ကိုရိုနာ ဗိုင်းရပ်စ် COVID-19 နဲ့ ပတ်သတ်ပြီး လှိုင်းပေါ် မှာ ပြန့်နေတဲ့ သတင်း အမှားများ

COVID-19 သတင်း အမှားများ။ ။ Stanford ဆေးရုံဘုတ် အဖွဲ့က ရရှိတဲ့ သတင်း ဆိုပြီး ချစ်ခင်သူတွေ ကို ဖြန့်ဝေပေး ဖို့ အင်တာနက် မှာ ပြန့်နေတာတွေ့ ရ ပါ တယ် ။ Stanford က မဟုတ်ကြောင်းငြင်း ထား ပါ တယ် ။

မနက် ခင်း လကောင်းလေသန့်ရတဲ့ နေရာမှာ 10 စက္ကန့် အသက်အောင့်ထားပြီး အဆုတ်ခဲခြင်း fibrosis ကို စမ်းသပ်နိုင်ပါ သတဲ့ ။ သတင်းမှားပါ။ အမေရိကန် အဆုတ်ဖောင်ဒေးရှင်း American Lung Foundation အဆိုအရ အဆုတ်မှာအမာရွတ်ပေါ်ခြင်းဟာ ရောဂါဝင်ဖူးလို့၊ ဆေးကြောင့်၊ မျိုးရိုးလိုက်လို့နဲ့ တချို့ရောဂါကြောင့် ဖြစ်နို င်ပါ တယ် တဲ့ ။ ဒီနည်းတွေနဲ့ COVID-19 ရှိမရှိ မသိနိုင် ပါ။

သတင်းအမှား

အခုနေအသက်ရှုရခက်နေတိုင်းလည်း COVID-19 လို့ပြော မရပါ ။ ဘာကြော င့် အသက်ရှုရခက် သလဲ ကို အဆုတ် ရောဂါ ဆရာဝန် က အဖြေရှာပေး ပါလိမ့်မယ်။

ဆေးပညာကို အသက် 10 စက္ကန့်အောင့်ပြီး လူပိန်းနည်းနဲ့ မစမ်းသင့်ပါ။ ရေသောက်ခြင်းဖြင့် လည်ချောင်းစိုစွတ်ပြီး virus ကို အစာလမ်းကြောင်းထဲမျောချပါတဲ့။ သတင်းမှားပါ။ အခုအထိ Virus ကို အစာလမ်းကြောင်းထဲပို့ပြီး အစာခြေအက်ဆစ်နဲ့ သတ်နိုင်ကြောင်း သက်သေပြချက်မရှိပါ။ သို့သော် ရေကို လုံလောက်အောင်သောက်ပေးခြင်းဖြင့် ကျန်းမာရေးကောင်းစေပြီး ခံနိုင်ရည်ပိုရှိစေမှာဖြစ်ပါတယ်။

ပါးစပ်ထဲစိုစွတ်အောင် ရေသောက်ခြင်းဖြင့် ရောဂါကူးစက်မှုကို ကာကွယ်ပါတယ်တဲ့။ သတင်းမှားပါ။ ရေသောက်ခြင်းဟာ ကောင်းပါတယ်။ သို့သော် တန်ဆေးလွန်ဘေးပါ။ တနေ့လုံး ပါးစပ်စိုအောင် အဆက်မပြတ် ရေသောက်လွန်းရင်လည်း မကောင်းပါ။ ကိုယ်ပူရှိရင်၊ လှုပ်ရှားမှုများရင်၊ ဝမ်းလျောရင်၊ အန်ရင် ရေပိုသောက်ပေးပါ။

ပြီးတော့ သောက်တဲ့ရေက ပူလျှင်ပိုးကိုပိုသေစေတယ်လို့ထင်ရင် မှားပါတယ်။ ပါးစပ်အရေပြားခံနိုင်တဲ့အပူချိန်ကို ကျော်သွားရင် လောင်ပြီး ရောဂါပိုဝင်လွယ်ပါတယ်။

Virus ဟာ အပူချိန် 26/27 degrees မှာသေနိုင်တယ်။ နေရောင်ကိုကြောက်တယ်တဲ့။ virus ဟာ နေရောင်ခြည်မှာ သေနိုင်တယ်ဆိုပေမယ့် ခရမ်းလွန်ရောင်ခြည်ပေါ်မူတည်ပါတယ်တဲ့။ ခရမ်းလွန်ရောင်ခြည်ဘယ်လောက်ပြင်းအား ဘယ်လောက်လှိုင်းအလျားရမလဲပေါ်မူတည်ပါတယ်။ အပူချိန် 26/27 degrees မှာသေတယ်ဆိုတာလည်းမဟုတ်ပါဘူး။

အပူချိန်ဘယ်လောက်မှာ ဘယ်လောက်ကြာကြာထားရင် သေသလဲနဲ့တွဲပြောရပါတယ်။ ကျနော်တို့ဟာ ကျနော်တို့ချစ်သူတွေကို ကျန်းမာရေးအသိပညာဖြန့်ဝေသင့်ပါတယ်။ ဒါပေမယ့် ခါတော်မှီရောင်ပြန်လွှတ်တဲ့ သတင်းအတုတွေကြောင့် ဘယ်အချက်ကိုလိုက်နာရမလဲ ဝေဝါးသွားစေတတ်တာမို့ Stanford က သတင်းမဟုတ်ပါကြောင်း ရှင်းလင်းလိုက်ပါတယ်။

လေးစားစွာဖြင့် ခရစ်ဒက် …… Richard Myo Thant 16-Mar-2020

Add a Comment

Your email address will not be published. Required fields are marked *