ေရလွဴ ျခင္း ေၾကာင္႔ အ က်ိဳး ထူး ခဲ႔သူူ(ေရလွဴရျခင္္းအက်ိဳး)

ဗႏၶဳမ တီီ ဆိုတဲ့ ျမိဳ႕မွာေပါ့…..ေသာက္ေရ ခ်ိဳးေရ မ်ား ၀ယ္ၾကအုန္း မလားရွင္ ….အမေလး …. အရွွင္ေနမင္း ကလည္းဆိုိတာေလ ငါ့တစ္ေယာက္ထဲ ကိုမ်ား ကြက္ျပီးပူေနသလား ေအာက္ေမ့ ရတယ္ ပူလိုိက္တာေရ၀ ယ္မယ့္သူက မရွိ ဗိုက္ကဆာ ညည္းေလးရဲ႕ ကံကလည္း ဆိုးလိုက္တာ မိေရသည္ ။

အိုး … တရားစာ ရြြတ္သံေတြပါလား ….

အဟား …. ငါေရာက္ေနတာ သံဃာေတြြ သီတင္းသံုးတဲ့ ေက်ာင္းသခၤန္းေတြရွိတဲ့ ေနရာကိုး ဒါေၾကာင့္ေရ၀ယ္မယ့္သူမရွိတာ … တုံးပါ့ ေအ ။ ေရာက္တုန္းေရာက္ခိုက္ သံဃာေတြကို အျပင္ကေန ဦးခ် ကန္ေတာ့သြား ဦးမွ ….။ ေၾသာ္ ကုသိုိလ္မ်ိဳးေစ့ စိုက္ပ်ိဳးဖိုိ႕ အျမတ္ဆံုး လယ္ေျမျဖစ္တဲ့ သာသနာေတာ္ သံဃာေတာ္ေတြ ဆိုိတာနဲ႕ ၾကံဳၾကိဳက္ေနတာေတာင္ ငါ့မွာ ဘာမ်ိဳးေစ့မွ မခ်နိဳင္ခဲ့ပါလား ….

အမ္မယ္ ညည္းက ၾကီးၾကီးက်ယ္က်ယ္္ မ်ိုးေစ႕မခ်နိဳင္လို႕ ၀မ္းနည္းေနေသးတယ္ိ မ်ိဳးေစ့ခ်ရေအာင္ ညည္းမွာ မ်ဳိးေစ့မွ ရွိမေနတာကို ဘယ္လိုခ်မတုန္း အကုသိုလ္ ၾကီးေလစြ မိေရသည္ ။ သံသရာမွာ ညည္း ဘယ္လို အကုသိုလ္ေတြမ်ားျပဳခဲ့ပါလိမ့္ေအ ။သူမ တစ္ဦးတည္းေရရြြတ္ေနခဲ့တယ္ …။ ျပီးေတာ့သူမဆက္စဥ္းစားတယ္ …..။

မေက်နပ္ဘူးကြာ ….. လံုး၀မတရားဘူး ။ သာသနာေတာ္နဲ႕ ၾကံဳၾကိဳက္ပါလွ်က္နဲ႕ ဆင္းရဲလို႕ ဒါနမ်ိဳးေစ့ခ်ခြင့္မရွိဘူးဆုိတာ အဓိပါယ္ကိုမရွိတာ …။ အိုိ …. ငါလည္း အလုပ္မရွိတိုိင္း ဘာေတြေတြးျပီး မဆိုင္တဲ့ သာသနာကို အျပစ္တင္ေနပါလိိမ့္။ညည္းဗိုက္ဆာလို႕ ရမ္းေနတာမဟုတ္လား မိေရသည္။မဟုတ္ေသးပါဘူး ဒါလံုံး၀ သဘာ၀ မက်ဘူး …

လွဴဖြယ္ မ်ိဳးေစ့ ၀တၳဳဆိုတာ …. ေရႊမွလား … ေငြမွလား …သကၤန္းမွွလား … ဆြမ္္းမွလား … ၀တၳဳမွလား … ဒါေတြရွိမွ ကုသိုလ္ဆိုတဲ့မ်ိဳးေစ့ ဆိုတာကို စိုက္ပ်ိဳးနိဳင္မွာလား … မျဖစ္နိဳင္ဘူး။ ေလာကမွာ … အလွဴခံပုဂၢိဳလ္ရယ္ … ဒါန ဆိုတဲ့ … ျပင္းျပစြာ လွဴခ်င္တဲ့ စိိတ္ရယ္ … ဒီႏွစ္မ်ိဳးသာ ျပည့္စံုပါေစ … သန္႕ရွင္း စင္ၾကယ္တဲ့ ဘယ္အလွဴ၀တၳဳကို လွဴလွဴ … အလွဴဒါနဆိုတာ ျဖစ္တာပဲကို ဟြန္း …။

ဒီေတာ့ အခု အလွဴခံ ပုဂၢိဳလ္ သံဃာေတာ္ေတြ ရွိေနတယ္ … ငါ့မွာလွဴလိုတဲ့စိိတ္လဲ ျပင္းျပစြာ ရွိေနတယ္ … အလွဴ၀တၳဳ မရွိတာနဲ႕ …. ငါ့ဘ၀မွာ ဒါန ဆိုတာဆိတ္သုန္းရမွာလား … ဆိုးလိုက္တဲ့ ဘ၀ … မတရားလိုက္တဲ့ေလာက ။ မုန္းလိုက္တာေအ။ အင္း …. အလွဴ၀တၳဳ အလွဴ၀တၱဳဆိုေတာ့ ငါ့မွာ လွဴနိဳင္တာ ဘာရွိိလဲ …. စဥ္းစားစမ္း….

ငါလိုေရသည္မတစ္ေယာက္က … ေရသည္မ …. ေရ … ေရ …. ငါခပ္ေနတဲ့ေရ … ဟုတ္တယ္္ … ေရဟာ အလွဴ၀တၳဳမဟုတ္ရင္ဘာလဲ … ေရဟာ အလွဴ ၀တၳဳ စစ္စစ္ပဲ …. ငါေရလွဴမယ္ … ငါဒီေန႕ကစျပီး ေရလွဴမယ္ ….. ေရ းးးးးးးးး …. ဒီေန႕ကစျပီးငါေရလွဴမယ္ေဟ့ ….

သူမ အၾကပ္အတည္းတစ္ခုက လြတ္ေျမာက္သြားသလို ၀မ္းသာအားရ အသံကုန္ေအာင္ျပီး ေပ်ာ္ရႊင္စြာ ကခုန္ေျပးသြားတယ္ … ေက်ာင္းသကၤန္းထဲက တရားရြတ္သံ သူမေအာ္သံေၾကာင့္ ေခတၱတိိတ္ဆိတ္သြားတယ္ …။ အဲံ့ဒိေန႕ကစျပီး ေရသည္မေလးဟာ သူ႕အသက္ထက္ဆံုး ေန႕စဥ္နံက္ အာရံုမတက္ခင္ အေစာၾကီး ထျပီးသံဃာေတာ္မ်ားေရသပၸါယ္တဲ့ … ေရခ်ိဳးအိမ္ထဲ ေန႕စဥ္ ေရအျပည့္ ျဖည့္ခဲ့တယ္။တစ္ရက္မွမပ်က္ခဲ့ဘူး ….

ဒီလိုနဲ႕ သူမဟာေသလြန္ျပီး ( ၉၁ ) ကမာၻအထက္္ ဘဒၵကမာၻ နဴးတို႕ ေဂါတမ ဘုရားရွွင္လက္ထက္မွာ ပဋိသမၻိဒါပတၱ ဆဠာဘိိည အျမင့္ဆံုး အဘိိညာဥ္ရ ရဟႏာၱမ အျဖစ္နဲ႕ အာသေ၀ါ ကုန္ခမ္း ကၽြတ္တမ္း ၀င္ စံရပါတယ္ ….. ဘြဲ ႕ေတာ္က … ဥဒကဒါယိကာ ေထရီ တဲ့ …. ေထရီဟာ … သူ႕ရဲ႕အတိတ္ဘ၀ကိုၾကည့္လိုက္တဲ့ အခါမွာ ေရလွဴရတဲ့ ကုသိုလ္ ကံေၾကာင့္ ရဟႏာၱ မျဖစ္ခင္ ရတဲ့ အက်ိဳးေတြကို ျမင္ခဲ့တယ္ သူျမင္ခဲ့ ရခဲ့တဲ့ အက်ိဳးေတြကို ဒီလိုျပန္ေဟာခဲ့တယ္

ငါဟာ တာ၀တံသာနတ္ဘံုကိုေရာက္ရတယ္္ နတ္သမီးတစ္ေထာင္တိုိ႕တြင္အျမတ္ဆံုးျဖစ္တယ္ နတ္သမီးအားလံုးတိုိ႕ကို အာယု ၀ဏၰ သုခ ယသ အဓိပေတယ် ရူပ သဒၵ ဂႏၶ ရသ ေဖာဌဗၺ ဆိုတဲ့ အေၾကာင္း တရား ဆယ္ပါးတို႕ျဖင့္လႊမ္းမိုးရတယ္ … ငါးက်ိိပ္ေသာ နတ္မင္း တို႕ရဲ႕ မိဖုရား ၊နွစ္က်ိပ္ေသာ စၾက၀ေတးမင္းတို႕ရဲ႕မိဖုရားၾကီးျဖစ္ခဲ့ရတယ္

ေရလွဴေသာဘ၀မွစျပီး အပါယ္္ ေလးပါးမလား၊ လူ႕ဘ၀နွင့္နတ္ဘ၀မွာသာ က်င္လည္ ခဲ့ရဖူးတယ္ ၊ မည္သည့္ဘ၀ မည္သည့္ေနရာတြက္မဆို ငါ ေရလိုလွ်င္ ခ်က္ခ်င္း ရခဲ့တယ္ …. မိုးမရြာတဲ့အရပ္ ..က်ိဳက္က်ိဳက္ဆူပူျပင္းတဲ့အရပ္မွာ ငါမျဖစ္ခဲ့ဖူးဘူး … ငါ့ကိုိယ္မွာ ပူေလာက္ျခင္း အိုက္စပ္ျခင္း ျမဴ အညစ္အေၾကး မျဖစ္ခဲ့ ဘူး … ေရလွဴခဲ့ဖူးလို႕ ငါ့ရဲ႕စိတ္ဟာ ဘ၀ ဘ၀တိုင္း အလြန္စင္ၾကယ္ခဲ့တယ္ … ယုတ္မာတဲ့စိတ္ မျဖစ္ခဲ့ဖူးဘူး..

ယၡဳအခါ ဒီေကာင္းမွဳေၾကာင့္ အာသေ၀ါကုန္ခမ္း ရဟႏာၱမ ျဖစ္ခဲ့ရေလျပီလို႕ေဟာၾကားခဲ့ပါတယ္ ….ကဲ … ဒါကေတာ့ပိဋကေတာ္လာ ေရလွဴ ျခင္းအက်ိဳး အေၾကာင္း အပါဒါန္္ ျဖစ္ပါတယ္ …။

အ႐ွင္ဇဝနဉာဏ

Unicode

ဗန္ဓုမတီဆိုတဲ့ မြို့မှာပေါ့…..သောက်ရေ ချိုးရေများ ဝယ်ကြအုန်းမလားရှင် ….အမလေး …. အရှှင်နေမင်းကလည်းဆိုတာလေ ငါ့တစ်ယောက်ထဲကိုများ ကွက်ပြီးပူနေသလား အောက်မေ့ရတယ် ပူလိုက်တာရေဝယ်မယ့်သူက မရှိ ဗိုက်ကဆာ ညည်းလေးရဲ့ ကံကလည်းဆိုးလိုက်တာ မိရေသည် ။

အိုး … တရားစာရွတ်သံတွေပါလား ….

အဟား …. ငါရောက်နေတာ သံဃာတွေ သီတင်းသုံးတဲ့ ကျောင်းသင်္ခန်းတွေရှိတဲ့ နေရာကိုး ဒါကြောင့်ရေဝယ်မယ့်သူမရှိတာ … တုံးပါ့ အေ ။ ရောက်တုန်းရောက်ခိုက် သံဃာတွေကို အပြင်ကနေ ဦးချ ကန်တော့သွား ဦးမှ ….။ သြော် ကုသိုလ်မျိုးစေ့ စိုက်ပျိုးဖို့ အမြတ်ဆုံး လယ်မြေဖြစ်တဲ့ သာသနာတော် သံဃာတော်တွေ ဆိုတာနဲ့ ကြုံကြိုက်နေတာတောင် ငါ့မှာ ဘာမျိုးစေ့မှ မချနိုင်ခဲ့ပါလား ….

အမ်မယ် ညည်းက ကြီးကြီးကျယ်ကျယ် မျိုးစေ့မချနိုင်လို့ ဝမ်းနည်းနေသေးတယိ မျိုးစေ့ချရအောင် ညည်းမှာ မျိုးစေ့မှ ရှိမနေတာကို ဘယ်လိုချမတုန်း အကုသိုလ် ကြီးလေစွ မိရေသည် ။ သံသရာမှာ ညည်း ဘယ်လို အကုသိုလ်တွေများပြုခဲ့ပါလိမ့်အေ ။သူမ တစ်ဦးတည်းရေရွတ်နေခဲ့တယ် …။ ပြီးတော့သူမဆက်စဉ်းစားတယ် …..။

မကျေနပ်ဘူးကွာ ….. လုံးဝမတရားဘူး ။ သာသနာတော်နဲ့ ကြုံကြိုက်ပါလျှက်နဲ့ ဆင်းရဲလို့ ဒါနမျိုးစေ့ချခွင့်မရှိဘူးဆိုတာ အဓိပါယ်ကိုမရှိတာ …။ အို …. ငါလည်း အလုပ်မရှိတိုင်း ဘာတွေတွေးပြီး မဆိုင်တဲ့ သာသနာကို အပြစ်တင်နေပါလိမ့်။ညည်းဗိုက်ဆာလို့ ရမ်းနေတာမဟုတ်လား မိရေသည်။မဟုတ်သေးပါဘူး ဒါလုံံး၀ သဘာ၀ မကျဘူး …

လှူဖွယ် မျိုးစေ့ ဝတ္ထုဆိုတာ …. ရွှေမှလား … ငွေမှလား …သင်္ကန်းမှှလား … ဆွမ်းမှလား … ဝတ္ထုမှလား … ဒါတွေရှိမှ ကုသိုလ်ဆိုတဲ့မျိုးစေ့ ဆိုတာကို စိုက်ပျိုးနိုင်မှာလား … မဖြစ်နိုင်ဘူး။ လောကမှာ … အလှူခံပုဂ္ဂိုလ်ရယ် … ဒါန ဆိုတဲ့ … ပြင်းပြစွာ လှူချင်တဲ့ စိတ်ရယ် … ဒီနှစ်မျိုးသာ ပြည့်စုံပါစေ … သန့်ရှင်း စင်ကြယ်တဲ့ ဘယ်အလှူဝတ္ထုကို လှူလှူ … အလှူဒါနဆိုတာ ဖြစ်တာပဲကို ဟွန်း …။

ဒီတော့ အခု အလှူခံ ပုဂ္ဂိုလ် သံဃာတော်တွေ ရှိနေတယ် … ငါ့မှာလှူလိုတဲ့စိတ်လဲ ပြင်းပြစွာ ရှိနေတယ် … အလှူဝတ္ထု မရှိတာနဲ့ …. ငါ့ဘဝမှာ ဒါန ဆိုတာဆိတ်သုန်းရမှာလား … ဆိုးလိုက်တဲ့ ဘ၀ … မတရားလိုက်တဲ့လောက ။ မုန်းလိုက်တာအေ။ အင်း …. အလှူဝတ္ထု အလှူဝတ္တုဆိုတော့ ငါ့မှာ လှူနိုင်တာ ဘာရှိလဲ …. စဉ်းစားစမ်း….

ငါလိုရေသည်မတစ်ယောက်က … ရေသည်မ …. ရေ … ရေ …. ငါခပ်နေတဲ့ရေ … ဟုတ်တယ် … ရေဟာ အလှူဝတ္ထုမဟုတ်ရင်ဘာလဲ … ရေဟာ အလှူ ဝတ္ထု စစ်စစ်ပဲ …. ငါရေလှူမယ် … ငါဒီနေ့ကစပြီး ရေလှူမယ် ….. ရေ းးးးးးးးး …. ဒီနေ့ကစပြီးငါရေလှူမယ်ဟေ့ ….

သူမ အကြပ်အတည်းတစ်ခုက လွတ်မြောက်သွားသလို ဝမ်းသာအားရ အသံကုန်အောင်ပြီး ပျော်ရွှင်စွာ ကခုန်ပြေးသွားတယ် … ကျောင်းသင်္ကန်းထဲက တရားရွတ်သံ သူမအော်သံကြောင့် ခေတ္တတိတ်ဆိတ်သွားတယ် …။ အဲံ့ဒိနေ့ကစပြီး ရေသည်မလေးဟာ သူ့အသက်ထက်ဆုံး နေ့စဉ်နံက် အာရုံမတက်ခင် အစောကြီး ထပြီးသံဃာတော်များရေသပ္ပါယ်တဲ့ … ရေချိုးအိမ်ထဲ နေ့စဉ် ရေအပြည့် ဖြည့်ခဲ့တယ်။တစ်ရက်မှမပျက်ခဲ့ဘူး ….

ဒီလိုနဲ့ သူမဟာသေလွန်ပြီး ( ၉၁ ) ကမ္ဘာအထက် ဘဒ္ဒကမ္ဘာ နူးတို့ ဂေါတမ ဘုရားရှှင်လက်ထက်မှာ ပဋိသမ္ဘိဒါပတ္တ ဆဠာဘိည အမြင့်ဆုံး အဘိညာဉ်ရ ရဟန္တာမ အဖြစ်နဲ့ အာသဝေါ ကုန်ခမ်း ကျွတ်တမ်း ဝင် စံရပါတယ် ….. ဘွဲ့တော်က … ဥဒကဒါယိကာ ထေရီ တဲ့ …. ထေရီဟာ … သူ့ရဲ့အတိတ်ဘဝကိုကြည့်လိုက်တဲ့ အခါမှာ ရေလှူရတဲ့ ကုသိုလ် ကံကြောင့် ရဟန္တာ မဖြစ်ခင် ရတဲ့ အကျိုးတွေကို မြင်ခဲ့တယ် သူမြင်ခဲ့ ရခဲ့တဲ့ အကျိုးတွေကို ဒီလိုပြန်ဟောခဲ့တယ်

ငါဟာ တာဝတံသာနတ်ဘုံကိုရောက်ရတယ် နတ်သမီးတစ်ထောင်တို့တွင်အမြတ်ဆုံးဖြစ်တယ် နတ်သမီးအားလုံးတို့ကို အာယု ဝဏ္ဏ သုခ ယသ အဓိပတေယျ ရူပ သဒ္ဒ ဂန္ဓ ရသ ဖောဌဗ္ဗ ဆိုတဲ့ အကြောင်း တရား ဆယ်ပါးတို့ဖြင့်လွှမ်းမိုးရတယ် … ငါးကျိပ်သော နတ်မင်း တို့ရဲ့ မိဖုရား ၊နှစ်ကျိပ်သော စကြဝတေးမင်းတို့ရဲ့မိဖုရားကြီးဖြစ်ခဲ့ရတယ်

ရေလှူသောဘဝမှစပြီး အပါယ် လေးပါးမလား၊ လူ့ဘဝနှင့်နတ်ဘဝမှာသာ ကျင်လည် ခဲ့ရဖူးတယ် ၊ မည်သည့်ဘ၀ မည်သည့်နေရာတွက်မဆို ငါ ရေလိုလျှင် ချက်ချင်း ရခဲ့တယ် …. မိုးမရွာတဲ့အရပ် ..ကျိုက်ကျိုက်ဆူပူပြင်းတဲ့အရပ်မှာ ငါမဖြစ်ခဲ့ဖူးဘူး … ငါ့ကိုယ်မှာ ပူလောက်ခြင်း အိုက်စပ်ခြင်း မြူ အညစ်အကြေး မဖြစ်ခဲ့ ဘူး … ရေလှူခဲ့ဖူးလို့ ငါ့ရဲ့စိတ်ဟာ ဘ၀ ဘဝတိုင်း အလွန်စင်ကြယ်ခဲ့တယ် … ယုတ်မာတဲ့စိတ် မဖြစ်ခဲ့ဖူးဘူး..

ယ္ခုအခါ ဒီကောင်းမှုကြောင့် အာသဝေါကုန်ခမ်း ရဟန္တာမ ဖြစ်ခဲ့ရလေပြီလို့ဟောကြားခဲ့ပါတယ် ….ကဲ … ဒါကတော့ပိဋကတော်လာ ရေလှူ ခြင်းအကျိုး အကြောင်း အပါဒါန် ဖြစ်ပါတယ် …။

အရှင်ဇဝနဉာဏ

Add a Comment

Your email address will not be published. Required fields are marked *