နိုင္ငံေပါင္း ( ၄၉ ) ခု ရွိ ေက်ာင္းမ်ားအား COVID 19 ဗိုင္းရပ္ေၾကာင့္ ပိတ္လိုက္ရဟု ထုတ္ျပန္

ကိုရိုနာဗိုင္းရပ္္စ္္ျပန႔္ပြား မႈေၾကာင့္ ကမၻာအႏွံ့ စာသင္္ေက်ာင္းေတြ ကို တစိတ္္တပိုင္းျဖစ္္ေစ ၊ တစ္နိုင္ငံလုံး အတိုင္းအတာ နဲ႔ ျဖစ္ေစ ပိတ္္ထားရတဲ့ နိုင္္ငံေပါင္း(၄၉) နိုင္ငံ ရွိၿပီလို႔ ကုလသမဂၢပညာေရး သိပၸံပညာနဲ႔ယဥ္ေက်းမႈအဖြဲ႕ႀကီး ယူနက္စကိုရဲ့ မတ္္(၁၃)ရက္္ ထုတ္ျပန္္ခ်က္္မွာ ေဖာ္ျပထား ပါတယ္ ။ ဒီနိုင္ငံေတြ မွာ အစိုးရေတြ က ဗိုင္းရပ္္စ္ျပန႔္ပြား မႈ ထိန္းခ်ဳပ္္နိုင္္ဖို႔ လူစုေဝး ရာေနရာ မွန္သမၽွ ကို ပိတ္္ပင္္ခဲ့ တာေၾကာင့္ အခုဆို ရင္ ေက်ာင္းမတက္္ နိုင္္တဲ့ ကေလး နဲ႔ တကၠ သိုလ္ ေက်ာင္းသား ဦးေရေပါင္းဟာ (၃၉၁) သန္းေက်ာ္ေလာက္ ရွိမယ္ လို႔ ယူနက္စကို က ခန႔္မွန္းထား ပါတယ္။

ဒီအထဲ မွာ ယူနက္္ စကိုရဲ့ ေစာင့္ၾကည့္မႈ အရ (၂၉) နိုင္ငံက တနိုင္ငံလုံးအဆင့္ ေက်ာင္းေတြ အားလုံးကို ပိတ္ထားတာျဖစ္ၿပီး ဒီအတြက္ ကေလးနဲ႔ လူ ငယ္ေပါင္း ၃၅၁ ဒသမ ၅ သန္းဟာ ေက်ာင္းတက္ေရာက္ၿပီး စာသင္ခြင့္ေတြ ဆုံးရႈံးေနရတယ္လို႔ ဆိုပါတယ္။ေနာက္္ ထပ္္ နိုင္ငံေပါင္း (၂၀) ကေတာ့ ေဒသ အလိုက္ ေက်ာင္းေတြ ပိတ္ထားတာမို႔ ဒီကေနလည္း ပညာေရး ျပတ္ေတာက္မယ့္သူေတြ ထပ္မ်ားလာဦးမွာပါ။

ၿဗိတိန္ မက္္ထရို သတင္း ရဲ့ ေဖာ္ျပ ခ်က္ အရေတာ့ ဥေရာပ မွာ ေက်ာင္းေတြ အားလုံး ပိတ္္ထား တဲ့ နိုင္ငံေပါင္းက (၂၉) နိုင္္ငံ ရွိလာ ၿပီျဖစ္္ ၿပီး ဒီထဲ မွာ အယ္လ္္ေဘးနီး ယားကေန ယူကရိန္း အထိ ပါဝင္ေနပါတယ္္။ကိုရိုနာဗိုင္းရပ္္စ္္ ကူးစက္္ မႈ စတင္ျဖစ္ပြား တဲ့ တ႐ုတ္္ နိုင္ငံကေတာ့ ေက်ာင္းမတက္္ ရတဲ့ ေက်ာင္း သားေတြ အမ်ားဆုံး နိုင္ငံ ျဖစ္္ ၿပီး၊ ယူနက္စကို စာရင္း အရ အေျခခံ ပညာအဆင့္္ မွာ ေက်ာင္းသား ဦးေရ (၂၃၃) သန္းေက်ာ္ရွိ ၿပီး ဘြဲ႕ႀကိဳ ဘြဲ႕လြန္အဆင့္္ မွာေတာ့ (၄၂) သန္း ေက်ာ္္ ရွိတယ္္ လို႔ သိရပါတယ္္။

crd:dvb news

Unicode

ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွား မှုကြောင့် ကမ္ဘာအနှံ့ စာသင်ကျောင်းတွေကို တစိတ်တပိုင်းဖြစ်စေ ၊ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဖြစ်စေ ပိတ်ထားရတဲ့ နိုင်ငံပေါင်း(၄၉) နိုင်ငံ ရှိပြီလို့ ကုလသမဂ္ဂပညာရေး သိပ္ပံပညာနဲ့ယဉ်ကျေးမှုအဖွဲ့ကြီး ယူနက်စကိုရဲ့ မတ်(၁၃)ရက် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ဒီနိုင်ငံတွေ မှာ အစိုးရတွေ က ဗိုင်းရပ်စ်ပြန့်ပွား မှု ထိန်းချုပ်နိုင်ဖို့ လူစုဝေး ရာနေရာ မှန်သမျှ ကို ပိတ်ပင်ခဲ့ တာကြောင့် အခုဆို ရင် ကျောင်းမတက် နိုင်တဲ့ ကလေး နဲ့ တက္က သိုလ် ကျောင်းသား ဦးရေပေါင်းဟာ (၃၉၁) သန်းကျော်လောက် ရှိမယ် လို့ ယူနက်စကိုက ခန့်မှန်းထားပါတယ်။

ဒီအထဲ မှာ ယူနက် စကိုရဲ့ စောင့်ကြည့်မှု အရ (၂၉) နိုင်ငံက တနိုင်ငံလုံးအဆင့် ကျောင်းတွေ အားလုံးကို ပိတ်ထားတာဖြစ်ပြီး ဒီအတွက် ကလေးနဲ့ လူ ငယ်ပေါင်း ၃၅၁ ဒသမ ၅ သန်းဟာ ကျောင်းတက်ရောက်ပြီး စာသင်ခွင့်တွေ ဆုံးရှုံးနေရတယ်လို့ ဆိုပါတယ်။နောက် ထပ် နိုင်ငံပေါင်း (၂၀) ကတော့ ဒေသ အလိုက် ကျောင်းတွေ ပိတ်ထားတာမို့ ဒီကနေလည်း ပညာရေး ပြတ်တောက်မယ့်သူတွေ ထပ်များလာဦးမှာပါ။

ဗြိတိန် မက်ထရို သတင်း ရဲ့ ဖော်ပြ ချက် အရတော့ ဥရောပ မှာ ကျောင်းတွေ အားလုံး ပိတ်ထား တဲ့ နိုင်ငံပေါင်းက (၂၉) နိုင်ငံ ရှိလာ ပြီဖြစ် ပြီး ဒီထဲ မှာ အယ်လ်ဘေးနီး ယားကနေ ယူကရိန်း အထိ ပါဝင်နေပါတယ်။ကိုရိုနာဗိုင်းရပ်စ် ကူးစက် မှု စတင်ဖြစ်ပွား တဲ့ တရုတ် နိုင်ငံကတော့ ကျောင်းမတက် ရတဲ့ ကျောင်း သားတွေ အများဆုံး နိုင်ငံ ဖြစ် ပြီး၊ ယူနက်စကို စာရင်း အရ အခြေခံ ပညာအဆင့် မှာ ကျောင်းသား ဦးရေ (၂၃၃) သန်းကျော်ရှိ ပြီး ဘွဲ့ကြို ဘွဲ့လွန်အဆင့် မှာတော့ (၄၂) သန်း ကျော် ရှိတယ် လို့ သိရပါတယ်။

crd:dvb news

Add a Comment

Your email address will not be published. Required fields are marked *