ကိုရိုနာဗိုင်းရပ်စ် သံသယလူနာအား ဖုံးကွယ်ထားပါက ထောင်ဒဏ် (၆) လ (သို့) ဒဏ်ေ ငွ (၅၀၀၀၀) ဖြစ်စေ ၊ ဒဏ်နှစ် ရပ်လုံးဖြစ်စေ အရေး ယူခြင်းခံ ရမည်

ကိုရိုနာ ဗိုင်းရပ်စ် ( COVID -19 ) သံသယ လူနာတွေ့လျှင် ချက်ချင်းအကြောင်း မကြားဘဲ ဖုံးကွယ်ထား ပါက ၁၉၉၅ ခုနှစ် ကူးစက် ရောဂါများ ကာကွယ်နှိ မ်နင်းရေး ဥပဒေနှင့် ၂၀၁၁ ကူးစက် ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေအရ ဒဏ်ငွေ ၅၀၀၀၀ ( သို့) ထောင်ဒဏ် ( ၆ ) လ ဖြစ်စေ ၊ ဒဏ်ငွေနှစ်ရပ်လုံးဖြစ်စေ အရေးယူနိုင်ကြောင်း သိ ရ သည် ။

ယနေ့ ( မတ်လ ၁၃ ရက် ) က ကျင်းပ သည့် ကိုရိုနာ ဗိုင်းရပ်စ်နှင့် ပတ်သက် သည့် ဆွေးနွေးပွဲ ၌ ဗဟို ကူးစက်ရောဂါ တိုက်ဖျက်ရေး ဌာနခွဲ ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာဒေါ်ခင်ခင်ကြီးက အထက်ပါ အတိုင်းပြောကြား လိုက်ခြင်းဖြစ် သည် ။

“ဒီရောဂါက ကိုယ့်ဘာသာကိုယ်စစ်ပြီး ကိုယ့်ဘာသာ ကိုယ်ကုလို့ရတဲ့ရောဂါမဟုတ်ဘူး။ ဒီရောဂါကိုတိုင်ကြားရမယ့် ရောဂါအဖြစ် အမိန့်စာလည်းထုတ်ထားပြီးပြီ။ ဒါကိုဖုံးကွယ်ထားလို့မရဘူး။ဖုံးကွယ်ထားတယ်လို့သိရှိလာရင်တော့ ကူးစက်ကာကွယ်နှိမ်နင်းရေးဥပဒေနဲ့ အရေးယူရပါမယ်။ အခုလက်ရှိကျင့်သုံးနေတာက ၁၉၉၅ ခုနှစ် ကူးစက်ကာကွယ်နှိမ်နင်းရေးဥပဒေ ပြီးတော့ အဲဒီ ၁၉၉၅ ခုနှစ် ဥပဒေကိုပြင်ဆင်ထားတဲ့ ၂၀၁၁ ခုနှစ် ကူးစက်ကာကွယ်နှိမ်နင်းရေးဥပဒေကိုသုံးနေတယ်။ ဒီဥပဒေအရ ဖုံးကွယ်ထားတာကို သိရှိရင်တော့ ဒဏ်ငွေ ၅၀၀၀၀ (သို့မဟုတ်) ထောင်ဒဏ်ခြောက်လဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ အရေးယူရမယ်ဆိုပြီး ပါရှိပါတယ်” ဟု ဒေါက်တာ ဒေါ်ခင်ခင်ကြီးက ပြောသည်။

ထို့အပြင် ၎င်းက လွှတ်တော်ကိုတင်သွင်းမည့် ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေးဥပဒေအကြောင်းကို ဆက်လက်ဆွေးနွေးရာမှာ –
“၂၀၀၆ ခုနှစ်ကုန်ထဲကရေးဆွဲထားပြီးတော့ မကြာခင်မှာ လွှတ်တော်ကိုတင်မယ့် ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေးဥပဒေဆိုပြီး အသစ်ရှိပါတယ်။ အဲဒီဥပဒေမှာ စာမျက်နှာ ၂၅ မျက်နှာနဲ့ အခန်း ၁၁ ခန်းပါပါတယ်။ဒီဥပဒေကိုသာအတည်ပြုလိုက်ရင်တော့ ဒီလိုကူးစက်ရောဂါတွေကို နိုင်နိုင်နင်းနင်း နှိမ်နင်းနိုင်မှာပဲဖြစ်ပါတယ်” ဟု ၎င်းကဆွေးနွေးခဲ့သည်။

အဆိုပါ ကူးစက်ရောဂါကာကွယ်နှိမ်နှင်းရေးဥပဒေနှင့်ပတ်သက်ပြီး တရားလွှတ်တော်ရှေ့နေ ဦးအောင်စိုးက –
“ ဒီဥပဒေကတော့ လူတွေနဲ့နည်းနည်းစိမ်းနေတယ်။ ဒါပေမဲ့ ကူးစက်ရောဂါအဖြစ်သတ်မှတ်ပြီးရင်တော့ ဥပဒေအရ အကြုံးဝင်ပါတယ်။ နောက်ပြီး သတင်းပေးတိုင်ကြားနိုင်တဲ့ ဥပဒေလည်း ဖြစ်ပါတယ်။ ရှေ့မှာတုန်းက ပလိပ်ရောဂါလိုမျိုး ကူးစက်တတ်တဲ့ ရောဂါတွေအတွက် ပြဌာန်းထားတာပါ။ တစ်ချို့တွေကျတော့ ကူးစက်ရောဂါရှိရင် ရှက်တယ်။ မိသားစု ၊ ပတ်ဝန်းကျင်ကို ပြောပြတာမျိုးမရှိဘူး။ အဲဒီအကျိုးဆက်က ကူးစက်ရောဂါတွေကို ပိုပြီုးဖြစ်လာစေတယ်” ဟု ၎င်းက ဖေဖော်ဝါရီ ၂၈ ရက်တွင် စံတော်ချိန်သတင်းဌာန၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့ဖူးသည်။

ကူးစက်ရောဂါဖြစ်ပွားမှုရှိလျှင် အိမ်ထောင်ဦးစီးသို့မဟုတ် အိမ်ထောင်စုဝင်တစ်ဦးဦးသည် သက်ဆိုင်ရာ ကျန်းမာရေးဌာန (သို့မဟုတ်) ဆေးရုံသို့ ချက်ခြင်းတိုင်ကြားရမည်ဖြစ်ကြောင်း ၁၉၉၅ ခုနှစ် ကူးစက်ရောဂါများ ကာကွယ်နှိမ်နှင်းရေးဥပဒေတွင် ဖော်ပြထားသည်။

ကိုရိုနာဗိုင်းရပ် (COVID – 19) ကို ကူးစက်ရောဂါများကာကွယ်နှိမ်နှင်းရေးဥပဒေအရ ကူးစက်မြန်သည့်ရောဂါ၊ တိုင်ကြားရမည့် ကူးစက်ရောဂါအဖြစ် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သတ်မှတ်လိုက်ကြောင်း ဖေဖော်ဝါရီလက သတင်းထုတ်ပြန်ထားသည်။

ယနေ့ (မတ်လ ၁၃ ရက်) တွင် နိုင်ငံတော်သမ္မတရုံးကထုတ်ပြန်ထားသည့် ထုတ်ပြန်ချက်တွင် မိမိပတ်ဝန်းကျင်တွင် သံသယလူနာတွေ့ရှိပါက မြို့နယ်၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများမှတစ်ဆင့် နီးစပ်ရာကျန်းမာရေးဌာနများသို့ အမြန်ဆုံးသတင်းပို့ အသိပေးဆောင်ရွက်ကြရန် တိုက်တွန်းနှိုးဆော်ထားသည်။

သတင်း – မိုးသိမ့်နိုင်/စံတော်ချိန်
ဓာတ်ပုံ – မြန်မာနိုင်ငံဆရာဝန်များအသင်း

The Standard Time Daily

ပြန်လည်မျှဝေပေးပါတယ်

Martin Swe

13-03-2020

1

Add a Comment

Your email address will not be published. Required fields are marked *