အခု တစ်လော မြန်မာနိုင်ငံသားဖြစ်ရတာ ဘယ်နားရောက်ရောက် မျက်နှာပွင့်နေတဲ့ အကြောင်း အရင်း…… သီချင်းလေးတောင် ဆို လိုက်သေး ” BEAUTIFUL MYANMAR, GOLDEN LAND MYANMAR 🇲🇲 “ အို ဘာ တဲ့

အရင် ပတ်စ်ပို့ အနီနဲ့ မို့ မျက်နှာငယ်နေရ တဲ့ ဘဝကနေ အခု တစ်လော မြန်မာနိုင်ငံသားဖြစ်ရတာ ဘယ်နား ရောက်ရောက် မျက်နှာပွင့်နေ တဲ့ အကြောင်း အရင်း……

အရင် ကများ ဆို သူများနိုင်ငံဝင်ရင် ပက်စ်ပို့အနီနဲ့ ဆို မျက်နှာငယ်နေရတဲ့ဘဝကနေ အခုတော့ ဆရာကြီးဖြစ်လာပြီ ရင်ကော့ ခေါင်းမော့ပြီး ရောဂါကင်းစင်တဲ့ နိုင်ငံက လာတာကွ လို့ လုပ်လို့ရနေပြီ…အရင်က ခေါင်းမော်ပြီး နိုင်ငံကြီးက ကွလို့ လုပ်ချင် တဲ့ တရုတ်တွေ ကိုရီးယားတွေ ဥရောပက လူတွေ ဆို ခုနေ လေဆိပ်မှာ ခပ် ကုပ်ကုပ်လေး…

တစ်သက်လုံး ဘာနဲ့ ကြွားလို့ ကြွားရမှန်းမသိတဲ့ ကိုယ်တွေရွှေမြန်မာတို့ ခုတော့ မြောက်ကြွမြောက်ကြွနဲ့…

တရုတ်ကထုတ်သမျှ ခဏလေးနဲ့ပျက်တဲ့ အတုမှန်သမျှ ကို ဒိုင်ခံမိနေတဲ့ ကိုယ်တွေနိုင်ငံ အခုတော့ ဒီ တာရှည်ခံတဲ့ Made In China ကြီးကို ခပ်ဝေးဝေးက ကြည့်နိုင်ပြီ…မောင်တရုတ်တို့ ဒီတစ်ခါ ကိုယ်တွေကို ဂျင်းထည့်လို့မရတော့ဘူး…

ဟုတ်သော်ရှိမဟုတ်သော်ရှိ ကိုယ့်ဘာသာတော့ ကိုရိုနာပြီးနေတဲ့ လူမျိုးလိုလို ကိုယ့်နိုင်ငံကလူတွေသွေးလေးဘာလေး ယူပြီး ဆေးဖော်ကြည့်ကြပါလားလို့ အကြံပေးချင်သလိုလို…

မဖြစ်သေးတာလားလို့မသိပေမယ့် ကိုယ်တွေကတော့ မဖြစ်ကိုမဖြစ်တဲ့ လူမျိုးဆိုပြီးကို ဂုဏ်ဆာနေတာ…တစ်သက်လုံးကိုက်ဖူးတဲ့ ခြင်တွေကိုပဲ ကျေးဇူးတင်ရမလိုလို မြန်မာပြည်မှာမွေးပေးတဲ့ မိဘနှစ်ပါးကိုပဲ ကျေးဇူးတင်ရမလိုလို အစိုးရကိုပဲ ကျေးဇူးတင်ရမလိုလိုနဲ့ အကယ်ဒမီပေးပွဲကလို ကျေးဇူးတင်ထိုက်သူအားလုံးကို ကျေးဇူးတင်ဆိုပြီးအခြားနိုင်ငံခြားသားတွေနားရောက်ရင် ကိုယ့်မှာ သီချင်းလေးညည်းလို့

” Beautiful Myanmar, Golden Land Myanmar “ အို ဘာတဲ့

~OMG~

လေးစားစွာဖြင့် ခရစ်ဒက် ……မူရင်း

Add a Comment

Your email address will not be published. Required fields are marked *