ဒီနှ စ် BIRTHDAY SHOW လုပ်မယ့် အစီအစဉ်ကို ရပ်ဆိုင်းလိုက်ပါပြီ ဆိုတဲ့ စိုင်းစိုင်းခမ်းလှိုင်


photo credit


photo credit


photo credit

Unicode

ပရိသတ် ကြီးရေ စိုင်းစိုင်း ကတော့ သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ” ပရိသတ် သုံးလေးသောင်းနဲ့ Birthday Show လုပ်မယ့် အစီအစဉ်တော့ ဆိုင်းငံ့ထား လိုက်ပါပြီ ။ ပရိသတ် အနည်းအကျဉ်းနဲ့ Birthday Party လေးပဲ လုပ်မယ်လို့ စဉ်းစားနေပါတယ်။ ပိတောက်က တဲ့ဂီတ ရုပ်ရှင် လက်မှတ်ပေါ်မှာ နာမည်နဲ့ ဖုန်းနံပါတ်ရေးပြီး ကံစမ်းမဲပုံးထဲ ထည့်ဖြစ်အောင် ထည့်ပေးပါ ကျနော်ပွဲအတွက် မဲနှိုက်ဖို့လိုလို့ပါ မိတ္တူကို -စိုင်းစိုင်း ပရိသတ်များ ပိတောက်ကတဲ့ဂီတ ပရိသတ်များသို့ ဆက်လက်မျှဝေပါရန် ” ဆိုတဲ့ စာသားလေးနဲ့ ပရိသတ်တွေကို အသိပေးလာတာပဲ ဖြစ်ပါတယ်။

နှစ်တိုင်း ဧပြီ ၁၀ ရက်နေ့ဟာ စိုင်းစိုင်း မွေးနေ့ ဖြစ်ပြီး နှစ်တိုင်း သူ့မွေးနေ့ မှာ ကျင်းပလေ့ ရှိတဲ့စိုင်းစိုင်း Birthday Show ဟာလည်း ကြောက်ခမန်း လိလိ ပရိသတ်များ ကွင်းလုံးပြည့်အားပေးကြမ်းတာ အမှန်ပါပဲနော်။ စိုင်းစိုင်းကို အားပေးတဲ့ ပရိသတ် ဘယ်လောက် များလဲ ဆို ရင် နှစ်စဉ်နှစ်တိုင်း သူ့ရဲ့ မွေးနေ့ Show ကိုလာတဲ့ ပရိသတ် အရေ အတွက်ကို ကြည့်ရင်သိနိုင်ပါတယ်။

နိုင်ငံတော်တော် များများမှာ ဖြစ်ပွားနေတဲ့ ကိုရိုနာ ဗိုင်းရပ်ကြောင့် ပျော်ပွဲရွှင်ပွဲတွေ တော်တော်များများ ရပ်ဆိုင်းထားကြတာကြောင့် စိုင်းစိုင်းကလည်း သူ့ရဲ့ မွေးနေ့ Show ပွဲကို မွေးနေ့ပါတီအဖြစ်ပဲ ကျင်းပတော့မှာပါတဲ့နော်။ ပရိသတ်ကြီး ထဲမှာရှိတဲ့ စိုင်းစိုင်း ပရိသတ်တွေသိအောင် ဖော်ပြပေးလိုက်ပါတယ်။ Source : SaiSai Kham Leng

Add a Comment

Your email address will not be published. Required fields are marked *