လှိုင်သာယာ စက်မှုဇုန်(၂)ရှိ လက်ဝါး အထည်ချုပ် စက်ရုံပိတ်သိမ်း ၊ အလုပ်သမား ( ၄၀၀ ) ခန့် အလုပ်လက်မဲ့ဖြစ်


လှိုင်သာယာ စက်မှုဇုန်(၂)ရှိ လက်ဝါး အထည်ချုပ် စက်ရုံပိတ်သိမ်း ၊ အလုပ်သမား ( ၄၀၀ ) ခန့် အလုပ်လက်မဲ့ဖြစ်


လှိုင်သာယာ စက်မှုဇုန်(၂)ရှိ လက်ဝါး အထည်ချုပ် စက်ရုံပိတ်သိမ်း ၊ အလုပ်သမား ( ၄၀၀ ) ခန့် အလုပ်လက်မဲ့ဖြစ်



လှိုင်သာယာ စက်မှုဇုန်(၂)ရှိ လက်ဝါး အထည်ချုပ် စက်ရုံပိတ်သိမ်း ၊ အလုပ်သမား ( ၄၀၀ ) ခန့် အလုပ်လက်မဲ့ဖြစ်

ခရက်ဒစ် – ဘီဘီစီ

Unicode

ရန်ကုန်တိုင်း ဒေသကြီး ၊ လှိုင်သာယာ စက်မှုဇုန်(၂)ရှိ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် ဒေါက်တာ ခင်မောင်အေးပိုင်ဆိုင်သော လက်ဝါး အထည်ချုပ် စက်ရုံ-၃ စက်ရုံဟာ မတ် ၁၁ ရက် က ယာယီ ပိတ်သိမ်းလိုက်တယ် လို့ သိရ ပါတယ်။

တရုတ်နိုင်ငံ မှာ စတင်ဖြစ်ပွား ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံ က တင်သွင်းတဲ့ ကုန်ကြမ်း ပစ္စည်းပြတ် တယ်ဆိုပြီး လက်ဝါးအထည် ချုပ်စက်ရုံ-၃ကို ပိတ်သိမ်း လိုက်တာဖြစ် ပါတယ် ။

အလုပ်သမား တွေ ကို လုပ်သက်နှစ် ကြေးနဲ့ နို့တစ် တလစာပေး ၍ စက်ရုံပိတ် ခြင်းဖြစ်ပါတယ်။ စက်ရုံပိတ်လို့ အလုပ်သမား ၄၀ဝခန့် အလုပ်လက်မဲ့ဖြစ်ခဲ့ရ ပါတယ် ။

၂၀၁၉ခုနှစ်ဒီဇင်ဘာလမှစတင်ပြီး လက် ရှိအချိန်ထိ လှိုင်သာယာမြို့နယ်အ တွင်းမှာ စက်ရုံပိတ်သိမ်း တာအပါအဝင် အလုပ်သမား အင်အားလျော့ချတာတွေကြောင့် အလုပ်သမား ၈၀ဝဝခန့် အလုပ်လက်မဲ့ဖြစ်နေကြောင်း လှိုင်သာယာမြို့နယ် အလုပ်သမားရေးရာ ဆက်ဆံရေးဦးစီးဌာနက နေသိရပါတယ်။

ခရက်ဒစ် – ဘီဘီစီ

Add a Comment

Your email address will not be published. Required fields are marked *