COVID-19 ဗိုင္းရပ္စ္ ကာကြယ္ေဆးကို လူႏွင့္ စတင္စမ္းသပ္ေတာ့မည္ ဟု အေမရိကန္ အစိုးရ က အတည္ျပဳ

ကမာၻ တစ္လႊား ကို႐ိုနာ ဗိုင္းရပ္စ္ကူးစက္ ပ်ံ႕ႏွံ႔မႈ စိုးရိမ္ရေလာက္ သည္ အထိ ျမင့္တက္ လာခ်ိန္ တြင္ အားတက္ စရာသတင္း အျဖစ္ ကာကြယ္ ေဆးစမ္း သပ္မႈ ကို ေနာက္ တစ္ဆင့္ တိုးလုပ္ေဆာ င္ႏိုင္ေတာ့ မည္ ဟု သိရ သည္္။

ကို႐ိုနာ ဗိုင္းရပ္စ္္ ကာကြယ္ေဆးစမ္းသပ္မႈကို အဆင့္ဆင့္ လုပ္ခဲ့ရာ တြင္ တနလၤာေန ႔၌ လူကို စမ္းသပ္မည့္ အဆင့္သို႔ေရာက္လာၿပီဟု အေမရိကန္အစိုးရက အတည္ျပဳခဲ့သည္။အဆိုပါစမ္းသပ္မႈကို ဆီယက္တယ္ၿမိဳ႕က (Kaiser Permanente Washington Health Research Institute) တြင္ ျပဳလုပ္မည္ျဖစ္ ၿပီး အမ်ိဳးသား က်န္းမာေရးအဖြဲ႕အစည္းကအဓိကေက်ာေထာက္ ေနာက္ခံေပးထားသည္ဟုသိရသည္။

သို႔ေသာ္ လည္း အာမခံခ်က္အျပည့္ေပးႏိုင္သည့္ ကာကြယ္ေဆးထုတ္ လုပ္ရန္ မွာ တစ္ႏွစ္မွ ၁၈ လအထိအခ်ိန္ယူရဖြယ္ရွိေနေသးသည္ဟု ျပည္သူ႔ က်န္းမာေရးအႀကီးအကဲမ်ားကေျပာထားသည္။ စမ္းသပ္မႈကို အသက္(၄၅)ႏွစ္အ႐ြယ္ ေစတနာ့ဝန္ထမ္း ႏွင့္စတင္မည္ျဖစ္ၿပီး စမ္းသပ္ကာကြယ္ေဆးေၾကာင့္ ဗိုင္းရပ္စ္ ကူးစက္ခံရမႈမ်ိဳးေတာ့ရွိမည္ မဟုတ္ေပ။

ကမာၻတစ္ လႊား သုေတသန အဖြဲ႕အစည္းဒါဇင္ေပါင္းမ်ားစြာသည္ Covid-19ဗိုင္းရပ္စ္ကာကြယ္ေဆးႏွင့္ကုသေဆးေဖာ္ထုတ္ရန္ အျပင္း အထန္ႀကိဳးစားေနၾကေသာ္ လည္း အာမခံခ်က္ အျပည့္ ေပးႏိုင္သည့္ ကာကြယ္ေဆးမ်ိဳးေဖာ္ထုတ္ႏိုင္ရန္ကို မူ အခ်ိန္ယူရန္ လိုအပ္ေနသည္္။

crd:The standard Time

Unicode

ကမ္ဘာ တစ်လွှား ကိုရိုနာ ဗိုင်းရပ်စ်ကူးစက် ပျံ့နှံ့မှု စိုးရိမ်ရလောက် သည် အထိ မြင့်တက် လာချိန် တွင် အားတက် စရာသတင်း အဖြစ် ကာကွယ် ဆေးစမ်း သပ်မှု ကို နောက် တစ်ဆင့် တိုးလုပ်ဆော င်နိုင်တော့ မည်ဟု သိရ သည်။

ကိုရိုနာ ဗိုင်းရပ်စ် ကာကွယ်ဆေးစမ်းသပ်မှု ကိုအဆင့်ဆင့်လုပ်ခဲ့ရာတွင် တနင်္လာနေ့၌ လူကို စမ်းသပ်မည့် အဆင့်သို့ရောက်လာပြီဟု အမေရိကန်အစိုးရက အတည်ပြုခဲ့သည်။အဆိုပါစမ်းသပ်မှုကို ဆီယက်တယ်မြို့က (Kaiser Permanente Washington Health Research Institute) တွင် ပြုလုပ်မည်ဖြစ် ပြီး အမျိုးသား ကျန်းမာရေးအဖွဲ့အစည်းကအဓိကကျောထောက် နောက်ခံပေးထားသည်ဟုသိရသည်။

သို့သော် လည်း အာမခံချက်အပြည့်ပေးနိုင်သည့် ကာကွယ်ဆေးထုတ် လုပ်ရန် မှာ တစ်နှစ်မှ ၁၈ လအထိအချိန်ယူရဖွယ်ရှိနေသေးသည်ဟု ပြည်သူ့ ကျန်းမာရေးအကြီးအကဲများကပြောထားသည်။ စမ်းသပ်မှုကို အသက်(၄၅)နှစ်အရွယ် စေတနာ့ဝန်ထမ်း နှင့်စတင်မည်ဖြစ်ပြီး စမ်းသပ်ကာကွယ်ဆေးကြောင့် ဗိုင်းရပ်စ် ကူးစက်ခံရမှုမျိုးတော့ရှိမည် မဟုတ်ပေ။

ကမ္ဘာတစ် လွှား သုတေသန အဖွဲ့အစည်းဒါဇင်ပေါင်းများစွာသည် Covid-19ဗိုင်းရပ်စ်ကာကွယ်ဆေးနှင့်ကုသဆေးဖော်ထုတ်ရန် အပြင်း အထန်ကြိုးစားနေကြသော် လည်း အာမခံချက် အပြည့် ပေးနိုင်သည့် ကာကွယ်ဆေးမျိုးဖော်ထုတ်နိုင်ရန်ကို မူ အချိန်ယူရန် လိုအပ်နေသည်။

crd:The standard Time

Add a Comment

Your email address will not be published. Required fields are marked *