သၾကၤန္ အပါအဝင္ အခမ္းအနား ပြဲလမ္းဘသင္မ်ား ဧၿပီလ ကုန္ထိ က်င္းပခြင့္ မျပဳေၾကာင္း ႏိုင္ငံေတာ္ သမၼတ႐ုံး ထုတ္ျပန္

ျမန္မာ့ရိုးရာ သၾကၤန္ပြဲေတာ္ အပါအဝင္ လူစုလူေဝး နဲ႔ က်င္းပတဲ့ အခမ္းအနားေတြ၊ ပြဲလမ္းသဘင္ေတြကို မတ္လ ၁၃ ကစၿပီး ဧၿပီ ၃၀ ထိ ရပ္ဆိုင္းထားမယ္လို့ သမၼတ႐ုံးက ဒီကေန႔ မတ္လ ၁၃ ရက္ေန႔စြဲ နဲ႔ ထုတ္ျပန္လိုက္ ပါတယ္ ။

12

အသက္ရွူလမ္းေၾကာင္းဆိုင္ရာ ေရာဂါ ကိုရိုနာဗိုင္းရပ္ ကိုဗစ္၁၉ ဟာ လူစုလူေဝး မ်ားျပားတဲ့ေနရာမွာ လ်င္လ်င္ျမန္ျမန္ကူးစက္နို္င္တဲ့အတြက္ အခုလို ညႊန္ၾကားတာျဖစ္တယ္လို့ သမၼတ႐ုံးထုတ္ျပန္ခ်က္က ဆိုပါတယ္။

လိုအပ္ရင္ ရပ္ဆိုင္းကာလကို ထပ္တိုးသတ္မွတ္မယ္လို့လည္း ဆိုပါတယ္။ က်န္းမာေရးဝန္ႀကီးဌာနရဲ့ မတ္ ၁၂ ရက္သန္းေခါင္ေက်ာ္ခ်ိန္ ထုတ္ျပန္ခ်က္အရ ကိုဗစ္၁၉ ကူးစက္သူ မရွိေသးဘူးလို့ ေျပာပါတယ္။

ဘီဘီစီ

Unicode

မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော် အပါအဝင် လူစုလူဝေး နဲ့ ကျင်းပတဲ့ အခမ်းအနားတွေ၊ ပွဲလမ်းသဘင်တွေကို မတ်လ ၁၃ ကစပြီး ဧပြီ ၃၀ ထိ ရပ်ဆိုင်းထားမယ်လို့ သမ္မတရုံးက ဒီကနေ့ မတ်လ ၁၃ ရက်နေ့စွဲ နဲ့ ထုတ်ပြန်လိုက် ပါတယ် ။

အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ ကိုရိုနာဗိုင်းရပ် ကိုဗစ်၁၉ ဟာ လူစုလူဝေး များပြားတဲ့နေရာမှာ လျင်လျင်မြန်မြန်ကူးစက်နိုင်တဲ့အတွက် အခုလို ညွှန်ကြားတာဖြစ်တယ်လို့ သမ္မတရုံးထုတ်ပြန်ချက်က ဆိုပါတယ်။

လိုအပ်ရင် ရပ်ဆိုင်းကာလကို ထပ်တိုးသတ်မှတ်မယ်လို့လည်း ဆိုပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနရဲ့ မတ် ၁၂ ရက်သန်းခေါင်ကျော်ချိန် ထုတ်ပြန်ချက်အရ ကိုဗစ်၁၉ ကူးစက်သူ မရှိသေးဘူးလို့ ပြောပါတယ်။

ဘီဘီစီ

Add a Comment

Your email address will not be published. Required fields are marked *