ကဲ ပရိတ်သတ် ကြီးရေ “ ရင်ကြားစေ့နေရင် ဖင်ကြားတွေ တေ့ခံနေကြရဦးမှာပဲ” ဆိုတဲ့ အိပန်ဆယ်လို

တကူး တက အိုးစည် ဗုံမောင်း တီးပြီး အောင်ပွဲခံနေကြတယ်ဆိုတော့ ရယ် ချင်မိတယ်။ ၂၀၁၅ ရှေ့ပိုင်းတုန်းက လွှတ်တော်ထဲမှာ အခုလိုပဲ လက်ခုပ်တီးခဲ့ကြတယ် မဟုတ်လား။

၇၅ မှတ်ဖိုး ပဲ ဖြေခွင့်ရှိပြီး ၇၆ မှတ်ဖိုး ရမှ အောင်မယ်ဆိုတဲ့ စာမေးပွဲကို ဝင်ဖြေတယ် ဆိုကတည်းက ရလဒ်က ရှိပြီးသားပဲ။ နိုင်တာ ရှုံးတာထက် ဘာရည်ရွယ်ချက်နဲ့ ဝင်ဖြေလဲပဲ စဉ်းစားကြသင့်တာ။ ၂၅% ပိုင်ပိုင်ကြီး ကိုင်ထားလျက်နဲ့ ရုပ်ပျက်ဆင်းပျက် လူကျွံဘောတွေ ကန်ကြတာ၊ လူချတာ၊ ညစ်တာတွေ ပရိသတ်က မျက်ဝါးထင်ထင် မြင်သွားကြရတာပေါ့။

photo credit

တခါတရံ အချို့အရာတွေ က ပါးစပ်ကြီးနဲ့ ပြောပြနေရင် နားဝင်တာ မဟုတ်ဘူး။ ဟော့ဒီမှာ ဟော့ဒီမှာဆိုပြီး နားရွက်ကြီးဆွဲပြမှ တန်းမြင်တတ်တာမျိုး။ ဘယ်သူက ပြည်သူအပေါ် စေတနာမဲ့ပါတယ်၊ ဘာကြောင့် တိုင်းပြည်တိုးတက်ရေး နှေးကွေးနေပါတယ်ဆိုတာ ပြည်သူက ကွက်ကွက်ကွင်းကွင်း မြင်သွားတယ်။ ICJ တို့ ICC တို့မှာ ဒီနိုင်ငံရဲ့ အုပ်ချုပ်ရေးအနေအထားဟာ ဘယ်လိုပါလို့ ပါးစပ်ကြီးနဲ့ပြောလို့ လက်ခံမှာ မဟုတ်ဘူး။ အခုလို ကမ္ဘာက ကွဲကွဲပြားပြား မြင်သွားတော့ နောက်ထပ် ICJ တွေ ICCတွေလာရင် တကယ်တာဝန်ရှိသူ ဘယ်သူဆိုတာ ရှင်းလင်းသွားတာပေါ့။ အဲ့ကျရင် မေမေ့ထဘီနား တူတူရေဝါးလို့လည်း မရတော့ဘူး။

ဒူးရင်းသီးနဲ့ ရင်ကြားစေ့နေရင် ဆူးတွေ စိုက်ခံရတာ ဒီပြည်သူပဲ။ လူတစ်စုနဲ့ရင်ကြားစေ့ရင်း လူထုက ကျောတွေကွဲရတယ်။ ရင်ကြားစေ့ရင်း ဖင်ကြားတေ့ခံကြရတယ်။ အဲ့တော့ ရင်ကြားစေ့ခဲ့ပါတယ်… စေ့လို့မရခဲ့တာဆိုတာကို သက်သေပြခဲ့ပြီ။ ဆက်ရင်ကြားစေ့စရာ မလိုတော့ဘူး။

ပါတီအနေနဲ့ ၂၀၁၅ တုန်းက ကိုယ်စားလှယ်လောင်းရွေးချယ်ခဲ့တဲ့စနစ်ကို ပြင်ပြီး တကယ်အရည်အချင်းရှိတဲ့သူတွေကို တင်မြှောက်နိုင်ဖို့ အရေးကြီးပါတယ်။ အစကတည်းက ပြင်မရအောင် ရေးထားခဲ့တာကြီးကိုပြင်ကြည့်လို့ မရတာနဲ့ ငိုင်တွေနေမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဆိုတာ အစိုးရတောင် ဖြစ်မလာဘူး။

အမေစု အနေနဲ့လည်း ပြည်သူတွေနာမယ် ပြည်သူတွေနာမယ်ဆိုပြီး လာသမျှ ဖိအားတွေကို ရှေ့ကဝင်ရပ်ပြီး ဗိုက်အငှါးထိုးခံနေတာတွေကိုလည်း ရပ်စေချင်ပြီ။ ဒီပြည်သူတွေမှာ ထပ်နာစရာ မရှိလှတော့ဘူး။ တစ်ခေတ်လုံး နာခဲ့ရသမျှ ထပ်နာစရာလည်း မကျန်လှတော့ဘူး။

photo credit

၂၅ ကိုင်ထားပြီး ၇၆ ကျော်မှ ပြင်လို့ရမယ်ဆိုတာ အဲ့စာအုပ်ဖတ်ဖူးတဲ့ လူပြိန်းတောင် သိတယ်။ ထုံးလိုချေ ရေလိုနှောက်ပြီး ပြင်ဖို့ကြိုးစားနေသူတွေက မသိစရာမရှိ။ ပြင်လို့မရတာသိရင် ဘာကြောင့် အချိန်ကုန်ခံ ပြင်နေလဲ မေးစရာရှိတယ်။ တိုင်းပြည်ရဲ့ အရေးပါတဲ့ တရားဥပဒေ စိုးမိုးရေးအပါအဝင် အခြားအရေးကြီးတဲ့ ကဏ္ဍပေါင်းစုံကို ကိုင်ထားပြီး ကြိုးတုတ်ခံပြေးနေရသလို အခြေအနေမှာ မပြင်ဘဲထားပြန်ရင်လည်း တစ်ပြစ်ဖြစ်ဦးမယ်။ ဟုတ်ကဲ့… ဒီလို ဒီလိုတွေ ပြင်ဖို့ ကြိုးစားခဲ့ပါတယ်။ အဟောင်းကြိုက်သူ လူတစ်စုကြောင့် ပြင်မရခဲ့ပါဘူးပေါ့။ ဖားနဲ့ငါး သဲကွဲသွားတာပေါ့။

50-50 မဖြစ်ဘဲ Fair Play မဖြစ်တဲ့ အနေအထားမျိုး ဆက်ရှိနေသရွေ့ကတော့ ကိုယ်အပါအဝင် ကိုယ့်မိသားစု၊ ဆွေမျိုးအသိုင်းအဝိုင်း၊ ကိုယ့်မိတ်ဆွေတွေရဲ့ မဲတွေက NLD ပဲ ဆက်ဖြစ်စေရပါမယ်။ အခုအချိန်မှာ ပြည်သူအပေါ်နိုင်ပြီ ထင်နေကြမှာပေါ့။ လောကမှာ အနိုင်အတွက် အရာရာ ရင်းခဲ့ကြသူတွေကိုး။ ဒါပေမယ့် နိုင်ငံရေးမှာ ပြည်သူအပေါ် နိုင်လိုက်ခြင်းဟာ ပြည်သူ့မေတ္တာကို ဆုံးရှုံးလိုက်ရတာပါပဲ။

စောင့်ကြည့်ပါ။ ပြည်သူအပေါ်နိုင်ပြခဲ့လို့ အောင်ပွဲခံကြသူတွေ ယွစိယွစိဖြစ်အောင် ၂၀၂၀ မှာ လက်သန်းတွေနဲ့ ဘယ်လို ဖျင်ဝိုင်းထိုးကြမယ်ဆိုတာ…

ခရက်ဒစ် – အိပန်ဆယ်လို

Add a Comment

Your email address will not be published. Required fields are marked *