” အင္းစိန္ေထာင္ အတြင္း မွ ပရေလာကသားမ်ား ” ( ျဖစ္ရပ္မွန္ အပုိင္း – ( ၄ ) )

ေအာက္တြင္ Unicode ျဖင့္ ေဖာ္ျပေပးထားပါသည္ …

အင္း စိန္ ေထာင္ မွ ဂႏၳ၀င္စိမ္း – ( ၄ ) ။ ။

မဆလ အစုိးရ က “ျပည္ေျပး” လုိ႔ ေခၚေ၀ၚခဲ့တဲ့ PDP က ကုိၫြန္႔တင္ ဟာ ရန္ကုန္ၿမိဳ႕၊ သမုိင္းဇာတိ ျဖစ္ပါ တယ္။ သူဟာ ဖဆပလ ၀န္ႀကီးခ်ဳပ္ေဟာင္း ဦးႏုက ဗုိလ္ခ်ဳပ္ႀကီးေန၀င္း ဦးေဆာင္တဲ့ ေတာ္လွန္ ေရးေကာင္စီ ကုိ ႏုိင္ငံေရးအရ အန္တုဖုိ႔ ဖြဲ႕စည္းလုိက္တဲ့ ပါလီမန္ ဒီမုိကေရစီပါတီ (PDP) အဖြဲ႕၀င္ တစ္ဦးျဖစ္ခဲ့ပါ တယ္။ အဲဒီေနာက္ မွာေတာ့ ထုိင္းႏုိင္ငံမွာ ဦးေထြးျမင့္ ဥကၠ႒ အျဖစ္ တာ၀န္ ယူထား တဲ့ ျပည္ခ်စ္ လူငယ္ တပ္ေပါင္းစု ကုိ ေရာက္ရွိ လာၿပီး ျမန္မာျပည္တြင္း မွာ ႏုိင္ငံေရးအရ လႈပ္ရွားမႈမ်ား ျပဳလုပ္ဖုိ႔ တာ၀န္ေပးခံခဲ့ရတာ ျဖစ္ ပါ တယ္ ။

ျမန္မာႏုိင္ငံဟာ လြတ္လပ္ေရးရရွိၿပီးတဲ့ေနာက္ လက္၀ဲ လက္ယာႏုိင္ငံ ေရးေအာက္မွာ လိႈင္းႀကီး ေလထန္ ျဖစ္ခဲ့ပါတယ္။၁၉၆၂ ခုႏွစ္၊ မတ္လ ၂ ရက္ေန႔၊ ပါတီစုံ ဒီမုိကေရစီ စနစ္ကုိ ဖ်က္သိမ္းၿပီး ဗုိလ္ခ်ဳပ္ႀကီးေန၀င္း ဦးေဆာင္တဲ့ တပ္မေတာ္ က အာဏာ သိမ္းယူခဲ့ပါတယ္။အဲဒီေန႔မွာပဲ ဖဆပလ အစုိးရရဲ႕ ေခါင္းေဆာင္ ေတြကုိ ဖမ္းဆီးထိန္းသိမ္းခဲ့ ရာ မွာ ၀န္ႀကီးခ်ဳပ္ ဦးႏုနဲ႔ အစုိးရအဖြဲ႕၀င္ေတြ ပါ၀င္သြားခဲ့ ပါတယ္။ အဲဒီေနာက္ ၁၉၆၆ ခုႏွစ္မွာ လြတ္ၿငိမ္းခ်မ္းသာခြင့္ အမိန္႔ေၾကာင့္ ဦးႏု ဟာ ေထာင္က ျပန္လည္ လြတ္ေျမာက္ လာခဲ့ ပါတယ္ ။

ဒါေပမဲ့ ဦးေန၀င္း အေပၚမွာ အခဲမေက်ျဖစ္ေနတဲ့ ဦးႏုက ဖဆပလ ႏုိင္ငံေရးသမားေဟာင္း ႀကီးေတြနဲ႔အတူ ပါတီစုံစနစ္ကုိ ျပန္လည္ရွင္သန္ဖုိ႔နဲ႔ ဗုိလ္ ခ်ဳပ္ႀကီးေန၀င္းကုိ ျဖဳတ္ခ်ဖုိ႔ အခြင့္အေရးေတြ ရွာေဖြေန ခဲ့ပါ တယ္။အဲဒီအခ်ိန္မွာ တည္ၿမဲနဲ႔ သန္႔ရွင္း ကြဲခဲ့တဲ့ ဖဆပလေခါင္းေဆာင္ေတြ ျပန္လည္ေပါင္းစည္း မိေနပါၿပီ။၁၉၆၇ မွာေတာ့ ဦးႏု က ေတာ္လွန္ေရးေကာင္စီဥကၠ႒ ဗုိလ္ခ်ဳပ္ေန၀င္းထံကုိ “ ဗုဒၶဂါယာ သုိ႔ ဘုရားဖူးသြားလုိေၾကာင္း” ဇာတ္လမ္းဆင္ၿပီး တင္ျပခဲ့ပါ တယ္။ဦးေန၀င္းက ယံုၾကည္ၿပီး ခြင့္ျပဳလုိက္တဲ့အတြက္ ဦးႏုတုိ႔ ဇနီးေမာင္ႏွံဟာ အိႏိၵယကုိ ထြက္ခြာသြားခဲ့ပါတယ္။

အဲဒီကေန မဆလအစိုးရ ျဖဳတ္ခ်မယ့္ အစီအမံေတြ ေရးဆြဲၿပီး အိႏိ္ၵယအစုိးရ ရဲ႕ အကူအညီနဲ႔ အေမရိကန္ႏုိင္ငံ ကုိ ထြက္ခြာလာခဲ့ပါတယ္။အေမရိကန္ကုိ ေရာက္တဲ့အခါ ႏိုင္ငံေရး လုပ္ေဖာ္ကိုင္ဘက္ေတြျဖစ္တဲ့ ဦးေလာ႐ံု၊ ရဲေဘာ္သံုးက်ိပ္၀င္ ဗိုလ္လက်္ာ၊ ဗိုလ္ခ်ဳပ္ဒီကလစ္၊ဗိုလ္ခ်ဳပ္ေစာၾကာဒိုး၊ ဗိုလ္ခ်ဳပ္ ရန္ႏိုင္၊ ဗိုလ္မွဴးႀကီး ဇာလီေမာ္၊ ဗိုလ္ခ်ဳပ္သြင္၊ ဗိုလ္မွဴးႀကီးေက်ာ္ဒင္၊ ဗိုလ္မွဴးႀကီးလွေမာင္၊ ဂ်င္မီယန္း၊ ဗိုလ္ေမာင္ကေလး၊ ဗိုလ္ေအာင္ႀကီး၊ ဗိုလ္ေအာင္ျမင့္၊ ဗိုလ္တက္ထြန္း တို႔နဲ႔ ပါလီမန္ ဒီမိုကေရစီပါတီကို ၁၉၆၉ ခုႏွစ္မွာ ဖြဲ႕စည္းလိုက္ပါ တယ္။

ဒီလို ဖြဲ႕စည္းလိုက္တဲ့အေၾကာင္း ကုလသမဂၢ အေဆာက္အအုံထဲက ႐ုံးခန္းကုိ အသုံးျပဳၿပီး ျမန္မာႏုိင္ငံကုိ အာဏာရွင္စနစ္ က လြတ္ေျမာက္ေစဖုိ႔ လက္နက္ ကုိင္ေတာ္လွန္ေရး လုပ္မယ္လုိ႔ ေၾကညာလုိက္ပါတယ္။

(ဒီလုိ UN အေဆာက္အအုံကုိ ဦးႏု အသုံးျပဳႏုိင္တာဟာ UN အေထြေထြ အတြင္းေရးမွဴး ဦးသန္႔ေၾကာင့္ ဆုိၿပီး ဦးေန၀င္းကလည္း အထင္ လြဲခဲ့ပါတယ္)။

အဲဒီေနာက္ ဦးႏု ဟာ ထုိင္းႏုိင္ငံကုိ သြားေရာက္ အေျခစုိက္ကာ ၁၉၆၈ ခုႏွစ္မွာ ပါလီမန္ဒီမုိကေရစီပါတီ (PDP )ကုိ ဖြဲ႕စည္းခဲ့ပါတယ္။

ထိုင္းကို သြားေရာက္ခဲ့တာဟာ ေနးရွင္း သတင္းစာပိုင္ရွင္ ဦးေလာ႐ံုရဲ႕ အားေပးေထာက္ခံမႈေတြနဲ႔ ေက အင္န္ယူ၊ မြန္ျပည္သစ္ပါတီတို႔ရဲ႕ ဖိတ္ေခၚမႈေတြေၾကာင့္ ထိုင္း-ျမန္မာ နယ္စပ္ကို အေျခစိုက္ခဲ့ တာျဖစ္ပါတယ္။အဲဒီေနာက္ ပါတီရွိၿပီး လက္နက္ကုိင္တပ္ ရွိမယ္ဆုိတဲ့ အယူအဆေၾကာင့္ ၁၉၇၀ မွာ ဘီဘီစီသတင္းဌာနမွာ အလုပ္ ၀င္ေရာက္ လုပ္ကုိင္ေနတဲ့ ဦးေက်ာ္ၿငိမ္းရဲ႕ ညီအစ္ကုိ၀မ္းကြဲ ဦးေထြးျမင့္ကုိ ေခၚယူကာ ျပည္ခ်စ္လူငယ္ တပ္ေပါင္းစုကို ဖြဲ႕စည္းၿပီး ဥကၠ႒အျဖစ္တာ၀န္ေပး ခဲ့ပါတယ္။

ဦးေထြးျမင့္ကလည္း ျပည္တြင္းမွာရွိတဲ့ လူတခ်ိဳ႕ကုိ လွမ္းေခၚၿပီး ျပည္တြင္းထဲမွာ ဆူပူလႈပ္ရွားမႈေတြလုပ္ဖုိ႔ စီမံခ်က္ ေရးဆြဲ ခဲ့ပါတယ္။ အဲဒီအခ်ိန္က ရန္ကုန္ၿမိဳ႕ထဲကုိ ဗကပေျမေအာက္ UG ေတြေရာ၊ PDP ေတြ ေရာ စိမ့္၀င္ေနတဲ့ကာလ ျဖစ္ပါ တယ္။သူတုိ႔ေတြရဲ႕ ၿခိမ္းေျခာက္ မႈေၾကာင့္ ရန္ကုန္ၿမိဳ႕ရဲ႕ အခ်က္ အခ်ာက်တဲ့ ေနရာေတြမွာ လည္း ဗုံးကြဲမႈေတြ ေပၚေပါက္ ခဲ့ပါတယ္။မဆလအစုိးရရဲ႕ ၀ါဒျဖန္႔ခ်ိေရး သတင္းစာျဖစ္တဲ့ (လုပ္သား ျပည္သူ႔ေန႔စဥ္) သတင္းစာတိုက္ မွာ ဗုံးကြဲခဲ့သလုိ လူစည္ကား ရာ ေနရာျဖစ္တဲ့ ရန္ကုန္ေဆး႐ုံႀကီး ပင္မ၀င္ေပါက္ဂိတ္မွာလည္း ဗုံးကြဲခဲ့ပါတယ္။

” အင္းစိန္ေထာင္ အတြင္း မွ ပရေလာကသားမ်ား ” ( ျဖစ္ရပ္မွန္ အပုိင္း – ( ၄ ) )

အထူးသျဖင့္ အဲဒီ အခ်ိန္က မဆလ အစိုးရ ျပည္ထဲ ေရး၀န္ႀကီးဌာန အတြင္း၀န္ျဖစ္တဲ့ ဦးကုိကုိရဲ႕အိမ္မွာ ဗုံးေပါက္ကြဲခဲ့ ၿပီးတဲ့ေနာက္မွာေတာ့ ဗုိလ္ခ်ဳပ္ႀကီး ေန၀င္းရဲ႕ ေဒါသဟာ အထြတ္ အထိပ္ ေရာက္သြားပါတယ္။ဒါေၾကာင့္ တပ္မေတာ္ ေထာက္ လွမ္းေရး ကုိ အျပည့္အ၀အသုံးခ် ၿပီး ျပည္တြင္းထဲကုိ စိမ့္၀င္ေနတဲ့ UG ေတြကုိ ရွာေဖြေဖာ္ထုတ္ဖမ္း ဆီးခဲ့ပါတယ္။ဒါေၾကာင့္ ေက်ာင္းသားေခါင္းေဆာင္ တစ္ဦးျဖစ္တဲ့ ဆလုိင္းတင္ေမာင္ဦးကုိ လက္ပစ္ ဗုံးႏွစ္လုံး၊ ေသနတ္တစ္လက္နဲ႔ ဖမ္းဆီးမိခဲ့သလုိ ျပည္တြင္းမွာ စည္း႐ုံးေရးလုပ္ဖုိ႔ တိတ္တဆိတ္ ၀င္ေရာက္လာတဲ့ ဦးေထြးျမင့္ကုိ လည္း ဖမ္းဆီးရမိခဲ့ပါတယ္။

အဲဒီ ကေနတစ္ဆင့္ ျပည္ခ်စ္လူငယ္ တပ္ေပါင္းစုအဖြဲ႕၀င္ေတြျဖစ္တဲ့ ကုိၫြန္႔တင္၊ ကုိတင္ေအာင္၊ ေစာလွ၀င္းနဲ႔ ဘေဆြေလးတုိ႔ကုိ ဆက္ တုိက္ဆုိသလုိ ဖမ္းဆီးရမိခဲ့ပါ တယ္။ ဒီလူေတြအားလုံးကုိ ဦးေန၀င္းက ႏုိင္ငံေတာ္ပုန္ကန္မႈပုဒ္မ ေတြနဲ႔ ေသဒဏ္အသီးသီး ခ်မွတ္ ခဲ့ပါတယ္။စစ္ေဆးေပၚေပါက္ ခ်က္မ်ားအရ ျပည္ေျပးၫြန္႔တင္ ဟာ ရန္ကုန္ေဆး႐ုံႀကီးမွာ ဗုံးေထာင္ခဲ့တဲ့အတြက္ ၁၉၇၄ ခုႏွစ္ မွာ ေသဒဏ္အမိန္႔ ခ်မွတ္ခဲ့ပါ တယ္။

၁၉၇၅ ခုႏွစ္မွာ ႏုိင္ငံေတာ္သမၼတ က အသနားခံစာကုိ ပယ္ခ်ၿပီးတဲ့ ေနာက္မွာေတာ့ သူ႔ကုိႀကိဳးေပးဖုိ႔ အက်ဥ္းဦးစီးဌာနက စီမံခဲ့ပါတယ္။ကုိၫြန္႔တင္ဟာ အရပ္ပုပ်ပ္ပ်ပ္ ခပ္က်စ္က်စ္ကုိယ္လုံး ရွိပါတယ္။ အေနေအးၿပီး က်ားထုိး အင္မတန္ေတာ္ပါတယ္။ သူ႔ ကုိ ႀကိဳးေပးဖုိ႔ အတည္ျပဳၿပီးတဲ့ အခ်ိန္မွာ ကုိယ္အေလးခ်ိန္နဲ႔ အရပ္လာတုိင္းပါတယ္။အဲဒီေနာက္မွာေတာ့ ေထာင္အလုပ္ႀကီး၀င္း ရက္ကန္းဌာနက လက္ေရြးစင္အက်ဥ္းသားေတြကုိ ေရြးထုတ္ၿပီး ႀကိဳးတုိက္မွာ ပဲ ႀကိဳး က်စ္ေစခဲ့ပါတယ္။

ႀကိဳးေပးမယ့္ ေန႔ မေရာက္ခင္ တစ္ရက္အလုိမွာ ေတာ့ ကုိၫြန္႔တင္ကုိ ႀကိဳးစင္နဲ႔ အနီးဆုံး ေနရာ ျဖစ္တဲ့ ၅ တုိက္၊ အခန္း ၂၂ ကုိ ေျပာင္းေရႊ႕လုိက္ ပါတယ္။အဲဒီေန႔က ကုိၫြန္႔တင္ရဲ႕ အခန္းကုိ တျခားအက်ဥ္းသားေတြ မျမင္ေအာင္ ဖ်ာေတြနဲ႔ကာရံ ထားခဲ့ပါတယ္။ ဒါေပမဲ့ ႀကိဳးသမားတစ္ေယာက္ရဲ႕ အခြင့္အေရး အျဖစ္ မိသားစုနဲ႔ ေတြ႕ခြင့္ရပါ တယ္။ကုိၫြန္႔တင္က သူ႔ရဲ႕ဇနီး ထံကုိ သူႀကိဳက္ႏွစ္သက္တဲ့ ရမ္အရက္တစ္ပုလင္း ယူလာခုိင္းပါ တယ္။

ညေန ၅ နာရီ အခ်ိန္ ေလာက္ ေထာင္ပုိင္ႀကီး ႐ုံးခန္းမွာ ဇနီးသည္နဲ႔ လြတ္လြတ္လပ္လပ္ ေတြ႕ ခြင့္ရပါ တယ္။ ကုိၫြန္႔တင္က အလြန္ ေအးေဆး တည္ၿငိမ္ေနၿပီး မိန္းမျဖစ္သူကုိ “ မနက္ျဖန္ ငါ အိမ္ျပန္လာခဲ့မယ္” လုိ႔ေတာင္ မွာ သြားေသးပါတယ္။အဲဒီေနာက္ ၅ တုိက္ကုိ ျပန္ေရာက္ၿပီး ေထာင္က သူစားခ်င္တာကုိမွာၾကားႏုိင္ေၾကာင္း တုိက္တာ၀န္ခံ ေထာင္မွဴးႀကီးက အေၾကာင္းၾကားလာပါတယ္။ကုိၫြန္႔တင္ကလည္း ငါးသုံးလုံး စီးကရက္ တစ္ဘူးနဲ႔ ေရခဲမုန္႔ တစ္ပြဲ မွာၾကားပါတယ္။ တာ၀န္ က်၀န္ထမ္းတစ္ဦးလာပုိ႔တဲ့ ေရခဲမုန္႔ကုိ စားၿပီးတဲ့ေနာက္ ေထာင္ပရ၀ဏ္ထဲမွာရွိတဲ့ ဘုန္းႀကီး ေက်ာင္းက ဘုန္းႀကီးသုံးပါး ႂကြလာပါတယ္။

” အင္းစိန္ေထာင္ အတြင္း မွ ပရေလာကသားမ်ား ” ( ျဖစ္ရပ္မွန္ အပုိင္း – ( ၄ ) )

ကုိၫြန္႔တင္ကလည္း တုိက္ခန္း ၂၂ ထဲမွာ သရဏဂုံ တင္ေပးတာကုိ ေအးေအးေဆးေဆး နာၾကားပါတယ္။အခန္း ၂၂ ဟာ ႀကိဳးေပးမယ့္အက်ဥ္း သားေတြကုိ ေနာက္ဆုံးညထားတဲ့ အခန္းမုိ႔လုိ႔လားမသိဘူး။ေျခာက္လန္႔မႈေတြ ရွိတယ္လုိ႔ ညဘက္ တာ၀န္က်တဲ့ အက်ဥ္း၀န္ထမ္း တခ်ိဳ႕က ေျပာဖူးပါတယ္။ တစ္ခါ တုန္းက နယ္ကေျပာင္းေရႊ႕လာတဲ့ ဒုတပ္ၾကပ္တစ္ေယာက္ဟာ အင္း စိန္ေထာင္ကုိ ေရာက္ေရာက္ ခ်င္းပဲ ၅ တုိက္မွာ တာ၀န္က်ပါ တယ္။တာ၀န္ခ်ိန္ဟာ လည္း ည ၆၊ မနက္ ၆ ပါ။ ညဘက္ ၅ တုိက္ ကုိ ၀င္ၿပီးလူစစ္ေတာ့ လူမရွိတဲ့ အခန္း ၂၂ ဟာ ေမွာင္မည္းေန တာ ေတြ႕ရပါ တယ္။ ဒါေၾကာင့္ အဲဒီ၀န္ထမ္းက အခန္းေရွ႕မွာ လွမ္းေအာ္ေျပာပါတယ္။

“ မီးပ်က္ေနတာလား။ လူမရွိ တာလား ေဟ့ “

အဲဒီအခ်ိန္မွာပဲ အခန္းထဲက ျပန္ေျဖသံကုိ ၾကားခဲ့ရပါတယ္။

“ ငါရွိတယ္ကြ ”

ဒုတပ္ၾကပ္ကလည္း အထဲ က ျပန္ေျဖသံေၾကာင့္ ၅ တုိက္ လူစာရင္းထဲမွာ ၂၂ က တစ္ေယာက္ပါေပါင္းၿပီး ေထာင္ပိတ္ စာရင္းေပးလုိက္တယ္။

ေထာင္က လူေပါင္းစစ္တဲ့အခါ တစ္ေယာက္ ပုိေနတယ္။ ဒီေတာ့ ၀န္ထမ္းေတြ ကုိ ျပန္စစ္ခုိင္း လုိက္တယ္။ ဒု တပ္ၾကပ္ လူစစ္ေတာ့ အခန္း ၂၂ က အရင္အတုိင္းပဲ ျပန္ေျဖတယ္။ေနာက္ဆုံး မသကၤာလုိ႔ ဓာတ္မီးနဲ႔ ထုိးၾကည့္ေတာ့မွ လူတစ္ေယာက္ မွမရွိတာကုိ ေတြ႕ရၿပီး အက်ဥ္း ဦးစီး ဒုတပ္ၾကပ္လည္း အေတာ္ ထိတ္လန္႔သြားတယ္လုိ႔ ၾကားခဲ့ဖူး ပါတယ္။ကုိၫြန္႔တင္ကုိ ႀကိဳးေပးမယ့္ ညကေတာ့ အက်ဥ္းဦးစီး၀န္ထမ္း ေတြကေတာ့ အေရးႀကီးတဲ့အခ်ိန္ ျဖစ္လုိ႔ အားလုံးကုိ Stand By လုပ္ၿပီး တပ္လွန္႔ထားပါတယ္။

ညဦးပုိင္းေရာက္တဲ့အခါမွာေတာ့ ကုိၫြန္႔တင္က ၀န္ထမ္းကုိ လွမ္း ေခၚၿပီး သူ က်ားထုိးခ်င္ေၾကာင္း ေျပာပါတယ္။ တာ၀န္က်၀န္ထမ္း ေတြကေတာ့ မနက္ျဖန္ ႀကိဳးေပး ေတာ့မယ့္ ေသဒဏ္အက်ဥ္းသား တစ္ေယာက္နဲ႔ က်ားထုိးဖုိ႔၀န္ေလး ေနၾကပါတယ္။ ဘယ္သူမွ ခုိင္းလုိ႔ မရပါဘူး။ေနာက္ဆုံး တုိက္တာ၀န္က်ေထာင္မွဴးက ေထာင္ပုိင္ကုိ အခ်ိန္မေတာ္ သြားသတင္းပုိ႔ရင္ အဆဲခံရမွာ စုိးတဲ့အတြက္ သူ ကုိယ္တုိင္ပဲ ကုိၫြန္႔တင္နဲ႔ က်ားထုိးဖုိ႔ ဆုံးျဖတ္လုိက္ပါတယ္။

ဒါ ေၾကာင့္ ကုိၫြန္႔တင္ရဲ႕အခန္းက ဖ်ာေတြကုိ ဖယ္ရွားၿပီး သံတုိင္ ဟုိဘက္ျခမ္း၊ ဒီဘက္ျခမ္းထုိင္ၿပီး က်ားထုိးၾကပါတယ္။

ကုိၫြန္႔တင္ က သူေတာင္းဆုိလုိ႔ ရထားတဲ့ ငါးသုံးလုံးစီးကရက္ဘူးနဲ႔ ေထာင္ မွဴးကုိ ျပန္ဧည့္ခံပါတယ္။ က်ား ထုိးတဲ့အခါ သူက အရမ္းေကာင္းေတာ့ ေထာင္မွဴးက ပြဲတုိင္း႐ႈံးေနတယ္။ ေနာက္ဆုံးေဘးက ရပ္ၾကည့္ေနတဲ့ ေထာင္၀ါဒါေတြထဲက က်ားထုိးေကာင္းတဲ့သူကုိ ကုိၫြန္႔ တင္က ဖိတ္ေခၚတယ္။

၀န္ထမ္း ေတြလည္း အေၾကာက္အလန္႔ ေလ်ာ့သြားၿပီး ကုိၫြန္႔တင္နဲ႔က်ား ထုိးၾကည့္ပါတယ္။ ဒါေပမဲ့ ဘယ္ သူနဲ႔ပဲ ထုိးထုိး သူကပဲ အႏုိင္ယူ သြားပါတယ္။

ကုိၫြန္႔တင္ကုိ ၾကည့္ရ တာ က်ားထုိးလုိက္၊ ေဆး လိပ္ေလး ေသာက္လုိက္နဲ႔ ခပ္ ေအးေအးပါပဲ။ ဒီလုိနဲ႔ တျဖည္း ျဖည္း ညနက္လာပါတယ္။

“ ေဒါင္ .. ေဒါင္ .. “

ေထာင္ဗူး၀ဂတ္ႀကီးက နံနက္ ၂ နာရီသံေခ်ာင္းေခါက္သံ ၾကား လုိက္ရပါတယ္။ အဲဒီေတာ့မွ ကုိ ၫြန္႔တင္က ခါးဆန္႔ၿပီး ေထာင္ မွဴးကုိ လွမ္းေျပာပါတယ္။

“ ကဲ..ညဥ့္နက္ၿပီ။ တစ္ေရး တေမာေလာက္ေတာ့ အိပ္ေရး၀၀ အိပ္လုိက္ဦးမယ္။ မနက္က်လည္း အေစာႀကီးထၿပီး ႀကိဳးေပးခံရဦး မွာ …”

ကုိၫြန္႔တင္ရဲ႕ စကားေၾကာင့္ အက်ဥ္းဦးစီး ၀န္ထမ္းအားလုံး အံ့ၾသမွင္တက္သြားပါတယ္။ ေသျခင္းတရားကုိ ရင္ဆုိင္ရတဲ့ ႀကိဳး သမားေတြကုိ သူတုိ႔လည္း ႀကံဳ ေတြ႕ခဲ့ဖူးပါတယ္။ဒါေပမဲ့ ျပည္ ေျပး ၫြန္႔တင္ေလာက္ ေသျခင္း တရားကုိ ေအးေအး ေဆးေဆး တည္တည္ၿငိမ္ၿငိမ္ ရင္ဆုိင္ႏုိင္တဲ့ သူ မေတြ႕ဖူးေသးပါဘူး။ကုိၫြန္႔ တင္ကေတာ့ တကယ္ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္သြားၿပီး ေနာက္ တစ္ေန႔ မနက္ ၃ နာရီခြဲမွာ ႀကိဳးေပးဖုိ႔ အတြက္လာႏိႈးမွႏိုးပါတယ္။မနက္ ေထာင္မဖြင့္ခင္မွာ ျပည္ေျပးၫြန္႔တင္ကုိ ႀကိဳးေပး လုိက္ေပမယ့္ ထူးထူးျခားျခား က်ီးၿပိဳသံေတာင္ လူေတြ သတိ မထားလုိက္မိပါဘူး။

အရာအား လံုး တိတ္တိတ္ဆိတ္ဆိတ္ ပါပဲ။ ဒါေၾကာင့္ ႏုိင္ငံေရးအာဃာတ ေတြနဲ႔ လူတစ္ေယာက္ ႀကိဳးေပး သတ္ခံလုိက္ရတာကုိလည္း သတိ ထားမိတဲ့ အက်ဥ္းသား အေတာ္ နည္းတယ္လုိ႔သိလုိက္ရပါတယ္။

ဒါကေတာ့ သူတုိ႔ေျပာတဲ့ ႀကိဳးတုိက္အတြင္း ေသဒဏ္ေပးခံ လိုက္ရတဲ့ ျပည္ေျပးၫြန္႔တင္ရဲ႕ အျဖစ္အပ်က္ တစ္ခုပါပဲ။

ေနာက္တစ္ခုကေတာ့ ..။

ဆက္လက္ေဖာ္ျပပါမည္။

Credit – ေဇာ္သက္ေထြး

ျပီးခဲ႔ေသာ အခန္းဆက္မ်ား ဖတ္ရႈလိုပါက ေအာက္တြင္ မိမိဖတ္လိုေသာအပိုင္းကို ႏွိပ္လုိက္ပါ….

” အင္းစိန္ေထာင္ အတြင္း မွ ပရေလာကသားမ်ား ” ( ျဖစ္ရပ္မွန္ အပုိင္း – ( ၃ ) )

” အင္းစိန္ေထာင္ အတြင္း မွ ပရေလာကသားမ်ား ” ( ျဖစ္ရပ္မွန္ အပုိင္း – ( ၅ ) )

Unicode

အင်း စိန် ထောင် မှ ဂန္ထဝင်စိမ်း – ( ၄ ) ။ ။

မဆလ အစိုးရ က “ပြည်ပြေး” လို့ ခေါ်ဝေါ်ခဲ့တဲ့ PDP က ကိုညွန့်တင် ဟာ ရန်ကုန်မြို့၊ သမိုင်းဇာတိ ဖြစ်ပါ တယ်။ သူဟာ ဖဆပလ ဝန်ကြီးချုပ်ဟောင်း ဦးနုက ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်တဲ့ တော်လှန် ရေးကောင်စီ ကို နိုင်ငံရေးအရ အန်တုဖို့ ဖွဲ့စည်းလိုက်တဲ့ ပါလီမန် ဒီမိုကရေစီပါတီ (PDP) အဖွဲ့ဝင် တစ်ဦးဖြစ်ခဲ့ပါ တယ်။ အဲဒီနောက် မှာတော့ ထိုင်းနိုင်ငံမှာ ဦးထွေးမြင့် ဥက္ကဋ္ဌ အဖြစ် တာဝန် ယူထား တဲ့ ပြည်ချစ် လူငယ် တပ်ပေါင်းစု ကို ရောက်ရှိ လာပြီး မြန်မာပြည်တွင်း မှာ နိုင်ငံရေးအရ လှုပ်ရှားမှုများ ပြုလုပ်ဖို့ တာဝန်ပေးခံခဲ့ရတာ ဖြစ် ပါ တယ် ။

မြန်မာနိုင်ငံဟာ လွတ်လပ်ရေးရရှိပြီးတဲ့နောက် လက်ဝဲ လက်ယာနိုင်ငံ ရေးအောက်မှာ လှိုင်းကြီး လေထန် ဖြစ်ခဲ့ပါတယ်။၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့၊ ပါတီစုံ ဒီမိုကရေစီ စနစ်ကို ဖျက်သိမ်းပြီး ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်တဲ့ တပ်မတော် က အာဏာ သိမ်းယူခဲ့ပါတယ်။အဲဒီနေ့မှာပဲ ဖဆပလ အစိုးရရဲ့ ခေါင်းဆောင် တွေကို ဖမ်းဆီးထိန်းသိမ်းခဲ့ ရာ မှာ ဝန်ကြီးချုပ် ဦးနုနဲ့ အစိုးရအဖွဲ့ဝင်တွေ ပါဝင်သွားခဲ့ ပါတယ်။ အဲဒီနောက် ၁၉၆၆ ခုနှစ်မှာ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ကြောင့် ဦးနု ဟာ ထောင်က ပြန်လည် လွတ်မြောက် လာခဲ့ ပါတယ် ။

ဒါပေမဲ့ ဦးနေဝင်း အပေါ်မှာ အခဲမကျေဖြစ်နေတဲ့ ဦးနုက ဖဆပလ နိုင်ငံရေးသမားဟောင်း ကြီးတွေနဲ့အတူ ပါတီစုံစနစ်ကို ပြန်လည်ရှင်သန်ဖို့နဲ့ ဗိုလ် ချုပ်ကြီးနေဝင်းကို ဖြုတ်ချဖို့ အခွင့်အရေးတွေ ရှာဖွေနေ ခဲ့ပါ တယ်။အဲဒီအချိန်မှာ တည်မြဲနဲ့ သန့်ရှင်း ကွဲခဲ့တဲ့ ဖဆပလခေါင်းဆောင်တွေ ပြန်လည်ပေါင်းစည်း မိနေပါပြီ။၁၉၆၇ မှာတော့ ဦးနု က တော်လှန်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်နေဝင်းထံကို “ ဗုဒ္ဓဂါယာ သို့ ဘုရားဖူးသွားလိုကြောင်း” ဇာတ်လမ်းဆင်ပြီး တင်ပြခဲ့ပါ တယ်။ဦးနေဝင်းက ယုံကြည်ပြီး ခွင့်ပြုလိုက်တဲ့အတွက် ဦးနုတို့ ဇနီးမောင်နှံဟာ အိန္ဒိယကို ထွက်ခွာသွားခဲ့ပါတယ်။

အဲဒီကနေ မဆလအစိုးရ ဖြုတ်ချမယ့် အစီအမံတွေ ရေးဆွဲပြီး အိန္ဒိယအစိုးရ ရဲ့ အကူအညီနဲ့ အမေရိကန်နိုင်ငံ ကို ထွက်ခွာလာခဲ့ပါတယ်။အမေရိကန်ကို ရောက်တဲ့အခါ နိုင်ငံရေး လုပ်ဖော်ကိုင်ဘက်တွေဖြစ်တဲ့ ဦးလောရုံ၊ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်လကျ်ာ၊ ဗိုလ်ချုပ်ဒီကလစ်၊ဗိုလ်ချုပ်စောကြာဒိုး၊ ဗိုလ်ချုပ် ရန်နိုင်၊ ဗိုလ်မှူးကြီး ဇာလီမော်၊ ဗိုလ်ချုပ်သွင်၊ ဗိုလ်မှူးကြီးကျော်ဒင်၊ ဗိုလ်မှူးကြီးလှမောင်၊ ဂျင်မီယန်း၊ ဗိုလ်မောင်ကလေး၊ ဗိုလ်အောင်ကြီး၊ ဗိုလ်အောင်မြင့်၊ ဗိုလ်တက်ထွန်း တို့နဲ့ ပါလီမန် ဒီမိုကရေစီပါတီကို ၁၉၆၉ ခုနှစ်မှာ ဖွဲ့စည်းလိုက်ပါ တယ်။

ဒီလို ဖွဲ့စည်းလိုက်တဲ့အကြောင်း ကုလသမဂ္ဂ အဆောက်အအုံထဲက ရုံးခန်းကို အသုံးပြုပြီး မြန်မာနိုင်ငံကို အာဏာရှင်စနစ် က လွတ်မြောက်စေဖို့ လက်နက် ကိုင်တော်လှန်ရေး လုပ်မယ်လို့ ကြေညာလိုက်ပါတယ်။

(ဒီလို UN အဆောက်အအုံကို ဦးနု အသုံးပြုနိုင်တာဟာ UN အထွေထွေ အတွင်းရေးမှူး ဦးသန့်ကြောင့် ဆိုပြီး ဦးနေဝင်းကလည်း အထင် လွဲခဲ့ပါတယ်)။

အဲဒီနောက် ဦးနု ဟာ ထိုင်းနိုင်ငံကို သွားရောက် အခြေစိုက်ကာ ၁၉၆၈ ခုနှစ်မှာ ပါလီမန်ဒီမိုကရေစီပါတီ (PDP )ကို ဖွဲ့စည်းခဲ့ပါတယ်။

ထိုင်းကို သွားရောက်ခဲ့တာဟာ နေးရှင်း သတင်းစာပိုင်ရှင် ဦးလောရုံရဲ့ အားပေးထောက်ခံမှုတွေနဲ့ ကေ အင်န်ယူ၊ မွန်ပြည်သစ်ပါတီတို့ရဲ့ ဖိတ်ခေါ်မှုတွေကြောင့် ထိုင်း-မြန်မာ နယ်စပ်ကို အခြေစိုက်ခဲ့ တာဖြစ်ပါတယ်။အဲဒီနောက် ပါတီရှိပြီး လက်နက်ကိုင်တပ် ရှိမယ်ဆိုတဲ့ အယူအဆကြောင့် ၁၉၇၀ မှာ ဘီဘီစီသတင်းဌာနမှာ အလုပ် ဝင်ရောက် လုပ်ကိုင်နေတဲ့ ဦးကျော်ငြိမ်းရဲ့ ညီအစ်ကိုဝမ်းကွဲ ဦးထွေးမြင့်ကို ခေါ်ယူကာ ပြည်ချစ်လူငယ် တပ်ပေါင်းစုကို ဖွဲ့စည်းပြီး ဥက္ကဋ္ဌအဖြစ်တာဝန်ပေး ခဲ့ပါတယ်။

ဦးထွေးမြင့်ကလည်း ပြည်တွင်းမှာရှိတဲ့ လူတချို့ကို လှမ်းခေါ်ပြီး ပြည်တွင်းထဲမှာ ဆူပူလှုပ်ရှားမှုတွေလုပ်ဖို့ စီမံချက် ရေးဆွဲ ခဲ့ပါတယ်။ အဲဒီအချိန်က ရန်ကုန်မြို့ထဲကို ဗကပမြေအောက် UG တွေရော၊ PDP တွေ ရော စိမ့်ဝင်နေတဲ့ကာလ ဖြစ်ပါ တယ်။သူတို့တွေရဲ့ ခြိမ်းခြောက် မှုကြောင့် ရန်ကုန်မြို့ရဲ့ အချက် အချာကျတဲ့ နေရာတွေမှာ လည်း ဗုံးကွဲမှုတွေ ပေါ်ပေါက် ခဲ့ပါတယ်။မဆလအစိုးရရဲ့ ဝါဒဖြန့်ချိရေး သတင်းစာဖြစ်တဲ့ (လုပ်သား ပြည်သူ့နေ့စဉ်) သတင်းစာတိုက် မှာ ဗုံးကွဲခဲ့သလို လူစည်ကား ရာ နေရာဖြစ်တဲ့ ရန်ကုန်ဆေးရုံကြီး ပင်မဝင်ပေါက်ဂိတ်မှာလည်း ဗုံးကွဲခဲ့ပါတယ်။

အထူးသဖြင့် အဲဒီ အချိန်က မဆလ အစိုးရ ပြည်ထဲ ရေးဝန်ကြီးဌာန အတွင်းဝန်ဖြစ်တဲ့ ဦးကိုကိုရဲ့အိမ်မှာ ဗုံးပေါက်ကွဲခဲ့ ပြီးတဲ့နောက်မှာတော့ ဗိုလ်ချုပ်ကြီး နေဝင်းရဲ့ ဒေါသဟာ အထွတ် အထိပ် ရောက်သွားပါတယ်။ဒါကြောင့် တပ်မတော် ထောက် လှမ်းရေး ကို အပြည့်အဝအသုံးချ ပြီး ပြည်တွင်းထဲကို စိမ့်ဝင်နေတဲ့ UG တွေကို ရှာဖွေဖော်ထုတ်ဖမ်း ဆီးခဲ့ပါတယ်။ဒါကြောင့် ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ဆလိုင်းတင်မောင်ဦးကို လက်ပစ် ဗုံးနှစ်လုံး၊ သေနတ်တစ်လက်နဲ့ ဖမ်းဆီးမိခဲ့သလို ပြည်တွင်းမှာ စည်းရုံးရေးလုပ်ဖို့ တိတ်တဆိတ် ဝင်ရောက်လာတဲ့ ဦးထွေးမြင့်ကို လည်း ဖမ်းဆီးရမိခဲ့ပါတယ်။

အဲဒီ ကနေတစ်ဆင့် ပြည်ချစ်လူငယ် တပ်ပေါင်းစုအဖွဲ့ဝင်တွေဖြစ်တဲ့ ကိုညွန့်တင်၊ ကိုတင်အောင်၊ စောလှဝင်းနဲ့ ဘဆွေလေးတို့ကို ဆက် တိုက်ဆိုသလို ဖမ်းဆီးရမိခဲ့ပါ တယ်။ ဒီလူတွေအားလုံးကို ဦးနေဝင်းက နိုင်ငံတော်ပုန်ကန်မှုပုဒ်မ တွေနဲ့ သေဒဏ်အသီးသီး ချမှတ် ခဲ့ပါတယ်။စစ်ဆေးပေါ်ပေါက် ချက်များအရ ပြည်ပြေးညွန့်တင် ဟာ ရန်ကုန်ဆေးရုံကြီးမှာ ဗုံးထောင်ခဲ့တဲ့အတွက် ၁၉၇၄ ခုနှစ် မှာ သေဒဏ်အမိန့် ချမှတ်ခဲ့ပါ တယ်။

၁၉၇၅ ခုနှစ်မှာ နိုင်ငံတော်သမ္မတ က အသနားခံစာကို ပယ်ချပြီးတဲ့ နောက်မှာတော့ သူ့ကိုကြိုးပေးဖို့ အကျဉ်းဦးစီးဌာနက စီမံခဲ့ပါတယ်။ကိုညွန့်တင်ဟာ အရပ်ပုပျပ်ပျပ် ခပ်ကျစ်ကျစ်ကိုယ်လုံး ရှိပါတယ်။ အနေအေးပြီး ကျားထိုး အင်မတန်တော်ပါတယ်။ သူ့ ကို ကြိုးပေးဖို့ အတည်ပြုပြီးတဲ့ အချိန်မှာ ကိုယ်အလေးချိန်နဲ့ အရပ်လာတိုင်းပါတယ်။အဲဒီနောက်မှာတော့ ထောင်အလုပ်ကြီးဝင်း ရက်ကန်းဌာနက လက်ရွေးစင်အကျဉ်းသားတွေကို ရွေးထုတ်ပြီး ကြိုးတိုက်မှာ ပဲ ကြိုး ကျစ်စေခဲ့ပါတယ်။

ကြိုးပေးမယ့် နေ့ မရောက်ခင် တစ်ရက်အလိုမှာ တော့ ကိုညွန့်တင်ကို ကြိုးစင်နဲ့ အနီးဆုံး နေရာ ဖြစ်တဲ့ ၅ တိုက်၊ အခန်း ၂၂ ကို ပြောင်းရွှေ့လိုက် ပါတယ်။အဲဒီနေ့က ကိုညွန့်တင်ရဲ့ အခန်းကို တခြားအကျဉ်းသားတွေ မမြင်အောင် ဖျာတွေနဲ့ကာရံ ထားခဲ့ပါတယ်။ ဒါပေမဲ့ ကြိုးသမားတစ်ယောက်ရဲ့ အခွင့်အရေး အဖြစ် မိသားစုနဲ့ တွေ့ခွင့်ရပါ တယ်။ကိုညွန့်တင်က သူ့ရဲ့ဇနီး ထံကို သူကြိုက်နှစ်သက်တဲ့ ရမ်အရက်တစ်ပုလင်း ယူလာခိုင်းပါ တယ်။

ညနေ ၅ နာရီ အချိန် လောက် ထောင်ပိုင်ကြီး ရုံးခန်းမှာ ဇနီးသည်နဲ့ လွတ်လွတ်လပ်လပ် တွေ့ ခွင့်ရပါ တယ်။ ကိုညွန့်တင်က အလွန် အေးဆေး တည်ငြိမ်နေပြီး မိန်းမဖြစ်သူကို “ မနက်ဖြန် ငါ အိမ်ပြန်လာခဲ့မယ်” လို့တောင် မှာ သွားသေးပါတယ်။အဲဒီနောက် ၅ တိုက်ကို ပြန်ရောက်ပြီး ထောင်က သူစားချင်တာကိုမှာကြားနိုင်ကြောင်း တိုက်တာဝန်ခံ ထောင်မှူးကြီးက အကြောင်းကြားလာပါတယ်။ကိုညွန့်တင်ကလည်း ငါးသုံးလုံး စီးကရက် တစ်ဘူးနဲ့ ရေခဲမုန့် တစ်ပွဲ မှာကြားပါတယ်။ တာဝန် ကျဝန်ထမ်းတစ်ဦးလာပို့တဲ့ ရေခဲမုန့်ကို စားပြီးတဲ့နောက် ထောင်ပရဝဏ်ထဲမှာရှိတဲ့ ဘုန်းကြီး ကျောင်းက ဘုန်းကြီးသုံးပါး ကြွလာပါတယ်။

ကိုညွန့်တင်ကလည်း တိုက်ခန်း ၂၂ ထဲမှာ သရဏဂုံ တင်ပေးတာကို အေးအေးဆေးဆေး နာကြားပါတယ်။အခန်း ၂၂ ဟာ ကြိုးပေးမယ့်အကျဉ်း သားတွေကို နောက်ဆုံးညထားတဲ့ အခန်းမို့လို့လားမသိဘူး။ခြောက်လန့်မှုတွေ ရှိတယ်လို့ ညဘက် တာဝန်ကျတဲ့ အကျဉ်းဝန်ထမ်း တချို့က ပြောဖူးပါတယ်။ တစ်ခါ တုန်းက နယ်ကပြောင်းရွှေ့လာတဲ့ ဒုတပ်ကြပ်တစ်ယောက်ဟာ အင်း စိန်ထောင်ကို ရောက်ရောက် ချင်းပဲ ၅ တိုက်မှာ တာဝန်ကျပါ တယ်။တာဝန်ချိန်ဟာ လည်း ည ၆၊ မနက် ၆ ပါ။ ညဘက် ၅ တိုက် ကို ဝင်ပြီးလူစစ်တော့ လူမရှိတဲ့ အခန်း ၂၂ ဟာ မှောင်မည်းနေ တာ တွေ့ရပါ တယ်။ ဒါကြောင့် အဲဒီဝန်ထမ်းက အခန်းရှေ့မှာ လှမ်းအော်ပြောပါတယ်။

“ မီးပျက်နေတာလား။ လူမရှိ တာလား ဟေ့ “

အဲဒီအချိန်မှာပဲ အခန်းထဲက ပြန်ဖြေသံကို ကြားခဲ့ရပါတယ်။

“ ငါရှိတယ်ကွ ”

ဒုတပ်ကြပ်ကလည်း အထဲ က ပြန်ဖြေသံကြောင့် ၅ တိုက် လူစာရင်းထဲမှာ ၂၂ က တစ်ယောက်ပါပေါင်းပြီး ထောင်ပိတ် စာရင်းပေးလိုက်တယ်။

ထောင်က လူပေါင်းစစ်တဲ့အခါ တစ်ယောက် ပိုနေတယ်။ ဒီတော့ ဝန်ထမ်းတွေ ကို ပြန်စစ်ခိုင်း လိုက်တယ်။ ဒု တပ်ကြပ် လူစစ်တော့ အခန်း ၂၂ က အရင်အတိုင်းပဲ ပြန်ဖြေတယ်။နောက်ဆုံး မသင်္ကာလို့ ဓာတ်မီးနဲ့ ထိုးကြည့်တော့မှ လူတစ်ယောက် မှမရှိတာကို တွေ့ရပြီး အကျဉ်း ဦးစီး ဒုတပ်ကြပ်လည်း အတော် ထိတ်လန့်သွားတယ်လို့ ကြားခဲ့ဖူး ပါတယ်။ကိုညွန့်တင်ကို ကြိုးပေးမယ့် ညကတော့ အကျဉ်းဦးစီးဝန်ထမ်း တွေကတော့ အရေးကြီးတဲ့အချိန် ဖြစ်လို့ အားလုံးကို Stand By လုပ်ပြီး တပ်လှန့်ထားပါတယ်။

ညဦးပိုင်းရောက်တဲ့အခါမှာတော့ ကိုညွန့်တင်က ဝန်ထမ်းကို လှမ်း ခေါ်ပြီး သူ ကျားထိုးချင်ကြောင်း ပြောပါတယ်။ တာဝန်ကျဝန်ထမ်း တွေကတော့ မနက်ဖြန် ကြိုးပေး တော့မယ့် သေဒဏ်အကျဉ်းသား တစ်ယောက်နဲ့ ကျားထိုးဖို့ဝန်လေး နေကြပါတယ်။ ဘယ်သူမှ ခိုင်းလို့ မရပါဘူး။နောက်ဆုံး တိုက်တာဝန်ကျထောင်မှူးက ထောင်ပိုင်ကို အချိန်မတော် သွားသတင်းပို့ရင် အဆဲခံရမှာ စိုးတဲ့အတွက် သူ ကိုယ်တိုင်ပဲ ကိုညွန့်တင်နဲ့ ကျားထိုးဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ဒါ ကြောင့် ကိုညွန့်တင်ရဲ့အခန်းက ဖျာတွေကို ဖယ်ရှားပြီး သံတိုင် ဟိုဘက်ခြမ်း၊ ဒီဘက်ခြမ်းထိုင်ပြီး ကျားထိုးကြပါတယ်။

ကိုညွန့်တင် က သူတောင်းဆိုလို့ ရထားတဲ့ ငါးသုံးလုံးစီးကရက်ဘူးနဲ့ ထောင် မှူးကို ပြန်ဧည့်ခံပါတယ်။ ကျား ထိုးတဲ့အခါ သူက အရမ်းကောင်းတော့ ထောင်မှူးက ပွဲတိုင်းရှုံးနေတယ်။ နောက်ဆုံးဘေးက ရပ်ကြည့်နေတဲ့ ထောင်ဝါဒါတွေထဲက ကျားထိုးကောင်းတဲ့သူကို ကိုညွန့် တင်က ဖိတ်ခေါ်တယ်။

ဝန်ထမ်း တွေလည်း အကြောက်အလန့် လျော့သွားပြီး ကိုညွန့်တင်နဲ့ကျား ထိုးကြည့်ပါတယ်။ ဒါပေမဲ့ ဘယ် သူနဲ့ပဲ ထိုးထိုး သူကပဲ အနိုင်ယူ သွားပါတယ်။

ကိုညွန့်တင်ကို ကြည့်ရ တာ ကျားထိုးလိုက်၊ ဆေး လိပ်လေး သောက်လိုက်နဲ့ ခပ် အေးအေးပါပဲ။ ဒီလိုနဲ့ တဖြည်း ဖြည်း ညနက်လာပါတယ်။

“ ဒေါင် .. ဒေါင် .. “

ထောင်ဗူးဝဂတ်ကြီးက နံနက် ၂ နာရီသံချောင်းခေါက်သံ ကြား လိုက်ရပါတယ်။ အဲဒီတော့မှ ကို ညွန့်တင်က ခါးဆန့်ပြီး ထောင် မှူးကို လှမ်းပြောပါတယ်။

“ ကဲ..ညဥ့်နက်ပြီ။ တစ်ရေး တမောလောက်တော့ အိပ်ရေး၀၀ အိပ်လိုက်ဦးမယ်။ မနက်ကျလည်း အစောကြီးထပြီး ကြိုးပေးခံရဦး မှာ …”

ကိုညွန့်တင်ရဲ့ စကားကြောင့် အကျဉ်းဦးစီး ဝန်ထမ်းအားလုံး အံ့သြမှင်တက်သွားပါတယ်။ သေခြင်းတရားကို ရင်ဆိုင်ရတဲ့ ကြိုး သမားတွေကို သူတို့လည်း ကြုံ တွေ့ခဲ့ဖူးပါတယ်။ဒါပေမဲ့ ပြည် ပြေး ညွန့်တင်လောက် သေခြင်း တရားကို အေးအေး ဆေးဆေး တည်တည်ငြိမ်ငြိမ် ရင်ဆိုင်နိုင်တဲ့ သူ မတွေ့ဖူးသေးပါဘူး။ကိုညွန့် တင်ကတော့ တကယ် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားပြီး နောက် တစ်နေ့ မနက် ၃ နာရီခွဲမှာ ကြိုးပေးဖို့ အတွက်လာနှိုးမှနိုးပါတယ်။မနက် ထောင်မဖွင့်ခင်မှာ ပြည်ပြေးညွန့်တင်ကို ကြိုးပေး လိုက်ပေမယ့် ထူးထူးခြားခြား ကျီးပြိုသံတောင် လူတွေ သတိ မထားလိုက်မိပါဘူး။

အရာအား လုံး တိတ်တိတ်ဆိတ်ဆိတ် ပါပဲ။ ဒါကြောင့် နိုင်ငံရေးအာဃာတ တွေနဲ့ လူတစ်ယောက် ကြိုးပေး သတ်ခံလိုက်ရတာကိုလည်း သတိ ထားမိတဲ့ အကျဉ်းသား အတော် နည်းတယ်လို့သိလိုက်ရပါတယ်။

ဒါကတော့ သူတို့ပြောတဲ့ ကြိုးတိုက်အတွင်း သေဒဏ်ပေးခံ လိုက်ရတဲ့ ပြည်ပြေးညွန့်တင်ရဲ့ အဖြစ်အပျက် တစ်ခုပါပဲ။

နောက်တစ်ခုကတော့ ..။

ဆက်လက်ဖော်ပြပါမည်။

Credit – ဇော်သက်ထွေး

Add a Comment

Your email address will not be published. Required fields are marked *