကား ဆိုလိုက်တဲ့ ကြက်တောင်မယ်လေး သက်ထားသူဇာ

နာမည်ကျော် Myanmar’s Pride Awards 2019 ဆုပေး ပွဲကြီး ကိုတော့ မတ်လ (၅) ရက်နေ့က ရန် ကုန်မြို့က Lotte Hot el မှာ ကျင်းပပြု လုပ်ခဲ့ပါ တယ်။ ဒီပွဲကိုတော့ အနုပညာရှင်တွေနဲ့ တခြား နာမည်ကြီး ဆယ်လီတွေ အများကြီး တက်ရောက် ခဲ့ပါတယ်။ ၀န်ကြီးချုပ် ဖြိုးမင်းသိန်း နဲ့ ဇနီး လည်း တက်ရောက် ခဲ့ပါတယ်။ (၂၀၁၉)ခုနှစ်ရဲ့ Myanmar’s Pride Awards ပွဲ မှာတော့ အားကစား ကဏ္ဍ မှာ သက်ထားသူဇာက ဆုရရှိခဲ့ပါတယ်။

photo credit

သက်ထားသူဇာ ကတော့ “Best in Sports” ဆု ကို ရခဲ့ပါတယ်။ Myanmar’s Pride Awards ဆုက တော့ နိုင်ငံတကာ ထိ တက်လှမ်းပြီး မြန်မာ့ဂုဏ်ကို ဆောင်နိုင်ခဲ့တဲ့ နယ်ပယ် အသီးသီးက ပုဂ္ဂိုလ် တွေ ကို ဆုချီးမြှင့် တဲ့ ပွဲ လေးပါ။ သက်ထားသူဇာ ကတော့ “Best in Sports” ဆုကို ထိုက်ထိုက်တန် တန် ရခဲ့ပါတယ်။ ဆု ရခဲ့တဲ့ အတွက် သက်ထား သူဇာက သူမရဲ့ Fb မှာ Post တင်ပြီး ကျေးဇူး တင်စကား ဆိုခဲ့ပါတယ်။

photo credit

Myanmar’s Pride Awards 2019 မှာတော့ Best In Film” ဆုကို နေတိုး၊Best In Glamour Winner ဆုကို ဟန်တီ၊Best In Music Winner ဆုကို နီနီခင်ဇော်၊“Best in Social Work” ဆုကိုတော့ ဒေါက်တာ ဦးသန်းမင်းထွဋ် ၊“Best in Sports” ဆုကိုတော့ သက်ထားသူဇာ.. တို့က ဆွတ်ခူးခဲ့ကြပါတယ်။

photo credit

“အားလုံး ပဲ မင်္ဂလာပါ.. သက်ထား အခု ပေါ်တူဂီနိုင်ငံမှာ အိုလံပစ်ပြိုင်ပွဲ ဝင်ရောက်ယှင်ပြိုင်ခွင့်ရရေး အတွက် လေ့ကျင့်ဖို့ ပြိုင်ပွဲဝင်ဖို့ရောက်နေပါတယ်။ ပေါ်တူဂီပြိုင်ပွဲ နဲ့ Poland ပြိုင်ပွဲနှစ်ခု Corona Virus Case ကြောင့် Cancel ဖြစ်သွားလို့ စိတ်မကောင်းဖြစ်နေပေမဲ့ ဒီနေ့ မြန်မာနိုင်ငံမှာ ကျင်းပနေတဲ့ Myanmar Pride Award ဆုပေးပွဲမှာ ဆုရရှိတာ သိရတဲ့အတွက် ဂုဏ်ယူပျော်ရွှင်ရပါတယ်ရှင့်။ ဒီဆုကိုရရှိဖို့ သက်ထားကို အများကြီး အားပေးထောက်ကူကြလို့လည်း အားပေးကြသူ အယောက်ချင်းစီကို အထူးကျေးဇူးတင်ပါတယ်..

photo credit

Myanmar’s Pride ဆိုတဲ့ အတိုင်း မြန်မာ့ဂုဏ်ဆောင် အဖြစ် ဆုရရှိတာ ဖြစ်လို့လည်း ပိုပြီး ကျေနပ်ပျော်ရွှင်နေပါတယ်..ဆက်ပြီးတော့လည်း မြန်မာလို့ ကမ္ဘာမှာဝံ့ကြွားနိုင်တဲ့ အားကစားသမားတစ်ဦးအဖြစ် ခုထက်ပို ကြိုးစားသွားဦးမှာဖြစ်ပါတယ်.. အားလုံးကို ကျေးဇူးတင်ပါတယ်….” ဆိုပြီး သက်ထားသူဇာက သူမရဲ့ Fb မှာ တင်ထားပါတယ်။ Source:fb/THET HTAR Thuzar

Add a Comment

Your email address will not be published. Required fields are marked *