အိမ်မှာ ဘုရား တစ်ဆူ ကိုးကွယ် ထားပြီ ဆိုလျှင် ဒါလေးတွေ လုပ်ဖြစ်အောင်တော့ လုပ်ပေးပါ


photo credit


photo credit


ဖန်ခါးမြေအရှင်

Unicode

ကိုယ့်အိမ်မှာ ဘုရားတစ်ဆူ ကိုးကွယ်ထားပြီ ဆိုလျှင် ဘုရားရှိခိုးတဲ့ အခါ ဂုဏ်တော် တစ်ခုခုကို အာရုံလေးပြုထားပါ။ ဘုရား ကို တစ်ခုခုလှူ ဒါန်းမှုပြုတဲ့ အခါ သက်တော်ထင်ရှား ဘုရားရှင်ကဲ့သို့ အာရုံယူထားပါ။ ဘုရား ကို ကိုးကွယ်မှုပြုတဲ့ အခါ ဘုရားကျောင်းဆောင်အား နေ့စဉ်သန့်ရှင်းမှုပြုလုပ်ပါ။

ဘုရားခန်း သန့်ရှင်းမှုပြုလုပ်တဲ့ အခါ ပန်းရေချမ်းလည်း ‌နေ့စဉ် ရေလဲလည်ပေးပါ။ ပန်းရေချမ်း လဲလည်မှုပြုတဲ့ အခါ ရိုသေသမှု တလေးတစားပြုမူ နေထိုင်ပါ။ ရိုသေသမှုနဲ့ စိတ်ထဲရှင်းနေတဲ့ အခါ ပြုဆဲကုသိုလ်ကို ဝမ်းမြောက်ပြီးနေပါ။ ကြည် နူး မှု နဲ့ ဝမ်း မြောက် နေ ဆဲ အ ချိန် ခါ ဆင့် ပွား ကု သိုလ် အ ဖြစ် အ မျှ တမ်း ပေး ငှ ဝေ ပါ။

အ မျှတမ်း ပေး ငှ ဝေတဲ့ စိတ်အ စဉ် မှာ ပုဂ္ဂလ အဓိဋ္ဌာန်ကင်း ပြီး သုံးဆယ့်တစ် ဘုံ ရည် စူးပါ။ အမျှ ပေး ဝေလို့ ဘဝဂ် ညံသွား တဲ့ အဲဒီ သာဓု ခေါ်သံ က နေ့စဉ် အာရုံ ပြ နိုင် ရင် ပိုက်ဆံမကုန်ပဲ နဲ့ သင့်အတွက် အာ စိ ဏ္ကံ ကု သိုလ် လေး တစ် ခု ပါ။

ဖန်ခါးမြေအရှင်

Add a Comment

Your email address will not be published. Required fields are marked *