ပြည်သူများအတွက် MRCCI အသင်း မှ ဦးဆောင် ၍ ဆန်နှင့် ကြက်ဥ များအား သက်သာသော ဈေးနှုန်းဖြင့် မန္တလေး မြို့တွင်း လှည့်လည်ရောင်းချပေးမည်

မန္တလေး အတွက် သတင်းကောင်း ….

ဒါ မျိုး ရန်ကုန် နဲ့ အခြားမြို့တွေမှာလည်း လုပ်ပေးသင့် ပါတယ် ။

MRCCI အသင်း မှ ဦးဆောင် ၍ ဆ န်နှင့် ကြက် ဥများအား သက်သာသော ဈေးနှုန်းဖြင့် မန္တလေး မြို့တွင်း လှည့်လည် ရောင်းချပေးမည်….

COVID-19 ဗိုင်းရပ်စ်ရောဂါအား ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ကမ္ဘာ့ကပ်ရောဂါ (Pandemic) အဖြစ် သတ်မှတ်ကြေငြာခဲ့သည့်အတွက် မန္တလေးတိုင်းဒေသကြီး ကုန်သည် များနှင့် လုပ်ငန်းရှင်များ အသင်း (MRCCI) မှ ဦးဆောင်၍ ညီနောင် စီးပွားရေးဆိုင်ရာ အသင်း အဖွဲ့များ၏ ပူးပေါင်းပါဝင်မှုဖြင့် Covid -19 နှင့် ပတ်သက်၍ရောဂါထိန်းချုပ်ရေးနှင့် ပြည်သူလူထုအတွင်း စိုးရိမ်မှုများကြောင့် အခြေခံ စားသောက်ကုန်များ ဝယ်ယူ စုဆောင်း လျက်ရှိရာ ကုန်ဈေးနှုန်း မြင့်တက်မှုများ မရှိစေရေး၊ ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့် ပြည်သူ များ စိုးရိမ်မှုများ မရှိစေရေးတို့အတွက်အခြေခံ စားသောက် ကုန်များဖြစ်သော ဆန်နှင့် ကြက်ဥများအား မန္တလေးမြို့တွင်းသို့ လှည့်လည်ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း ယမန်နေ့က အဆိုပါ အသင်းရုံး၌ ကျင်းပပြုလုပ်သော အစည်းအဝေးမှ သိရသည်။

1

အဆိုပါ အစည်းအဝေးတွင် MRCCI အသင်း ဥက္ကဋ္ဌ ဦးကျော်မင်းက အဖွင့်အမှာ စကား ပြောကြားပြီး တက်ရောက်လာကြသည့် MRCCI အသင်း EC/CEC များ၊ ညီနောင် အသင်း များမှ တာဝန်ရှိသူများက Covid- 19 နှင့် ပတ်သက်၍ လတ်တလော အခြေအနေများ၊ရောဂါကာကွယ် ထိန်းချုပ်ရေး ဆိုင်ရာများ၊ အခြေခံ စားသောက်ကုန်များဖြစ်သော ဆန်၊ ဆီ၊ ကုလားပဲ ဈေးနှုန်း အခြေအနေများကို နေ့စဉ်အချိန်နှင့်တစ်ပြေးညီ အများပြည်သူ သိရှိနိုင် ရေး ဆောင်ရွက်သွားမည့် အစီအစဉ်များကို ဆွေးနွေးကြသည်။

2

MRCCI အသင်းအနေဖြင့် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ရည်မှန်းချက်များအတိုင်း ပိုမို ထိရောက်မှု ရှိစေရေးအတွက် အမှန်တကယ် လိုအပ်လျက်ရှိနိုင်သော နေရာများတွင် ဆန်နှင့် ကြက်ဥများကိုလာမည့် မ တ် ၁၈ ရက်နေ့မှ စတင်၍ မန္တလေးစက်မှုဇုန်နှင့် ပုသိမ်ကြီး မြို့နယ်များရှိ အခြေခံလုပ်သားများ၊အခြေခံလူတန်းစားများကို လက်ရှိပေါက်ဈေးထက် သက်သာသော ဈေးနှုန်းဖြင့် လှည့်လည် ရောင်းချပေးသွားမည် ဖြစ်ပြီး မန္တလေးခရိုင် အတွင်းရှိ မြို့နယ်အားလုံးတွင် ဆက်လက်ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း MRCCI အသင်း ဒုတိယ ဥက္ကဋ္ဌ ဦးမျိုးကျော်ဝင်း က ပြောကြားသည်။

ထို့ပြင် Covid -19 နှင့် ပတ်သက်၍ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် ပြည်သူလူထုအတွင်း စိုးရိမ်မှုများ မရှိစေရေးတို့အတွက်လည်း သက်ဆိုင်ရာ အသင်းအဖွဲ့များအလိုက် ၎င်းတို့၏ အစီအစဉ်ဖြင့် လက်ဆေးရည်များ ဝေငှခြင်း၊ ကိုယ်အပူချိန် စစ်ဆေးတိုင်းတာပေးခြင်း၊ ပညာပေးပိုစတာများ၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းတို့ကို ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

လေးစားစွာဖြင့် ခရစ်ဒက် ……သန်းဇော်မင်း(ပြန်/ဆက်) မန္တလေးတိုင်းဒေသကြီး

Add a Comment

Your email address will not be published. Required fields are marked *