နံမည်ကြီးချင်ကြသောအခါ .. ” CORONAVIRUS CHALLENGE ” ဟုဆိုကာ အိမ်သာကိုလျှာဖြင့် လျက်ပြ ( ဗီဒီယိုဖိုင် )

ယ နေ့ခေတ် social media ပေါ်မှာ အတော်လေး နာမည်ကြီးချင်ကြတဲ့ တစ်ချို့သောသူတွေ ရဲ့လုပ်ရပ်တွေကြောင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံမှု ကို တွန်းအားပေး သလိုဖြစ်နေခဲ့ ပါ တယ် ။ မကြာသေးခင် က Tik tok user တစ်ယောက်ဖြစ်တဲ့ မိန်းမငယ်လေးတစ်ယောက်ဟာ ” coronavirus challenge ” ဆိုပြီး မတ်လ 15 ရက်နေ့က လေယာဉ်ပေါ် က အိမ်သာခွက် ကို လျှာနဲ့လျက်ပြ ခဲ့ ပါ တယ် ။

1

Louise အမည်ရှိတဲ့ အဆိုပါမိန်းမငယ်လေးဟာ ချက်ချင်းကို နိုင်ငံတကာမှာ အတော်လေးနာမည်ကြီးသွားခဲ့ပြီး သူမရဲ့ video ကို twitter မှာ ပြန်လည်ဝေမျှသူ အများအပြားရှိခဲ့ပါတယ် ။ သို့ပေမဲ့လည်း သူမရဲ့မိုက်ရူးရဲဆန်လွန်းတဲ့ လုပ်ရပ်ဟာ ရောဂါကူးစက်ပျံ့နှံ့မှုကို တွန်းအားပေးနေသလိုဖြစ်စေခဲ့တဲ့အတွက် လူအများရဲ့ပစ်တင်ဝေဖန်မှုကို ခံခဲ့ရပါတယ် ။

2

သူမရဲ့ video ကို Tik Tok က ပြန်လည်ဖျက်ချပစ်ခဲ့ပေမဲ့လည်း သူမရဲ့သူငယ်ချင်းဖြစ်သူတစ်ဦးက #coronavirusChallenge ဆိုပြီး တံခါးရဲ့လက်ကိုင်ဘုကို လျှာနဲ့လျက်ပြနေတဲ့ video ကို ပြန်တင်ခဲ့ပါတယ် ။

၎င်းတို့ကတော့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုမရှိခဲ့ဘူးဆိုပြီး ပြုံးပျော်ကာ နာမည်ကြီးဖို့အတွက်သာ အရူးအမူးဖြစ်နေခဲ့ကြပေမဲ့လည်း အဆိုပါလုပ်ရပ်မျိုးကို လိုက်လံတုပပြီးပြုလုပ်ခြင်းက ဗိုင်းရပ်စ်ကူးစက်မှုကို တွန်းအားပေးနေသလိုဖြစ်စေခဲ့၍ လူအများကို အတော်လေးစိတ်ဆိုးဒေါသ ထွက်စေလျက်ရှိပါတယ် ။

လေးစားစွာဖြင့် ခရစ်ဒက် ……(Mckzone Daily)

Add a Comment

Your email address will not be published. Required fields are marked *