ကမ္ဘာကျော် မင်းသားကြီး Tom Hanks တို့ဇနီးမောင်နှံ COVID-19 ကူးစက်ခံထားရကြောင်း သိရ

မင်းသားကြီး တွမ်ဟန့်ဟာ Cast Away,Forrest Gump , The Terminal , Catch Me If You Can စတဲ့ ဇာတ်ကားတွေ နဲ့ မြန်မာပရိသတ်ကို သာမက ကမ္ဘာ့ပရိသတ်ကိုပါ ဖမ်းစားနိုင်ခဲ့တဲ့ ကမ္ဘာကျော် မင်းသားတလက် ဖြစ်ပါတယ်။ အခုတော့ တကမ္ဘာလုံးကို ဒုက္ခပေးလျက် ရှိတဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ မင်းသားကြီးကိုလည်း ကူးစက်ခဲ့ပြီ ဖြစ်ပါတယ်။

photo credit

သူ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံနေရပြီ ဆိုတဲ့ အကြောင်းကို မင်းသားကြီး ကိုယ်တိုင်ပြောကြားခဲ့တာပါ။ သူတစ်ယောက်တည်းမဟုတ်ပဲ ဇနီးဖြစ်သူ မင်းသမီး Rita Wilson ဟာလည်း သူနဲ့အတူတူ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရပြီလို့ ဆိုပါတယ်။

photo credit

ဒီအကြောင်းကို သူ့ရဲ့ Instagram ကနေ ပြောခဲ့တာဖြစ်ပြီး သူနဲ့ ဇနီးသည်တို့ဟာ Elvis Prsley ရုပ်ရှင်ရိုက်ကူးဖို့ သြစတြေးလျကို ခရီးထွက်ခဲ့ပြီး တဲ့နောက် ဗိုင်းရပ်စ် ကူးစက်ခံရတဲ့ လက္ခဏာတွေဖြစ်တဲ့ မောပန်းတာတွေ ၊ ကိုယ်လက်နာကျင်တာတွေ ၊ ဖျားနာတာတွေ ၊ ချမ်းစိမ့်စိမ့်ဖြစ်တာတွေ စတာတွေကို ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။

photo credit

မသင်္ကာလို့ ဆေးစစ်ကြည့်တဲ့အခါမှာတော့ နှစ်ယောက်စလုံး မှာ ကိုရိုနာဗိုင်းရပ်စ် Positive ဖြစ်နေခဲ့ပါတယ်။ အခု ဘာဆက်လုပ်ရမလဲဆိုတော့ ကျန်းမာရေး ဝန်ထမ်းတွေ ခိုင်းတဲ့အတိုင်းသာ လိုက်နာပြီးနေရုံပေါ့လို့ မင်းသားကြီးက ဆိုပါတယ်။ အခုတော့ သူတို့နှစ်ယောက်ကို သီးသန့်ထားပြီး လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ကုသခံယူလျက်ရှိပါတယ်။

photo credit

တွမ်ဟန့်ဟာ ဒီစာကို အဝါရောင်အမှိုက်အိတ်တလုံးပေါ်မှာ ကျန်းမာရေးသုံး ရာဘာလက်အိတ်တခု တင်ထားတဲ့ပုံနဲ့ တွဲတင်ခဲ့တာဖြစ်ပါတယ်။ အောက်ဆုံးမှာတော့ အားလုံးလည်း ကိုယ့်ကိုယ်ကို ဂရုစိုက်ကြပါလို့ ဆိုထားပါတယ်။ အသက် ၆၃ နှစ် အရွယ်ရှိပြီဖြစ်တဲ့ အော်စကာ ၂ဆုပိုင်ရှင် မင်းသားကြီး အမြန်ဆုံးကျန်းမာလာစေဖို့ တကမ္ဘာလုံးက ပရိသတ်တွေက ဆုတောင်းပေးလျက်ရှိပါတယ်။

တကမ္ဘာလုံးက လူပေါင်း ၁ သိန်း ၂ သောင်းကျော်ကို ကူးစက်ပြီးဖြစ်တဲ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါကို ကူးစက်မြန်ကပ်ရောဂါအဖြစ် WHO က မကြာခင်ကပဲ ကြေငြာခဲ့ပြီးဖြစ်ပါတယ်။ မင်းသားကြီး ကူးစက်ခံရတဲ့ သြစတြေးလျနိုင်ငံမှာတော့ လူပေါင်း ၁၂၈ ယောက်ကို ဒီဗိုင်းရပ်စ်ပိုး ကူးစက်ခဲ့ပြီးဖြစ်ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *