ေတာင္ဒဂံု တြင္ အမ်ိဳးသား တစ္ဦး ပိေတာက္ပန္း တက္ခူးရာမွ ဓာတ္လုိက္၍ ပြဲခ်င္းၿပီးေသဆံုး

ဒဂုံေတာင္ၿမိဳ႕နယ္ ၂၆ ရပ္ကြက္ တြင္ အမ်ိဳးသား ၁ ဦး ပိေတာက္ပင္ တစ္ပင္ေပၚသို႔ တက္ၿပီး ပိေတာက္ပန္းခူးရာ မွ ဓာတ္လိုက္ေသဆုံးမႈ မတ္ ၁၁ ရက္ နံနက္ပိုင္းက ျဖစ္ပြားခဲ့သည္။

မတ္ ၁၁ ရက္ ၊ နံနက္ ၁၀ နာရီဝန္းက်င္ခန႔္ တြင္ ဒဂုံေတာင္ၿမိဳ႕နယ္၊၂၆ ရပ္ကြက္၊ ဘုရင့္ေနာင္လမ္းတြင္ အမ်ိဳးသားတစ္ဦး ပိေတာက္ပင္ေပၚသို႔တက္ၿပီး ပိေတာက္ပန္းခူးရာမွ ဓာတ္လိုက္ေသဆုံးေၾကာင္း သတင္းရသျဖင့္ သက္ဆိုင္ရာ တာဝန္ရွိသူမ်ား သြားေရာက္ခဲ့ေၾကာင္း သိရသည္။ေသဆုံးသူ မွာ အသက္ ၂၀ ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦးျဖစ္ၿပီး ၄င္းမွာ ပိေတာက္ပင္ေပၚသို႔ ပိေတာက္ပန္း တက္ခူးရာမွ ဓာတ္လိုက္ေသဆုံး ခဲ့ျခင္းျဖစ္ေၾကာင္း ေသဆုံးသူအား ေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့သည့္ ရွင္သန္ခြင့္ လူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦး၏ ေျပာၾကားခ်က္အရ သိရသည္။

“၁၀ နာရီေက်ာ္ေလာက္မွာ သတင္းရတာပါ။ ပိေတာက္ပင္ေပၚ ပိေတာက္ပန္း တက္ခူးရင္း ဓာတ္လိုက္ ေသဆုံးသြားတာပါ။ ေသဆုံးသူကို ၿမိဳ႕ဦးလုလင္အဖြဲ႕က သစ္ပင္ေပၚက ေအာက္ကို ကူညီၿပီး ခ်ေပးတာပါ။ အေလာင္းကို ကြၽန္ေတာ္တို႔အဖြဲ႕ယာဥ္နဲ႔ ေဆး႐ုံကို ပို႔ေဆာင္ေပးခဲ့ပါတယ္။ အခင္းျဖစ္ေနရာကို သက္ဆိုင္ရာ ရဲတပ္ဖြဲ႕၊ မီးသတ္တပ္ဖြဲ႕၊ ျမန္မာႏိုင္ငံ ၾကက္ေျခနီတပ္ဖြဲ႕ (ဒဂုံေတာင္)၊ လူမႈအဖြဲ႕ ကူညီေရးအသင္း ႏွစ္သင္း၊ ယာဥ္ထိန္းရဲ၊ စည္ပင္နဲ႔ လွ်ပ္စစ္ဌာနနဲ႔ အျခားတာဝန္ရွိသူေတြ လာေရာက္ခဲ့ပါတယ္” ဟု ရွင္သန္ခြင့္ လူမႈကူညီေရးအသင္းမွ တာဝန္ရွိသူ တစ္ဦးက ေျပာၾကားသည္။

ေတာင္ဒဂံု တြင္ အမ်ိဳးသား တစ္ဦး ပိေတာက္ပန္း တက္ခူးရာမွ ဓာတ္လုိက္၍ ပြဲခ်င္းၿပီးေသဆံုး

ေသဆုံးသူမွာ ဒဂုံေတာင္ၿမိဳ႕နယ္၊ ဘုရင့္ေနာင္လမ္း၊ ျမယမုံအိမ္ရာတြင္ ေနထိုင္သူျဖစ္ၿပီး စစ္ကိုင္းတိုင္းေဒသႀကီးမွ ရန္ကုန္သို႔ လာေရာက္ အလုပ္လုပ္ကိုင္ေနသူျဖစ္ကာ ျမယမုံအိမ္ရာအတြင္း အေဆာင္ေနထိုင္သူ ျဖစ္ေၾကာင္း ရွင္သန္ခြင့္ လူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦး၏ ေျပာၾကားခ်က္အရ သိရသည္။

အဆိုပါ ျဖစ္စဥ္အား သက္ဆိုင္ရာ ရဲစခန္းမွ ဆက္လက္ စစ္ေဆးေနေၾကာင္း သိရသည္။

ခရက္ဒစ္ – Eleven Media Group

Unicode

ဒဂုံတောင်မြို့နယ် ၂၆ ရပ်ကွက် တွင် အမျိုးသား ၁ ဦး ပိတောက်ပင် တစ်ပင်ပေါ်သို့ တက်ပြီး ပိတောက်ပန်းခူးရာ မှ ဓာတ်လိုက်သေဆုံးမှု မတ် ၁၁ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့သည်။

မတ် ၁၁ ရက် ၊ နံနက် ၁၀ နာရီဝန်းကျင်ခန့် တွင် ဒဂုံတောင်မြို့နယ်၊၂၆ ရပ်ကွက်၊ ဘုရင့်နောင်လမ်းတွင် အမျိုးသားတစ်ဦး ပိတောက်ပင်ပေါ်သို့တက်ပြီး ပိတောက်ပန်းခူးရာမှ ဓာတ်လိုက်သေဆုံးကြောင်း သတင်းရသဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများ သွားရောက်ခဲ့ကြောင်း သိရသည်။သေဆုံးသူ မှာ အသက် ၂၀ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ၎င်းမှာ ပိတောက်ပင်ပေါ်သို့ ပိတောက်ပန်း တက်ခူးရာမှ ဓာတ်လိုက်သေဆုံး ခဲ့ခြင်းဖြစ်ကြောင်း သေဆုံးသူအား ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည့် ရှင်သန်ခွင့် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“၁၀ နာရီကျော်လောက်မှာ သတင်းရတာပါ။ ပိတောက်ပင်ပေါ် ပိတောက်ပန်း တက်ခူးရင်း ဓာတ်လိုက် သေဆုံးသွားတာပါ။ သေဆုံးသူကို မြို့ဦးလုလင်အဖွဲ့က သစ်ပင်ပေါ်က အောက်ကို ကူညီပြီး ချပေးတာပါ။ အလောင်းကို ကျွန်တော်တို့အဖွဲ့ယာဉ်နဲ့ ဆေးရုံကို ပို့ဆောင်ပေးခဲ့ပါတယ်။ အခင်းဖြစ်နေရာကို သက်ဆိုင်ရာ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ မြန်မာနိုင်ငံ ကြက်ခြေနီတပ်ဖွဲ့ (ဒဂုံတောင်)၊ လူမှုအဖွဲ့ ကူညီရေးအသင်း နှစ်သင်း၊ ယာဉ်ထိန်းရဲ၊ စည်ပင်နဲ့ လျှပ်စစ်ဌာနနဲ့ အခြားတာဝန်ရှိသူတွေ လာရောက်ခဲ့ပါတယ်” ဟု ရှင်သန်ခွင့် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

သေဆုံးသူမှာ ဒဂုံတောင်မြို့နယ်၊ ဘုရင့်နောင်လမ်း၊ မြယမုံအိမ်ရာတွင် နေထိုင်သူဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီးမှ ရန်ကုန်သို့ လာရောက် အလုပ်လုပ်ကိုင်နေသူဖြစ်ကာ မြယမုံအိမ်ရာအတွင်း အဆောင်နေထိုင်သူ ဖြစ်ကြောင်း ရှင်သန်ခွင့် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ ဖြစ်စဉ်အား သက်ဆိုင်ရာ ရဲစခန်းမှ ဆက်လက် စစ်ဆေးနေကြောင်း သိရသည်။

ခရက်ဒစ် – Eleven Media Group

Add a Comment

Your email address will not be published. Required fields are marked *