မနေနိုင်လို့ရေးတယ် ဆဲလဲ ခံရမှာပဲ “ရောဂါဖြစ်တာ တစ်ယောက်တွေ့တာနဲ့ ပိတ်ပေးမယ်”

မနေနိုင် လို့ရေး တယ် ဆဲလဲ ခံရမှာပဲ….မနေ့က ​လေးတင်ပဲ….ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ကို ရို နာ ဗိုင်းရပ်စ်ရောဂါ COVID-19 ကို Pandemic (ကမ္ဘာအနှံ့ဖြစ်ပွားသော ရောဂါ ) အဖြစ် သတ် မှတ် လိုက်ပြီ ။ “ ရောဂါဖြစ်တာ တစ်ယောက် တွေ့တာနဲ့ ပိတ်ပေးမယ်”

“ကျောင်းသားတွေဘက်က ရပ်တည် လို့ သင်္ကြန်ပွဲ ကျင်းပမယ် ” “ ဘာသာရေးပွဲတွေ လုပ်မယ် ” “ဘာပွဲ ညာပွဲတွေလုပ်မယ်” ဆိုတဲ့သူတွေ လေထဲက ကူးတာ ဘာလို့ လက်ဆေးရမှာလဲ ဆိုတဲ့သူတွေ နှာချေ၊ ချောင်းဆိုး ၊ သလိပ်ဟပ် လုပ်ချင် သလိုလုပ်နေ တဲ့ သူတွေ အတွက် ဒီစာ ကိုရေးတယ် The Flu ဇာတ်ကား ကြည့်ဖူးကြလား မကြည့်ဖူးရင် အခုရှာကြည့်ပါ။

(အနီးစပ်ဆုံး ကိုရီးယားမှာ ဝူဟန် ကိုရိုနာဗိုင်းရပ်စ် ကူးသွားပုံကို ကြည့်ပါ။ မသိသေးရင် ရှာဖတ်ပါ။) The Flu ဇာတ်ကားမှာ မူလရောဂါဇစ်မြစ်ကနေ တိုက်ရိုက်ကူးစက်လာတဲ့ ကောင်လေးကတစ်ဆင့် လူတွေကို ကူးစက်ရောဂါပိုးပါတဲ့ အသက်ရှူလမ်းကြောင်းက ထွက်လာတဲ့ အမှုန်အစက်တွေ ကူးစက်ပြန့်နှံ့သွားပုံကို ရိုက်ပြသွားတာ သိပ်သဘောကျတယ်….

(က) ​ရောဂါပိုးပါတဲ့အမှုန်အစက်တွေကို ရှူမိပြီး အသက်ရှုလမ်းကြောင်းကနေ တိုက်ရိုက်ကူးနိုင်တယ် (ခ) ရောဂါပိုးပါတဲ့ အမှုန်အစက်တွေကို လက်နဲ့ကိုင်မိပြီး မိမိရဲ့ မျက်နှာ၊ ပါးစပ်နဲ့ နှာခေါင်းတွေကို ထိမိရာက ကူးနိုင်တယ် တစ်ရက်တည်းအတွင်း သူသွားခဲ့တဲ့နေရာတိုင်းက လူပေါင်းများစွာကို ကူးစက်သွားတာ….အခုဖြစ်ပွားကူစက်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးက အခုကူး အခုရောဂါလက္ခဏာပြဆိုပြီး ဖြစ်တတ်တာမျိုးမဟုတ်….လူ့ခန္ဓာကိုယ်ထဲ ဝင်ရောက်ပြီးသွားရင် ရောဂါအစပျိုးချိန် (၂)ရက်မှ (၁၄) ရက်အထိ ကြာတယ်လို့ ခန့်မှန်းသိရှိရတယ်……

အဲ့ဒီရောဂါပျိုးချိန်အတွင်းမှာ သူဟာ လူကောင်းပကတိ ဖြစ်နေနိုင်တယ် ခင်ဗျားတို့ ကျုပ်တို့လို ပုံမှန်နေကောင်းကျန်းမာလူတစ်ယောက်လို သွားလာနေနိုင်တယ်…..ခင်ဗျာဘေးမှာ အာဘောင်အာရင်းသန်သန်နဲ့ စကားပြောသွားနိုင်တယ်….ဟတ်ကနဲ တစ်ချက် မသိမသာလေး ချွဲဟပ်မိသွားနိုင်တယ်….ချောင်းလေးတစ်ချက်သာသာလေး ဆိုးသွားနိုင်တယ်…..ဒါမှမဟုတ် သူ နှာစေး၊ ချောင်းဆိုးရင်း ခင်ဗျားရှေ့က စားပွဲ၊ ရေနွေးအိုး၊ ဖုန်း ဘာပစ္စည်းမဆို အခန့်မသင့်ရင် ခင်ဗျားကိုယ်တိုင်အပေါ်ကို ရောဂါပိုးပါဝင်တဲ့ အစက်အမှုန်တွေ ကျသွားနိုင်တယ်

အဲ့ဒီမှာမှ ခင်ဗျားဆီကို ကူးမယ်……ရောဂါအစပျိုးနေတဲ့ ခင်ဗျားကလည်း လူကောင်းလိုပဲလေ အိမ်က မိသားစုဝင်တွေ ချစ်တဲ့ သူတွေ မိတ်ဆွေတွေ… အိမ်နီးနားချင်းတွေ….တစ်ယောက်ကနေ (၁၀) ယောက် (၁၀) ယောက်ကနေ အယောက် (၁၀၀) အဲ့ဒီကနေမှ သောင်းဂဏန်း သိန်းဂဏန်းကို ရက်ပိုင်းအတွင်း ရောက်သွားရော….

ရောဂါအစပျိုးချိန် မတိမ်းမယိမ်းဆိုတော့ ရောဂါဖြစ်ပွားချိန်တွေက မတိမ်းမယိမ်း…..ဒီနေ့ မနက်ဖြန်၊ (၁) ရက် (၂) ရက်အတွင်း အစုလိုက်အပြုံလိုက် ပေါ်လာ….ကူးစက်မှုတွေ ပိုများ…..ဆေးရုံ ဆေးခန်းတွေမှာ လူနာတွေ အစုလိုက်အပြုံလိုက် မထိန်းနိုင်လောက်အောင်ကို များပြားလာ….ခင်ဗျားရော အခန့်မသင့်ရင် ခင်ဗျား မိသားစုဝင်တွေရော ခင်ဗျား သိပ်ချစ် သိပ်တန်ဖိုးထားတဲ့ သူတွေ အကုန်လုံး ရောဂါသည်းသူသည်း သေသူသေ မျက်စိသူငယ်နားသူငယ် ကျန်သူကျန်

The Flu ထဲက ဆေးရုံးကို ကူးစက်ခံထားရတဲ့ ရောဂါသည်တွေ ရုတ်တရက် အစုလိုက် အပြုံလိုက် ရောက်လာပုံကို မြင်ယောင်ကြည့်…
အဲ့အတိုင်း အကုန်ဖြစ်လာလိမ့်မယ်….အဲ့လိုမဖြစ်အောင် လုပ်လို့ မရဘူးလားဆိုတော့ ရတာပေါ့ လုပ်ချင်တဲ့ စိတ် ရှိဖို့ရယ် ခင်ဗျားရဲ့အတ္တတွေကို လျော့ချထားလိုက်ဖို့ရယ် ပြီးရင် ရောဂါကူးစက်မှု လျော့ချဖို့ (ကာကွယ်နိုင်ဖို့)အတွက်

၁။ လူထူထပ်တဲ့ နေရာတွေ မသွားပါနဲ့၊ လူစုလူဝေးပြုလုပ်ခြင်းကို ရှောင်ကြဉ်ပါ။ ၂။ လက်ကို စနစ်တကျ ဆပ်ပြာနဲ့ သေချာစွာဆေးပါ။ (သို့မဟုတ်) Alcohol 70% ပါတဲ့ လက်သန့်စင်ဆေးရည်နဲ့ သေချာဆေးပါ။ ၃။ တံခါးလက်ကိုင်များ၊ လှေကားလက်ရမ်းများနဲ့ အခြားအရာများကို ကိုင်တွယ်ပြီးတိုင်း လက်ဆေးပါ။ (မျက်လုံး၊ ပါးစပ်နဲ့ နှာခေါင်းတွေကို လက်မဆေးရသေးဘဲ မကိုင်ပါနဲ့။) ၄။ နှာချေ၊ ချောင်းဆိုး၊ သလိပ်ဟပ်တိုင်း တစ်ခါသုံး တစ်ရှူး၊ မရနိုင်ရင် လက်တံကောက်ကွေးဖြင့် အုပ်ထားပါ။ အသုံးပြုပြီး တစ်ရှူးကို သေချာစွန့်ပစ်ပါ။ (သလိပ်ဟပ်ပြီးရင် ပြီးစလွယ်မထွေးပဲ၊ အလုံပိတ်နိုင်တဲ့ တစ်ခုခုထဲ ထွေးပြီး သေချာစွန့်ပစ်)။

၅။ နှာချေ ချောင်းဆိုးနေရင် ပါးစပ်နဲ့ နှာခေါင်းစည်း (Surgical mask) ကို သေချာလုံအောင် ဝတ်ဆင်ပါ။ (မေးစေ့မှာ သိုင်းထားလိုက်၊ ဝတ်လိုက်ချွတ်လိုက် မလုပ်ရပါ။ တစ်ခါသုံးဖြစ်တဲ့အတွက် ချွတ်ပြီးရင် ပြန်မတပ်ရပါ။ စွန့်ပစ်ပြီး လက်ပြန်ဆေးပါ။) ၆။ ကိုယ်ခံအား ကောင်းဖို့အတွက် အိပ်ရေးဝအောင်အိပ်ပါ။ အာဟာရပြည့်ဝအောင် စားသုံးပါ။ လုံလောက်အောင် အနားယူပါ။ ၇။ အဖျား​ကြီးပြီး အသက်ရှုရခက်တာ လည်ချောင်းနာတာတွေ ရှိလာရင် နီးစပ်ရာ ကျန်းမာရေးဌာနတွေမှာ ပြသကုသမှု ခံယူပါ။(Quarantine လုပ်ခံရမှာ ကြောက်လို့ မပြဘဲ ပုန်းနေမယ်ဆိုရင် ကိုယ့်နားကသူတွေကို အပါခေါ်နေတဲ့ ခင်ဗျားဟာ အတ္တသိပ်ကြီးလွန်းသူ၊ မိသားစုအပေါ်မငဲ့ရက်သူလို့ပဲ ပြောရမှာပဲ)

လွယ်ကူသက်သာတဲ့အရာတွေကို လိုက်နာဆောင်ရွက်ဖို့နဲ့ လူမှုစီးပွားရေး ပြဿနာတွေ မဖြစ်အောင်၊ မိသားစုကို ကာကွယ်နိုင်အောင် ဆောင်ရွက်ဖို့က ခင်ဗျားတို့ ကိုယ်တိုင်မှာ တာဝန်ရှိပါတယ်။ နောက်ဆုံး တစ်ခုကတော့ ….. ကံ ကံ၏အကျိုး ကံပါလာသလောက်ဆိုသော သူများအတွက် ကိုယ့်ကံနဲ့ ကိုယ် ကိစ္စချောချင် ချောပါ အပြစ်မဲ့သော မိသားစုနဲ့ ပတ်ဝန်းကျင်ကို ဒုက္ခမပေးသွားသောအားဖြင့် သင်တို့၏ ချစ်ခြင်းမေတ္တာကို ပြသနိုင်ပါကြပါစေ။

Image may contain: 1 person, text

Pray for all 🙏

From Htet Lin’s FB

Add a Comment

Your email address will not be published. Required fields are marked *