ကို ႐ိုနာ ဗိုင္းရပ္စ္ ေကာလဟာလ အေၾကာင္းျပဳၿပီး ေစ်းအဆမတန္ တင္ေနသည့္ ကုန္သည္မ်ားကုိ ထိထိေရာက္ေရာက္ အေရးယူမည္ဟုဆို

ကို ႐ို နာဗိုင္းရပ္စ္ အေၾကာင္းျပဳၿပီး ေစ်းက စားသည့္ ကုန္သည္ မ်ားကို ထိထိေရာက္ေရာက္ အေရးယူမည္ဟု ႏိုင္ငံေတာ္ သမၼတ႐ုံး ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးေဇာ္ေဌး က မတ္ ၁၃ ရက္က သမၼတအိမ္ေတာ္တြင္ ျပဳလုပ္သည့္ သတင္းစာရွင္းလင္းပြဲတြင္ ေျပာၾကားသည္။

“ေစ်းကစား တဲ့ ကုန္သည္ေတြ၊ လုပ္ငန္းရွင္ေတြ ေရာင္းခ်တဲ့သူေတြကို ထိထိေရာက္ေရာက္ အေရးယူမယ္” ဟု ႏိုင္ငံေတာ္ သမၼတ႐ုံး ၫြန္ၾကားေရးမႉးခ်ဳပ္ ဦးေဇာ္ေဌးက ေျပာၾကားသည္။

ကုန္ေစ်းႏႈန္း ႀကီးျမင့္ေစရန္ ေဆာင္႐ြက္သည့္ ကုန္သည္မ်ားကို အေရးယူႏိုင္ရန္ အတြက္ သက္ဆိုင္ရာ ဌာနဆိုင္ရာမ်ားကို အေရးယူရန္ ၫႊန္ၾကားထားသည္ဟု ဦးေဇာ္ေဌးက ဆက္လက္ေျပာၾကားသည္။

“ႀကီးႀကီးမားမား အျမတ္တင္ေရာင္းခ်တဲ့ သူေတြကို အေရးယူဖို႔ ၫႊန္ၾကားထားတယ္။ စီး/ကူး ဝန္ႀကီးဌာနနဲ႔ သက္ဆိုင္ရာ တိုင္းနဲ႔ ျပည္နယ္အစိုးရေတြ ေဆာင္႐ြက္ဖို႔ ရွိပါတယ္” ဟု ဦးေဇာ္ေဌးက ေျပာၾကားသည္။

မတ္ ၁၂ ရက္ မြန္းလြဲပိုင္းတြင္ ကို႐ိုနာဗိုင္းရပ္စ္ႏွင့္ ပတ္သက္ၿပီး ေကာလာဟလသတင္းမ်ား ထြက္ေပၚလာၿပီ္း ေနာက္ပိုင္းတြင္ ေစ်းဝယ္စင္တာမ်ား၌ ပုံမွန္မဟုတ္ဘဲ ကုန္ပစၥည္းဝယ္ယူသူ မ်ားျပားခဲ့သည္။

ခရက္ဒစ္ – Eleven Media Group

Unicode

ကိုရို နာ ဗိုင်းရပ်စ် အကြောင်းပြုပြီး ဈေးကစားသည့် ကုန်သည် များကို ထိထိရောက်ရောက် အရေးယူမည်ဟု နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး က မတ် ၁၃ ရက်က သမ္မတအိမ်တော်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

“ဈေးကစား တဲ့ ကုန်သည်တွေ၊ လုပ်ငန်းရှင်တွေ ရောင်းချတဲ့သူတွေကို ထိထိရောက်ရောက် အရေးယူမယ်” ဟု နိုင်ငံတော် သမ္မတရုံး ညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားသည်။

ကုန်ဈေးနှုန်း ကြီးမြင့်စေရန် ဆောင်ရွက်သည့် ကုန်သည်များကို အရေးယူနိုင်ရန် အတွက် သက်ဆိုင်ရာ ဌာနဆိုင်ရာများကို အရေးယူရန် ညွှန်ကြားထားသည်ဟု ဦးဇော်ဌေးက ဆက်လက်ပြောကြားသည်။

“ကြီးကြီးမားမား အမြတ်တင်ရောင်းချတဲ့ သူတွေကို အရေးယူဖို့ ညွှန်ကြားထားတယ်။ စီး/ကူး ဝန်ကြီးဌာနနဲ့ သက်ဆိုင်ရာ တိုင်းနဲ့ ပြည်နယ်အစိုးရတွေ ဆောင်ရွက်ဖို့ ရှိပါတယ်” ဟု ဦးဇော်ဌေးက ပြောကြားသည်။

မတ် ၁၂ ရက် မွန်းလွဲပိုင်းတွင် ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်ပြီး ကောလာဟလသတင်းများ ထွက်ပေါ်လာပြီ်း နောက်ပိုင်းတွင် ဈေးဝယ်စင်တာများ၌ ပုံမှန်မဟုတ်ဘဲ ကုန်ပစ္စည်းဝယ်ယူသူ များပြားခဲ့သည်။

ခရက်ဒစ် – Eleven Media Group

Add a Comment

Your email address will not be published. Required fields are marked *